Published_ 24 January 2024
ကုန်းတွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်လာသည်နှင့်အမျှ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် CNG ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရန် စီမံဆောင်ရွက်သွားမှာ ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဋ္ဌာနဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့ပါတယ်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်းစွာ ပိုမို အဆင်ပြေ ချောမွေ့စေရေးအတွက် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့် ပတ်သက်တဲ့ ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲရုံး၌ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ဝန်ကြီး ဦးကိုကိုလွင်က စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စက်သုံးဆီ လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသလို သဘာဝဓာတ်ငွေ့သုံး (CNG) မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့ပိုမို ဖြည့်ဆည်းပေးနိုင်ရန် ကုန်းတွင်း သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက် ရှိတယ်လို့ ပြောပါတယ်။
ခရီးသည်များ ဘေးကင်းလုံခြုံမှုရှိစေရေး၊ CNG ကို သက်သာသော ဈေးနှုန်းဖြင့် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးထားမှုများအပေါ်တွင် ပြည်သူများ အကျိုးခံစားမှု ရှိစေရေး၊ CNG ဝယ်ယူရာတွင် တန်းစီစောင့်ဆိုင်းဝယ်ယူရမှု လျော့ကျသွားစေရေး၊ CNG သည် စက်သုံးဆီများနှင့် နှိင်းယှဉ်ပါက သန့်ရှင်းသော စွမ်းအင်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက် ညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြ သကဲ့သို မိမိတိုနိုင်ငံ၌လည်း တိုးမြှင့်သုံးစွဲနိုင်ရေးတို့ကို ပြောကြားခဲ့ပါတယ်။
သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များကို သယ်ယူပိုဆောင်ရေးကဏ္ဍတွင် စနစ်ကျစွာ အသုံးပြုနိုင်ရေး သက်ဆိုင်ရာ အဖွဲအစည်းအသီးသီးတိုသည် စဉ်ဆက်မပြတ် ထိတွေ့ပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအမံနှင့် အချိန်ဇယား ရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
သီရိခေတ္တရာ ဆင်စခန်းမှာ ပျူမြို့ဟောင်းထဲ ဆင်စီးပြီးလည်ပတ်နိုင်သလို ပျူမြို့ဟောင်း ကို နောက်ခံထားပြီးတော့
ဆင်စီးပြီး မင်္ဂလာဆောင်ဓါတ်ပုံ အလှဓါတ်ပုံတွေ ရိုက်ကူး နိုင်ပါတယ်
Yangon Times/LW
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
သိုလှောင်ရုံတွင် သီးနှံအပ်ပြီး ချေးငွေယူသည့်စနစ်ဖြစ်တဲ့ "သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်" အစီအစဉ်မှာ ပါဝင်ဆောင်ရွက်လိုတဲ့ သိုလှောင်ရုံလုပ်ငန်းရှင်တွေကို အဆိုပြုလွှာတွေ ဖိတ်ခေါ်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားပါတယ်။
Yangon Times/tthl
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
မထွန်မယက်ခြင်း စိုက်ပျိုးခြင်းကြောင့် အချိန်ကုန်သက်သာပြီး လုပ်သားလိုအပ်ချက်နည်းတဲ့အတွက် တောင်သူတွေ အတွက် ပိုမိုအဆင်ပြေနိုင်မှာ ဖြစ်တာကြောင့် ယင်းစိုက်ပျိုး နည်းပညာတွေကို သင်ကြားပေးဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
"ပြာသိုလပြည့်နေ့နံနက်ပိုင်းမှာ သံဃာ တော်အပါး ၃၀ဝ ကျော်တို့ကို ဆွမ်း၊ ငွေသပိတ်လုံး၊ ငွေပဒေသာပင်တွေနဲ့ လှူဒါန်းပူဇော်မည်ဖြစ်ပြီး အခုနှစ်ပွဲတော်မှာ ရိုးရာခြင်းပွဲတွေ ထည့်သွင်းကျင်းပဖို့ရှိတယ်"
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(ပုဂံဌာနခွဲ)၊တာဝန်ခံ ၊ဒုတိယညွှန်ကြားရေးမှူးဦးဝင်းအောင်
Yangon Times/tthl
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 24 January 2024
ရန်ကုန်နှင့်မန္တလေး အမျိုးသားမျက်စိဘဏ်တို့က ၂၀၂၃ ခုနှစ်တွင် လှူဒါန်းရရှိသော မျက်ကြည်လွှာအခု ၈၁ ကို အသုံးပြု၍ လူနာပေါင်း ၁၇၆ ဦးကို မျက်ကြည်လွှာ အစားထိုးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်အမျိုသားမျက်စိဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် လှူဒါန်းရရှိသော မျက်ကြည်လွှာအခု ၅၀ ကို အသုံးပြု၍ လူနာပေါင်း ၁၄၀ ကို မျက်ကြည်လွှာ အစားထိုးကုသမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး မန္တလေးအမျိုးသားမျက်စိဘဏ်က ၂၀၂၃ ခုနှစ်တွင် မျက်ကြည်လွှာ လှူဒါန်းမှု ၃၁ ခုကို အသုံးပြုကာ လူနာပေါင်း ၃၆ ဦးကို အစားထိုးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးသို သွားရောက်၍ ပြင်ပလူနာဌာန၊ အတွင်းလူနာဆောင်၊ Skill Lab၊ မျက်စိစမ်းသပ်ခန်းများ၊ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုပြီး ပြင်ပလူနာများ နေရာကျယ်ဝန်းစွာနှင့် စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်စေရေးအတွက် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ မျက်စိခွဲစိတ်ကုသမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
ဆက်လက်၍ ရန်ကုန်အမျိုးသားမျက်စိဘဏ်၌ မျက်ကြည်လွှာ လှူဒါန်းမှုများ တိုးတက်ရရှိစေရေး၊ မျက်ကြည်လွှာ အစားထိုးကုသမှုကို တိုးတက်ဆောင်ရွက်နိုင်ရန် အတွက်လိုအပ်သော အထူးကုဆရာဝန်၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများနှင့် ပိုမိုကောင်းမွန်သည့် ခွဲစိတ်ကုသမှုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆွေးနွေးဖြည့်ဆည်းခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်အမျိုးသားမျက်စိဘဏ်ကို ၁၉၉၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး တာမွေ မြို့နယ်ရှိ ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီး၏ အပေါ်ဆုံးထပ်တွင်တည်ရှိပြီး အမျိုးသား မျက်စိဘဏ် (မန္တလေး)ကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
မျက်ကြည်လွှာ အစားထိုးခွဲစိတ်ကုသရာတွင် မျက်ကြည်လွှာတစ်ခုကို မျက်စိလူနာ နှစ်ဦးနှင့်အထက် အစားထိုးကုသမှုပေးနိုင်ကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 24 January 2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၊ မဇင်းရပ်ကွက်၊ တိုးချဲ့ (၂)လမ်းရှိ ရာဘာမှိုင်းခံ စက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။
ဇန်နဝါရီ (၂၄) ရက်၊ နံနက် (၁)နာရီ (၃၈) မိနစ်အချိန်ခန့်က ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာရှိ ရာဘာမှိုင်းခံ စက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပဲခူးတိုင်း/ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် (၆)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကို (၁)နာရီနီးပါးခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၂)နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
မီးလောင်သည့် ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 24 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 498 of 1890