#Local_News
Published 14 March 2025
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး တင်လှူ ဆက်ကပ်လှူဒါန်းပွဲနှင့် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချအခမ်းအနားကို ယမန်နေ့က စေတီတော်ရင်ပြင်သတ်မှတ်နေရာများ၌ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့မှ သိရသည်။
▪️ အဆိုပါပွဲတော်အား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ကာ မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီးတင်လှူ ဆက်ကပ်လှူဒါန်းပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်မြောက်ဘက်မုခ်ရှိအောင်မြေ၌ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် ရုံးဝန်ထမ်းများက ဆွမ်းတော်တင်လှူဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
▪️ ထို့နောက် ရွှေတိဂုံစေတီတော်(၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲရေစက်ချအခမ်းအနားကိုရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက် ကျင်းပရာရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
▪️ ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ တိပိဋကဓရ၊တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိကစွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရ ထံမှ ဧည့် ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးကျော်ဇေယျက ဗုဒ္ဓပူဇနိယ မင်္ဂလာအနုမောဒနာ အား လျှောက်ထား ကြောင်းသိရသည်။
▪️ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဂေါပကအဖွဲ့ဝင်များ က လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်) ထံမှဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ ရေစက်ချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်၍ စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 March 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဥ်မှာ ယမန်နေ့ မတ်လ ၁၃ရက် ည၆နာရီ ၅၀မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၇/၃) ဖာလုံကြားတွင် ယာဉ် မတော်တဆမှုဖြစ်ပွားကြောင်းသတင်းရ ဖြူးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် ဖြူးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေးလုပ်ငန်းသွားရောက် ဆောင်ရွက်ခဲ့ရာနေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော၊ YUTONG အမျိုးစား၊ အပြာရောင် Express ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်တွင်တိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း၊ ယာဥ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါ ကျား(၇ဦး၊ မ(၅)ဦး၊ ကလေးကျား(၁)ဦး၊ ပေါင်း(၁၃)ဦးအနက်၊ ကျား(၅)ဦး၊ မ(၄)ဦး၊ ကလေးကျား(၁)ဦး ပေါင်း(၁၀)ဦး၊ မစိုးရိမ်ရထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 March 2025
▪️ ယနေ့ မတ်လ၁၄ရက် နံနက်စောပိုင်းက ဖျာပုံမြို့အနီး အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း သိရသည်။
▪️ မတ်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၆)မိနစ်၊ (၄၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၄၆) မိုင်ခန့် ကွာဝေး သော မြန်မာ့ပင်လယ်ပြင်၊ (ဖျာပုံမြို့၏ တောင်-အရှေ့တောင်ဘက် (၁၀၅)မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၄.၇၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၇)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 12 March 2025
၁။ နေပြည်တော်မဟာသင်္ကြန်ကို ယခင်နှစ်များထက်ပိုခမ်းနားစွာကျင်းပမည်
၂။ သီလဝါအိမ်ရာရှိ အခန်းများအား ယာယီနေထိုင်ခွင့် ထုတ်ပေးမည်
၃။ PJ ပတ်စပို့ဖြင့် ပြည်ပထွက်ခွာမည့်သူများ OWIC ကတ်အပြင် ခွင့်ပြုချက်ပါ ရယူရမည်
၄။ လက်နက်တင်ပို့ရောင်းချမှုအများဆုံးနိုင်ငံအဖြစ် အမေရိကန်ရပ်တည်နေဆဲ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 12 March 2025
▪️ ရန်ကုန်မြို့ ၊မဟာဗန္ဓုလမ်းနှင့်ဗိုလ်ချုပ်လမ်းတွင်လမ်းမီးလုံး (၂၀၀ )ထွန်းညှိသွားမည်ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
▪️ ထိုသို့ဆောင်ရွက်ခြင်းမှာ မြို့တော်အင်္ဂါရပ်များနှင့်အညီသန့်ရှင်းသာယာလှပမှုရှိစေရေး၊လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေး၊ ညအချိန်ပြည်သူများ ယာဥ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ညအချိန်အလင်းရောင်ကောင်းစွာရရှိပြီး ဒုစရိုက်မှုများကင်းရှင်းစေရေးတို့အတွက်ဖြစ်ပြီး မဟာဗန္ဓုလမ်းတွင် ၅.၁၁ မိုင်၊ ဗိုလ်ချုပ်လမ်းတွင် ၄.၁၈ မိုင်အားမြေအောက်ဓာတ်အားလိုင်းများချမြှုပ်လျက် လမ်းလယ်ကျွန်းဓာတ်မီးတိုင် စုစုပေါင်း ၈၉ တိုင်စိုက်ထူကာLED(150)Wလမ်းမီးလုံး (၂၀၀ )ထွန်းညှိသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရအကောင်အထည်ဖော်ဆောင်ရွက်လျက်နေခြင်းဖြစ်ပြီး မဟာဗန္ဓုလ လမ်းတစ်လျှောက်(လမ်းသစ်လမ်းမှ ဆူးလေဘုရားအဝိုင်းအထိ)နှင့်ဗိုလ်ချုပ်လမ်းတစ်လျှောက်(ပန်းဆိုးတန်းလမ်းမှ ပုဇွန်တောင်ပန်းခြံအထိ)လမ်းလယ်နှင့်လမ်းဘေး ဝဲ/ယာ ရှိ ကောင်းကင်ဓာတ်အားလိုင်းများအားမြေအောက်ဓာတ်အားလိုင်းအဖြစ်ပြောင်းလဲတည်ဆောက်ခြင်းနှင့်လမ်းလယ်ကျွန်းတစ်လျှောက်တွင်လမ်းမီးတိုင်များစိုက်ထူရေးလုပ်ငန်းခွင်သို့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်မှတာဝန်ရှိသူများလိုက်ပါလျက်မတ် ၁၁ ရက်ကသွားရောက်ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ဗီယက်နမ်လေးနိုင်ငံပူးပေါင်းဆောင်ရွက်မှုနဲ့ ဆန်စပါးကဏ္ဍကိုမြင့်တင်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 12 March 2025
#ဆန်စပါးကဏ္ဍမြင့်တင် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/SW #Yangon_Times
Passport of Job (PJ) နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာမယ့်သူတွေအနေနဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လက်ဝယ်ရှိဖို့ လိုအပ်တဲ့အပြင်ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုချက်ကို လျှောက်ထားရယူရန် လိုအပ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 12 March 2025
#PJပတ်စပို့ #OWICကတ်
#YMG/SW #Yangon_Times
Page 49 of 1986