လက်ရှိအချိန်ကာလဟာ မိုးယွန်းကြီးအင်းထဲငှက်ကြည့်ရန် သင့်တော်ဆုံးအချိန်ဖြစ်ပေမယ့် အပျော်လှေစီးရင်း ငှက်ကြည့်သူသာရှိပြီး ကျွမ်းကျင်အဆင့်အနေနဲ့ ငှက်ကြည့်သူတွေ လာရောက်မှုမရှိသလောက်ဖြစ်နေတယ်လို့ဆိုပါတယ်။
#Local_News
Published_ 14 February 2024
#မိုးယွန်းကြီးအင်း #ယခင်ထက်ပိုများလာ
#YMG/LW #Yangon_Times
#Local_News
Published_ 14 February 2024
ဂျာမနီနိုင်ငံတွင် သူနာပြုသင်တန်းတက်ပြီး အလုပ်လုပ်ကိုင်လိုသူများအတွက် Living and Working in Germany ပွဲပြုလုပ်ပေးမည်ဖြစ်ကြောင်း Goethe- Institut Myanmar မှ သိရသည်။
အဆိုပါ Living and Working in Germanyပွဲတွင်သူနာပြု Vocational Training ကို ဂျာမနီနိုင်ငံမှာလက်ရှိတက်ရောက်နေသည့် မလဲ့ဖြူဖြူအောင်မှသူနာပြု Vocational Training နှင့် ပတ်သက်သည့်သူမအတွေ့အကြုံများကို မျှဝေပေးသွားမည် ဖြစ်ပြီး Training နှင့်ပတ်သက်သည့်မေးခွန်းများကိုလည်း ဖြေကြားပေးသွားမည် ဖြစ်သည်။
Living and Working in Germany (knowledge sharing session)ပွဲကို ဖေဖော်ဝါရီလ (၁၇) ရက်၊ နေ့လယ် (၁၂:၀၀)မှ (၂:၃၀)အထိ Goethe-Institut Myanmar Auditorium (ပြပွဲခန်းမ)၌ကျင်းပ သွားမည်ဖြစ်သည်ဟုဆိုသည်။
ဂျာမနီမှာ သူနာပြု Vocational Trainingတက်ရောက်ဖို့ ပြင်ဆင်နေသူများနှင့် စိတ်ပါဝင်စားသူများအနေဖြင့်အောက်မှာဖော်ပြထားတဲ့ Link https://www.goethe.de/ins/mm/en/spr/lad/ber.html(အင်္ဂလိပ်ဘာသာဖြင့်)နှင့်https://www.goethe.de/ins/mm/my/spr/lad/ber.html (မြန်မာဘာသာဖြင့်)ကိုနှိပ်ပြီး English သို့မဟုတ် မြန်မာဘာသာဖြင့် register ပြုလုပ်ကာ ပွဲနေ့မှာ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။
#Local_News #သူနာပြုသင်တန်း #မြန်မာမှဂျာမနီ #tthl #Yangon_Times
#Local_News
Published February 2024
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၆ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံကော့သောင်းမြို့သို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၁၄ရက် နေ့လည်ပိုင်းက ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်များတွင် ပြစ်ဒဏ်ကျခံပြီးသဖြင့် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခြင်းဖြစ်သည်။
နေရပ်ပြန်ပို့သူများတွင် မြန်မာနိုင်ငံသားအမျိုးသား ၁၆၀ ဦးနှင့် အမျိုးသမီး ၄၆ ဦး ပါဝင်ကာ ရနောင်းမြို့ကနေ စက်လှေဖြင့် ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
ကော့သောင်းမြို့သို့ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်များက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်း၊ အသိပညာပေးခြင်းတွေ ပြုလုပ်ပြီး သတ်မှတ်ထားသည့် ရောဂါပိုးတွေ့ရှိသူများကိုအသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာနိုင်ငံသား၂၀၆ဦး #နေရပ်သို့ပြန်ပို့ #YMG/LW #Yangon_Times
ဂေါ်ဖီပန်းပွင့်တစ်ပွင့်လျှင် ကျပ် ၁၀၀ အထိ ဈေးကျဆင်းနေ၍နွားစာအဖြစ် ဝယ်ယူအသုံးပြုနေကြပြီး တောင်သူများအရှုးပေါ်နေ' ပြီးခဲ့တဲ့နှစ်တွေကပေါတာကပေါတယ်ဒီလောက်အထိဈေးမကျသေးဘူး၊၃၀၀လောက်ဆိုသူတို့အတွက် တွက်ခြေကိုက်သေးတယ်၊ အရင်းပြန်ကျေနိုင်သေးတယ်'
#Local_News
Published_ 14 February 2024
#ဂေါ်ဖီပန်းပွင့်ဈေးပေါလွန်း #နွားစာအဖြစ်ဝယ်ကျွေး
#YMG/NN #Yangon_Times
"နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲမှာ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ အာရုဏ်ဆွမ်း/နေ့ဆွမ်းကို၁ရက်လျှင် ၅၀ ဘတ်၊ ပံသကူသင်္ကန်း/ကန်တော့ပွဲ ၁ပွဲလျှင် ၅ဘတ်၊ ရွှေ့ထင်း ငွေထင်း ၁စုံ လျှင် ၁ ဘတ်၊ ရေ/မီး ၁ရက် လျှင်၄ဘတ်၊ စုစုပေါင်း။ ၁စုံကြီးစာ ၆၀ ဘတ်ဖြင့် လှူဒါန်းနိုင်တယ်"
#Local_News
Published_ 14 February 2024
#နဂါးနှစ်ကောင်ဆရာတော်ကြီး
#tthl #Yangon_Times
#Local_News
Published_ 14 February 2024
အချို့နိုင်ငံကြီးများမှ မမှန်မကန်ဖိအားပေးမှုများရှိသော်လည်း နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်သွားရမယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ ၁၉ ဦးနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မယ့် သံအမတ်ကြီးလေးဦးတို့အား တွေ့ဆုံတဲ့ အခမ်းအနားမှာပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သံရုံးအကြီး အကဲများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို တာဝန်ကျရာ ကမ္ဘာ့နယ်ပယ် အသီးသီးရှိနိုင်ငံများ၌ ပေးအပ်သောတာဝန်များကို ထမ်းဆောင်နေကြသည့်အတွက် နိုင်ငံတော်၏မူဝါဒများကို အချိန်နှင့်တစ်ပြေးညီ သိရှိနားလည်စေရန် ခေါ်ယူတွေ့ဆုံရခြင်းဖြစ်တယ်လို့ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဆိုပါတယ်။
သံတမန်၏ သဘောသဘာဝမှာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေကို သံအမတ်ကြီးများ သိရှိပြီးဖြစ်ကြောင်း၊ အားသာချက် အားနည်းချက်များကို သုံးသပ်၍ အခွင့်အလမ်းရှာဖွေပြီး နိုင်ငံ့အကျိုးစီးပွားကို ဖော်ဆောင်သွားရမှာဖြစ်ပြီး နိုင်ငံစုံဆက်ဆံရေး၊ ဒေသတွင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးများတွင် အဓိကအားဖြင့် နိုင်ငံတော်နှင့်လူမျိုးအပေါ် သစ္စာရှိရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
ထို့နောက် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများက မြန်မာနိုင်ငံနှင့် ၎င်းတို့တာဝန်ထမ်းဆောင်လျက်ရှိသောနိုင်ငံများ၏ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ ဆက်ဆံရေးတိုးမြှင့်ရန် ဆောင်ရွက်မှုအခြေအနေ၊ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံများမှ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားများ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းနှင့် နိုင်ငံ့အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #မမှန်မကန်ဖိအားပေးမှု #နိုင်ငံခြားရေးဝန်ကြီး #Ymg_mnn #Yangon_Media_Group
#Local_News
Published_ 14 February 2024
ကိုရီးယားနိုင်ငံမှ ဝန်ဆောင်မှုလုပ်ငန်းများအတွက် မြန်မာလုပ်သားများကို တိုးချဲ့ခေါ်ယူနေပြီး အထက်တန်းအောင်မြန်မာအမျိုးသမီးများပါ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ EPS ဝင်ခွင့်ဖြေဆိုခွင့်ရရှိကာ ကိုရီးယား၌ အလုပ်လုပ်ကိုင်ရန်ခေါ်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
၂၀၂၄ ခုနှစ်အတွက် သတ္တမကြိမ်မြောက် အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့် စနစ် (၁၆)ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲတွင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားသာမက အမျိုးသမီးများကိုပါ ခေါ်ယူသွားမည်ဖြစ်သည်ဟု ဆိုသည်။
ပါဝင်ဖြေဆိုမည့် အမျိုးသမီးများအနေဖြင့် အွန်လိုင်းကနေ အထက်တန်းအောင်လက်မှတ်ကို ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။
ကိုရီးယား EPS ဝင်ခွင့်အတွက် ပထမအဆင့် အွန်လိုင်းမှလျှောက်လွှာတင်ခြင်းကို မတ်လ(၄)ရက်မှ (၁၀)ရက်အထိလျှောက်ရမည်ဖြစ်ပြီး စာမေးပွဲကို ဧပြီလ(၁၇)ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း၊ EPSစာမေးပွဲTOPIKကို ဧပြီ(၂၄)ရက်မှဇူလိုင်(၂၆)ရက်အထိ လုပ်ငန်းအလိုက်ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် EPS TOPIK စာမေးပွဲအောင်စာရင်းကို မေလ(၁၇)ရက်နှင့် ဩဂုတ်(၈)ရက်အတွင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ကိုရီးယားEPSစာမေးပွဲ #tthl #Yangon_Times
Page 457 of 1887