ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်း လက်ကားဈေးကြီးအတွင်း ရောင်းချနေတဲ့ ဈေးသူဈေးသားများထဲက လုပ်ငန်းတိုးချဲ့ရန် ချေးငွေလိုအပ်နေတဲ့ ဈေးသူဈေးသား ၁၈၆ဦး အတွက် ကျပ်သိန်းပေါင်း(၂၄၂၈၅) သိန်းကို ထုတ်ချေးနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ Myanmar Agro Exchange Public Co., Ltd ထံ က သိရပါတယ်။
#Local_News
Published_ 16 February 2024
#ချေးငွေလျှောက်လွှာများတင်နိုင် #တညင်းကုန်းလက်ကားဈေးကြီး
#YMG/LW #Yangon_Times
နွေရာသီကလေးပန်းချီသင်တန်း စုံစမ်းသူတွေများလာတယ်။ ပန်းချီသင်တန်းတစ်လလုံး(၈)ချိန်ကို ၂၅၀၀၀ ကျပ်သတ်မှတ်ထားပြီး အခုနှစ်မှာတော့ ၃၀၀၀၀ ကျပ်သတ်မှတ်ထားတယ်။
သာကေတမြို့နယ်ရှိ ပန်းချီသင်တန်းကျောင်းမှသင်တန်းကျောင်းတည်ထောင်သူ ဆရာမတစ်ဦး
#Local_News
Published_ 16 February 2024
#ကလေးပန်းချီသင်တန်း #နွေရာသီ
#tthl #Yangon_Times
#Local_News
Published 16 February 2024
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ကံကြီးကုန်းရပ်တွင် ဖေဖော်ဝါရီလ ၁၆ ရက် မနက် ၁၀ နာရီ ၁၄ မိနစ်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံက သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ level (1)ယာဉ်အုပ်စု ထွက်ခွာလျက်ရှိရာ နံနက် ၁၀ နာရီ ၃၃ မိနစ် အချိန် ခန့်က မီးထိန်းခဲ့ပြီး၁၀ နာရီ ၃၆ မိနစ် အချိန် ခန့်က မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်သည့် အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုး များကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
#Local_News
Published_ 16 February 2024
လန်ချန်း-မဲခေါင်ရံပုံငွေဖြင့် မြန်မာထုတ်ကုန်များကိုအရည်အသွေးမြှင့်တင်နိုင်ပြီး မဲခေါင်နိုင်ငံများအပါအဝင်နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် စီမံကိန်းတစ်ခုကို တရုတ်နိုင်ငံမှအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် “အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေးထောက်ခံချက်ထုတ်ပြန်ရေးစနစ် အကောင်အထည်ဖော်ရေး” စီမံကိန်း အကောင်အထည်ဖော်ဆောင်မည်ဟုဆိုသည်။
အဆိုပါ စီမံကိန်းစတင်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံမှူး Ms. Qiao Li တက်ရောက်ခဲ့သည်။
အခမ်းအနားတွင်သံမှူး Ms. Qiao Liက "တရုတ်နိုင်ငံသည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့် လန်ချန်း-မဲခေါင်နိုင်ငံများနှင့်အတူ စံချိန်စံညွှန်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားပြီး အရည်အသွေး စံချိန်စံညွှန်းစီမံခန့်ခွဲမှု အတွေ့အကြုံ လုပ်ထုံးလုပ်နည်းများကို မျှဝေသွားလိုကြောင်း၊
မဲခေါင်မြစ်တစ်လျှောက်နိုင်ငံများ၏ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသား အရည်အသွေး ထောက်ခံချက်ထုတ်ပြန်ရေးစနစ် အကောင် အထည်ဖော်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ပျိုးထောင်မှုကို ကူညီသွားလိုကြောင်း၊
ကုန်ပစ္စည်းစံချိန်စံညွှန်းနှင့် အပြန်အလှန်ထောက်ခံမှုကို မြှင့်တင်ပြီး စံချိန်စံညွှန်းကဏ္ဍ အပြန်အလှန်ချိတ်ဆက်မှု အဆင့်အတန်းကို တိုးမြှင့်ကာ လန်ချန်း-မဲခေါင်နိုင်ငံများ ကုန်သွယ်ရေးအဆင်ပြေချောမွေ့စေရန် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးသွားလိုကြောင်း"ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘက်မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်စွာတို့ကလည်း"အခုအကောင် အထည်ဖော်မည့် စီမံကိန်းသည် မြန်မာနိုင်ငံ အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် မြန်မာနိုင်ငံ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသား အရည်အသွေးထောက်ခံချက် ထုတ်ပြန်သည့်စံချိန်စံညွှန်းများကို နိုင်ငံတကာနှင့်ချိတ်ဆက်ရန် ကူညီပံ့ပိုးပေးကာ ဒေသတွင်းနိုင်ငံများအကြား နည်းပညာဆိုင်ရာကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားခြင်းဖြင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်၍ မြင့်မားသောအရည်အသွေး စံချိန်စံညွှန်းဖြင့် စီမံကိန်းအား ကောင်းမွန်စွာဖော်ဆောင်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။
စီမံကိန်းစတင်ခြင်း အခမ်းအနားကျင်းပပြီးနောက် “ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးခြင်းဖိုရမ်” ကိုကျင်းပခဲ့ကြောင်း သိရသည်။
#Local_News #မဲခေါင်နိုင်ငံ #အကောင်အထည်ဖော်နေ #tthl #Yangon_Times
'လက်လီဆိုင်တစ်ဆိုင်ကို တစ်ပတ်စာချထားပေးမယ်၊ ဆိုင်ရဲ့ရောင်းအားကောင်းသလို နောက်ကဖြည့်ပေးမှာပါ၊ဝယ်ယူသူတစ်ဦးကို နှစ်ပြည်ရောင်းပေးပါမယ်၊ တစ်ပတ်သုံးရက်နဲ့ အပတ်စဉ်ရောင်းပေးမယ် ၊ ဆန်ဈေးကြီးတာကိုထိန်းတာပါ၊ အခြေခံရည်ညွှန်းဈေးနားမှာ MRFကလိုသလောက် ရောင်းပေးမှာပါ'
#Local_News
Published_ 16 February 2024
#ဆန်တစ်ပြည်၃၃၀၀ကျပ် #အခြေခံရည်ညွှန်းဈေး
#YMG/NN #Yangon_Times
#Local_News
Published 16 February 2024
ကရင်ပြည်နယ်၊ မြဝတီခရိုင်ဘက်မှ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲသို့ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၂၇) ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန တွေရဲ့ဖေါ်ပြချက်အရ သိရသည်။
ဖေဖေါ်ဝါရီ ၁၄ရက် ည ၁၀ နာရီခန့်က ထိုင်း-မြန်မာနယ်စပ်မှာ တာဝန်ကျနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် ဖိုးဖမြို့နယ်၊ ခီလီလတ်ကျေး ရွာအနီးက ငှက်ပျောတောထဲတွင် ပုန်းအောင်းနေသည့် လူတစ်စုကိုတွေ့ရှိပြီး စစ် ဆေးရာမှ ဖမ်းဆီးခံခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူထဲတွင် အမျိုးသား (၁၁) ဦးနှင့် အမျိုးသမီး (၁၆) ဦး ပါဝင်ကာ အဆိုပါ မြန်မာနိုင်ငံသားများကို လမ်းပြခေါ်ဆောင်လာသည့် ပွဲစားကိုတော့ ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂၇ ဦးကို ဥပဒေအရ အရေး ယူဆောင်ရွက်နိုင်ရန် ဖိုးဖရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ဖိုးဖရဲစခန်းမှ ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာမှုနှင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
#Local_News #ထိုင်းနိုင်ငံထဲသို့ခိုးဝင် #မြန်မာနိုင်ငံသား၂၇ ဦးဖမ်းဆီးခံရ #YMG/LW #Yangon_Times
Published 15 February 2024
လာမည့် ဇူလိုင်လတွင်ကျင်းပမည့် ၂၀၂၄ ခုနှစ် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) စာမေးပွဲအတွက်လူဦးရေလေးသောင်းလျှောက်လွှာခေါ်ယူနေကြောင်းJLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှသိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်အတွက် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ဇူလိုင် (၇) ရက်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း ၊စာမေးပွဲအတွက် Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေမှာ Level အားလုံးအလိုက် ၄၀၀၀၀ လက်ခံသွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် Online System ဖြင့်လက်ခံခြင်းကို N1 ၊ N2 အတွက် မတ်လ (၆)ရက်၊ (၇)ရက်နှင့် (၁၅) ရက်တို့တွင်လည်းကောင်း၊ N3 အတွက် မတ်လ (၁၁)ရက် ၊ (၁၂)ရက်နှင့် (၁၅)ရက်တို့တွင်လည်းကောင်း၊ N4 အတွက် မတ် (၁၃) ရက်၊ (၁၄) ရက်နှင့် (၁၉)ရက် တို့တွင်လည်းကောင်း၊ N5 အတွက် မတ် (၇)ရက် ၊ (၈) ရက်နှင့် (၁၈) ရက်သတ်မှ တ်ထားကြောင်း သိရသည်။
Online မှ လျှောက်လွှာလက်ခံမည့် အချိန်မှာ System သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ဘဲ လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင် ပြေသည့်ရက်တွင် Online System သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်း ကြိုတင်စာရင်းပေးသွင်းခြင်းကို Google form မှ တဆင့် ဖေဖေါ်ဝါရီ (၁၉) ရက်မှ (၂၃) ရက်အတွင်း ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကာ သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၇၀) စောင်နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းအရေအတွက် များပြားလာသဖြင့် အရေအတွက်လျော့ချ သတ်မှတ်ရခြင်းဖြစ်ပြီး မိမိတို့ ကျောင်းမှ အမှန်တကယ် လိုအပ်သည့် ပမာဏကိုသာ လျှောက်ထားရန် လိုအပ်ကြောင်းသိရသည်။
လျှောက်ထားသည့် ကျောင်းအားလုံးအားခွဲဝေပြီး လျှောက်လွှာပိုမိုပါက (၇၀) စောင်ထက် ပိုမိုလျှောက်ထားသော ကျောင်းများအတွက် အညီအမျှ ခွဲဝေသတ်မှတ်ပြီး ရောင်းချပေးသွားမည် ဖြစ်ကာ လျှောက်လွှာ အရောင်းကာလကို ရန်ကုန်စာဖြေဌာနအတွက် ဖေဖော်ဝါရီ (၂၉)ရက်မှ မတ်လ (၂) ရက် ၊ မန္တလေးစာဖြေဌာနအတွက် ဖေဖော်ဝါရီ (၂၉) ရက် မတ်လ (၁) ရက်အထိဖြစ်ကြောင်း သိရသည်။
စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေးများမှာ Level N1 ၊Level N2 ၊ Level N3 တို့အတွက် ၅၀၀၀၀ ကျပ်စီ ဖြစ်ပြီး Level N4 နှင့် Level N5 တို့အတွက် ၄၅,၀၀၀ ကျပ်စီဖြစ် ကြောင်း ၊ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်းကို လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ Level အား လုံးအတွက် မတ်လ (၄) ရက်မှ (၆) ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 450 of 1885