#Local_news
Published_ 18 February 2024
မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ်တွင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှု အကြိမ်ရေ ၁ သောင်း ၁ ထောင်ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ကင်ဆာဓာတ်ရောင်ခြည် ကုသမှုများကို အရေးပေါ်အခြေအနေများတွင် စောင့်ဆိုင်းမှုမရှိစေဘဲ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် တောင်ကြီးမြို စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတိုတွင် ကင်ဆာဓာတ်ရောင်ခြည် ကုသစက် ၁၂ လုံး အသုံးပြုကာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ပါ ဆောင်ရွက်ပေးလျက်ရှိပြီး ၁၁၀၃၆၇ ကြိမ်ထိ ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသဌာန၌ ရုံးပိတ်ရက် များတွင်လည်း ကင်ဆာဓာတ်ရောင်ခြည် ကုသစက်သုံးလုံးဖြင့် ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ အိန္ဒိယနိုင်ငံမှ လှူဒါန်းထားသည့် Bhabhatron စက်ကိုလည်း တပ်ဆင်ထားကြောင်း သိရပါတယ်။
ထို့ပြင် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာန၌ အဏုမြူရောင်ခြည် ဖြင့် ကင်ဆာရောဂါပျံ့နှံမှုကို ရှာဖွေသည့် PET/CT စက်၊ စက်လည်ပတ်ရန်လိုအပ်သော အဏုမြူရောင်ခြည် ပစ္စည်းထုတ်လုပ်တဲ့ Cyclotron စက်များ ဖြင့် ကုသပေးနေတာဖြစ် ပါတယ်။
ထို့အပြင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုကို တပ်မတော်ဆေးရုံကြီးများ၌လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်၊ နေပြည်တော်ရှိ ပုဂ္ဂလိကဆေးရုံများတွင်လည်း ဆောင်ရွက်ပေးနေကြောင်း သရပါတယ်။
ကင်ဆာရောဂါ ဝေဒနာရှင်များ စောင့်ဆိုင်းမှုလျော့နည်းစေရေးနှင့် ထိရောက်သည့် ကုသမှုရရှိစေရေးအတွက် နိုင်ငံတော်အနေဖြင့် ယခုနှစ်တွင် ကင်ဆာရောဂါ ဆေးဝါးများ ဝယ်ယူရန်အတွက် ခွင့်ပြုရန်ပုံငွေ ၁၂ ဘီလီယံ ကျော် ခွင့်ပြုချထားပေးခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသစက် အသစ်တစ်လုံး တပ်ဆင်ပေးခဲ့ပါတယ်။
ထို့အပြင် ဓာတ်ရောင်ခြည်ကုသစက် အသစ် ၃ လုံးကို အသစ်ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာန၌ ယခုနှစ်အတွင်း တပ်ဆင်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
#Local_news #ကင်ဆာဓာတ်ရောင်ခြည်ကုသမှု #Ymg_mnn #Yangon_Media_Group
#Local_News
Published-18 February 2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၌ ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင်ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် Box Culvert များ တည်ဆောက်ပေးလျက်ရှိကြောင်းကရင်ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။
ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ် ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် Box Culverများ တည်ဆောက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါတံတားများသည် ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက် မြေသားလမ်းပေါ်တွင် ဆက်သွယ်ထားသည့် အရှည် ၁၀ပေ၊ အမြင့် ၅ ပေ၊ အကျယ် ၂၆ ပေရှိ Box Culvert (၂ )ခုနှင့် အရှည် ၅ ပေ၊ အမြင့် ၅ပေ၊ အကျယ် ၂၆ ပေရှိ Box Culvert (၅)ခု စုစုပေါင်း Box Culvert ၇ ခုကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး( ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တည် ဆောက်ပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ယင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမ အပတ်တွင် စတင်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပြီး လုပ်ငန်းများသတ်မှတ်အချိန်ကာလအတွင်း အရည် အသွေး ပြည့်မီစွာပြီးစီးနိုင်ရေးအတွက် သက်ဆိုရာတာဝန်ရှိသူများတို့မှ အနီးကပ်ကြီးကြပ်တာ၀န်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများပြီးစီးပါက ဒေသနေပြည်သူများအနေဖြင့် မိုးတွင်းကာလတွင် အန္တရာယ်ကင်းစွာ သွားလာ နိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆောင်ရွက်ရာတွင် အဆင်ပြေ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #မိုးနိုင်း-ညာပရော-မိကြောင် #Box Culvertများတည်ဆောက်ပေးနေ #YMG/LW #Yangon_Times
#Local_News
Published_ 18 February 2024
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီးကို ရန်ကုန်မြို့တွင်းသို့ ဝင်၊ ထွက် သွားလာမည့် တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်အောင် ပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရပါတယ်။
နိုင်ငံတကာတံတား သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဆိုပါတံတားပုံစံ ထုတ်လုပ်ရာ၌ တန်ချိန် ၁၅၀၀၀ ရှိ ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်ရေးအတွက် ပင်မတံတား ရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာအထိ ထားရှိခဲ့ရသဖြင့် ဆင်ခြေလျှော တံတား (Ramp Bridges) များကို အတက်၊ အဆင်း (Gradient) ပြေပြစ်စေရေးနှင့် ကမ်းနားလမ်းဈေးဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရေးအတွက် ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတား အရှည်တို့ကို တွက်ချက်ခဲ့ရပါတယ်။
မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့တဲ့ တံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးဖြစ်ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်ပါတယ်။
မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ရာ၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပင်မတံတားနှင့် ချဉ်းကပ်တံတားတို့တွင် တစ်နာရီ ၅၀ ကီလိုမီတာနှုန်းနှင့် ဆင်ခြေလျှောတံတားများတွင် တစ်နာရီ ၃၀ ကီလိုမီတာနှုန်းတို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပုံစံထုတ်၍ တည်ဆောက်ထားကြောင်း သိရပါတယ်။
#Local_News #တန်ချိန်၁၅၀၀၀ရှိပင်လယ်ကူးသင်္ဘောကြီး #ဒလတံတားကို ပုံစံထုတ်တည်ဆောက်ထား #ymg_mnn #Yangon_Media_Group
လာမယ့်မတ်လမှာ ကုလားပဲစိုက်ပျိုးမှုများတဲ့ မကွေးတိုင်း ပွင့်ဖြူစကုနဲ့စလင်းမြို့နယ်တွေက ထွက်ရှိတဲ့ ကုလားပဲ တွေကို ဝယ်ယူမှာဖြစ်တယ် ပြီးခဲ့တဲ့နှစ်တွေက နှစ်စဉ်ကုလားပဲတန်ချိန် ၂၀၀၀ခန့် ဝယ်ယူပေးခဲ့တာ ယခုနှစ်မှာတန်ချိန် ၃၀၀၀ခန့်အထိ တိုးမြှင့်ဝယ်ယူဖို့အတွက် ပို့ကုန်လုပ်ငန်းရှင်နဲ့ ဆွေးနွေးထားတယ်။
#Local_News
Published_ 17 February 2024
#ကုလားပဲတန်ချိန် #ပို့ကုန်လုပ်ငန်းရှင်
#YMG/LW #Yangon_Times
#Local_News
Published 18 February 2024
အိန္ဒိယကုမ္ပဏီ Lax Corporation မှ မြန်မာနိုင်ငံ မှ ကွမ်းသီးခြောက်တန်ချိန် ရာနဲချီပြီး ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားချက်ရှိပြီး လက်ရှိ တင်ပို့နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်အခြေစိုက် ကွမ်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရသည်။
အိန္ဒိယသို့ ကွမ်းသီးခြောက်များတင်ပို့ရန် နမူနာပုံစံတွေကို Lax Corporation ထံ ဇန်နဝါရီလကုန်ပိုင်းမှာ ပေးပို့ထားပြီး ပထမအသုတ် အနေဖြင့် ၁၇တန် ကိုပေ၂၀ကွန်တင်နာပုံးတပုံးဖြင့် အရည်သွေး စံချိန်စံညွှန်းများကောင်းမွန်လက်ခံ အတည်ပြုပြီးလျှင် တန်ချိန် ၂၀၀လစဉ် ဝယ်ယူသွားရန်နှင့်ဆက်လက်၍ ပိုမိုဝယ်ယူရန်လည်း သဘောတူညီမှုရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ကွမ်းသီတန်ချိန် ၂ သိန်း ၃ သောင်းခန့်ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံနေတဲ့ ကုန်ပစ္စည်းအမယ်လည်းဖြစ်ကြောင်း သိရသည်။
"လက်ရှိအခြေအနေမှာတင်ပို့ဖို့အတွက် တင်ပို့မယ့်ပုံစံ၊ တင်ပို့ရမယ့်နေရာ၊ ဈေးနှုန်း၊ ငွေပေးချေမှုပုံစံတွေကို ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး သဘောတူညီမှုရမယ်ဆိုရင် နှစ်ဖက်စာချုပ်ချုပ်ဆိုကာ စတင် တင်ပို့တော့မယ်"ဟုမွန်ပြည်နယ်အသင်းဥက္ကဋ္ဌ ဦးအောင်နေလင်းက ပြောသည်။
အိန္ဒိယနိုင်ငံက ကွမ်းသီးလိုအပ်ချက်များပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက် ဝယ်ယူနေတာဖြစ်သဖြင့် မြန်မာ့ကွမ်းသီးများတိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကွမ်းသီးကို တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၂၉၄၁၂.၄၇၂ တန် ထွက်ရှိခဲ့ကြောင်း သိရသည်။
#Local_News #မြန်မာ့ကွမ်းသီးခြောက် #တန်ချိန် ရာနှင့်ချီလစဉ်တင်ပို့ #YMG/LW #Yangon_Times
#Local_News
Published 18 February 2024
ထိုင်းနိုင်ငံဘန်ကောက်မြို့ ထေ့ယမ်းထလေ ဂတ်အိုးစက်ရုံတွင် အလုပ်လုပ်ကိုင်ရင်း မတော်တဆကြောင့် လက်ထိခိုက် မိသော မြန်မာအလုပ်သမားတစ်ဦး နစ်နာကြေးဂဘတ်၆သောင်းကျော်ရရှိကြောင်း ကူညီပေးသည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲထံကသိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား ကိုအေးညွန့်မောင်သည်အလုပ်ချိန်အတွင်း မတော်တဆထိခိုက်မိသဖြင့် လက်ခလယ်တစ်ဆစ် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုအတွက် နစ်နာကြေးရရှိရန် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကကူညီဆောင်ရွက်ပေးခဲ့ရာ သုံးလခန့် ကြာပြီးနောက် ဖေဖေါ်ဝါရီ ၁၅ ရက် က နစ်နာကြေးထိုင်း ဘတ်ငွေ ၆၄၂၄၆ ဘတ်ရရှိခဲ့ ခြင်းဖြစ်သည်။
#Local_News #မြန်မာအလုပ်သမားနစ်နာကြေးရ #YMG/LW #Yangon_Times
#Local_News
Published 18 February 2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပို့ကုန်ရငွေ အသုံးပြုခွင့်ကို မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြုပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရသိရသည်။
ဗဟိုဘဏ်မှ ပို့ကုန်ရငွေနှင့် ပတ်သက်ပြီး ပြန်လည်တင်းကြပ်မှုအဖြစ် ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ရောင်းချရမှာဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ပေါက်ဈေးအတိုင်း ရောင်းချခွင့်ရှိတော့မှာဖြစ်ကြောင်း ’ ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့် အတွက် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ အရ ပို့ကုန်လုပ်ငန်းရှင်တွေအနေဖြင့် ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ရည်ညွှန်ဈေးဖြင့် လဲလှယ်ရမှာဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကိုတော့ နေ့စဉ်အွန်လိုင်းဈေးနှုန်းနဲ့ လဲလှယ်အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ချက်အတိုင်း လက်ရှိမှာ ပြောင်းလဲခြင်းမရှိ ဘဲ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက် တွင်ဖေါ်ပြထားသည်။
#Local_News #ပို့ကုန်ရငွေ အသုံးပြုခွင့် #ဆက်လက်ခွင့်ပြုပေးနေဟုစီးပွား/ကူးသန်းထုတ်ပြန်
#YMG/LW #Yangon_Times
Page 445 of 1883