၂၆ ဖေဖော်ဝါရီ ၂၀၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၇ နာရီခွဲခန့်တွင် PDF များရောက်ရှိလာပြီး ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများနှင့်ရုံးဝန်ထမ်းများအားဖမ်းဆီးထားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့များက အချိန်မီသွားရောက်ကယ်ထုတ်ခဲ့ရာ ၂၈၅ ဦးကို အချိန်မီကယ်ဆယ်နိုင်ခဲ့သော် လည်း အချို့ ကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နစကရဲ့ သတင်းထုတ်ပြန် ချက်အရသိရပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၇ နာရီခွဲခန့်တွင် PDF ၁၃၀ ဦးခန့်က ကလေး တက္ကသိုလ်အတွင်းသို့ တောင်ဘက်မှဝင်ရောက်၍ ရူပဗေဒနှင့်သတ္တဗေဒစာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးထားရှိကြောင်း တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။
ထိုသို့ကယ်ထုတ်စဉ် PDFအကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ PDF များက ဆုတ်ခွာသွားရင်း အချို့သော ဝန်ထမ်း၊ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူတို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရှိရပါတယ်။အရေအတွက် စိစစ်ဆဲဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယင်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံ သွားခဲ့ရတဲ့သူတွေကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က အပူတပြင်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းအရ သိရပါတယ်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲ PDF အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။
ယခုကဲ့သို့စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမ များ၊ကျောင်းသား/သူများ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်းကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရည်ရွယ် ချက်အတွက် အသုံးပြုထားခြင်း မရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းအားရည်ရွယ်ချက် ရှိစွာဖြင့် အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ်ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ် လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။
@ymg/knl
Published_ 26 February 2024
မြန်မာနိုင်ငံ၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများနှင့် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ပိဋကတ် (၃) ပုံဆောင် ဆရာတော်ကြီးများအား ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
စလင်းမြို့၊ ကန်ချောင်တောရကျောင်းတိုက်၊ ဝိဇ္ဇာဝိဟာရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇသာရ၏ ပင့်ဖိတ်ချက်အရ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်တာဝန်ကျ (တတိယအဖွဲ့ခွဲ)၊ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိရောစန (ကွမ်းခြံကုန်း)၊ ပထမအဖွဲ့ခွဲ၊ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ (စလင်း)၊ မွေပွေးကုန်းဆရာတော် ဘဒ္ဒန္တ ပညာသီဟ (ကဝ) နှင့် သဘာဝရိပ်သာဆရာတော်အရှင်ဥတ္တမသာရ တို့ကို ဖေဖော်ဝါရီ ၂၀ ရက်နှင့် မြန်မာနိုင်ငံ၏ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ပိဋကတ် (၃) ပုံဆောင် ဆရာတော်များဖြစ်တဲ့ သတ္တမတိပိဋကဓရ မော်ကျွန်းဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ အဋ္ဌမတိပိဋကဓရမြင်းမူဆရာတော်ဘဒ္ဒန္တဝံသပါလာ လင်္ကာရ၊ ဧကာဒသမတိပိဋကဓရ ရမ္မာဝတီ ဆရာတော်ဘဒ္ဒန္တဣန္ဒပါလ၊ တေရသမတိပိဋကဓရ ဘုတလင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ၊ သောဠသမတိပိဋကဓရ မြင်းမူစိန်ရတုဆရာတော် ဘန္ဒန္တပညာသီရိ လင်္ကာရ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တစန္ဒိမာဝံသနှင့် ဗီယက်နမ် ဆရာတော်ဘဒ္ဒန္တဝိမလတို့အား ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ကြီးများအား မြန်မာသံရုံးသို့ ပင့်ဖိတ်၍ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြတ်ထွန်းနိုင်၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး မိသားစုများမှ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်များ ထံမှ ငါးပါးသီလခံယူ၍ ပရိတ်တရားတော်များ နာယူခဲ့ကြကာ ဗီယက်နမ်နိုင်ငံရောက် မြန်မာအစိုးရပညာတော်သင်များနှင့် မြန်မာအသိုင်းအဝန်းများမှလည်း တက်ရောက်ခဲ့ကြ ကြောင်း သိရပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 26 February 2024
၁။ ဒေသ(၄)ခုမှ Passport လျှောက်မည့်သူများ အွန်လိုင်းဘိုကင်စနစ်ဖြင့် ကိုယ်တိုင် Passport လျှောက်ထားနိုင်
၂။ မှိုအနက် Black Oyster မျိုးထုပ်များ နယ်စုံမှ မှာယူမှု များပြား
၃။ ဆိတ်သားသ-တ်ဈေးကွက် တစ်ပိသာ ကျပ် ၁၀၀၀ကျော် မြင့်တတ်
၄။ အလိုအလျောက် ထိန်းချုပ်ရေးစနစ်အပြည့် ဇိမ်ခံအိမ်ယာဥ်အား တရုတ်ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
" ရေရှားပါးတဲ့ ဒလမြို့နယ်အပါအဝင် ရန်ကုန်မြို့ရှိရပ်ကွက်၊ ကျေးရွာ အသီးသီးမှာ မိုးရေခံကန်၊ ရေစုဆောင်းကန်၊ အဝီစိတွင်းတွေ တူးဖော်ပေးတာတွေကို ကူညီဆောင်ရွက်သွားဖို့ရှိတယ် " ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဌဦးထွန်းထွန်းဦး
Yangon Times/tthl
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 February 2024
( ၇၇ )နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်းပွဲကျင်းပရေးကော်မတီမှ သိရသည်။
ပေါင်မြို့နယ် ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီဘုရား၌ဖေဖော်ဝါရီ၂၅ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကျင်းပခြင်းဖြင့် မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်မပျက်စေရန် ဂရုပြုကာ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
ယင်းအခမ်းအနား၌ မွန်အမျိုးသားနေ့အလံလွှ့င်ထူပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ မွန်အမျိုးသားများ စာပေနှင့် ယဉ်ကျေးမှုများ မပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဟောပြောခြင်း၊ သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ခြင်း၊ အားကစားပြိုင်ပွဲများ၊ မွန်အကပဒေသာများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 February 2024
ပဲမျိုးစုံ ဈေးနှုန်းနှင့်အတူ ပဲကြီးဈေးများပါ ကျဆင်းနေကြောင်း မန္တလေးပဲနှမ်းဈေးကွက်မှ သိရသည်။
ယနေ့တွင်ပဲကြီး ၅၅ဒဿမ ၂၅ ပိဿာ ဝင်တစ်အိတ်လျှင် ကျပ် ၃၁၀,၀၀၀ မှ ၃၂၀,၀၀၀ကျပ် အထိဈေးနှုန်းရှိနေပြီး တစ်လတာအတွင်းတစ်အိတ်လျှင် ကျပ် လေးသောင်းခန့်အထိကျဆင်းနေကြောင်းသိရသည်။
" ပြည်ပတင်ပို့တဲ့ ပဲတွေလည်းအိန္ဒိယ ဘက်က သတင်းစကားတွေကြောင့် ကျလာတယ်၊ ပဲကြီးက ပြည်တွင်းအဓိကစားတာပေမယ့် သူလဲကျတယ်၊ အသစ်ဝင်တာလည်းများတယ်၊ ဝယ်လိုအားလည်းကျတယ်ပေါ့ ၊ အဲ့တာကြောင့်ကျတာ " ဟု ပဲနှမ်းကုန်သည် ဦးမျိုးကြီးက ပြောသည်။
ပဲကြီးသီးနှံအခြောက် အား ပဲကြော်၊ ပဲကြီးလှော်၊ ပဲဖူးကြော်၊ နှစ်ပြန်ကြော် စသည်ဖြင့် ပဲကြော်ဖိုလုပ်ငန်းသမားများက ထုတ်လုပ်ရောင်းချကြကြောင်းသိရသည်။
"ပဲကြီးကအစိုလည်းစားကြတယ်၊အခြောက်လည်းစားကြတယ်၊ အဓိက ပဲကြော်ဖိုလုပ်ငန်းသမားတွေက ဝယ်ယူသိုလှောင်ကြတယ်" ဟု၎င်းကဆက်ပြောသည်။
ပဲကြီးသီးနှံသည် မိုးနှောင်းကာလဖြစ်သော ဇူလိုင်လနှင့် ဩဂုတ်လများတွင် စတင်စိုက်ပျိုးလာကြပြီး မြန်မာလအနေဖြင့် တော်သလင်းလကုန်အမီ အပြီးစိုက်ပျိုးကြကြောင်းသိရသည်။
ထို့အပြင် မိုးစပါးစိုက်ပျိုးသည့်ဒေသများတွင် မိုးစပါးစိုက်ပျိုးစဉ်ကာလ လယ်ကန်သင်းဘောင်များတွင် ပဲကြီးသီးနှံအား စိုက်ပျိုးကြပြီး ၊ မြေအမျိုးအစားအားလုံးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း နုန်းမြေကိုပို၍ ကြိုက်နှစ်သက်ကြောင်းသိရသည်။
မိုးစပါးစိုက်ပျိုးမှုမရနိုင်သောဒေသများတွင် ပဲကြီးသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလအတွင်း ပန်းပွင့်ကာ ဇန်နဝါရီလတွင် ပဲကြီးသီးနှံများကို စတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးကွက်အတွင်းသို့ ပဲကြီးသီးနှံအသစ်များသည် နှစ်ဆန်းပိုင်းကာလမှစ၍ဝင်ရောက်လာကာ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ပဲအထွက်လှိုင်ချိန်ဖြစ်၍ ဈေးကွက်သို့လည်း ပဲကြီးသီးနှံများဝင်ရောက်မှုများပြားလာခဲ့ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 428 of 1882