လာမယ့်မတ်လအတွင်းဖြေဆိုကြမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို ဖေဖော်ဝါရီလ ၂၇ ရက် ယနေ့မှာထုတ်ပေးနေကြပြီလို့ အခြေခံပညာကျောင်းတွေကသိရပါတယ်။ ကတ်ပြားတွေထုတ်ယူရာမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရင်လည်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၊ စာစစ်ဌာနကြီးကြပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးတွေနဲ့ မြန်မာနိုင်ငံစာစစ်ဌာနတွေကို တိုက်ရိုက်စုံစမ်း မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 27 February 2024
#တက္ကသိုလ်ဝင်စာမေးပွဲ #ဖြေဆိုခွင့်ကတ်ပြားများယနေ့ထုတ်ပေး
#YMG/NN #Yangon_Times
၂၇ ဖေဖော်ဝါရီ ၂၀၂၄
သုံးနိုင်ဖြုန်းနိုင်တဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ လွန်ခဲ့တဲ့ (၂)နှစ်ခန့်ကစပြီး ဈေးကြီး ကြီး အိမ်ယာတွေ ခပ်သွက်သွက် ခပ်မြန်မြန်ဝယ်ယူလာနေကြတယ်လို့ ထိုင်းရဲ့ အိမ်ခြံမြေကုမ္ပဏီ ကိုလီယာ Colliers ကပြောတဲ့အကြောင်း နေရှင်းသတင်းကရေးသားပါတယ်။ အဲဒီလိုဝယ်လာကြတဲ့အတွက် မြန်မာတွေဟာ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ ထိပ်တန်းသုံးနိုင်ဖြုံးနိုင်တဲ့သူတွေဖြစ်လာကြတယ်လို့လည်း နေရှင်းသတင်း က ဆိုပါတယ်။
ကိုလီယာရဲ့ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ကာလိုပိုဘရီက “ ထိုင်းအစိုးရအိမ်ရာဘဏ်ရဲ့ အိမ်ခြေံမြေ သတင်းအချက် အလက်ဗဟိုဌာန(REIC)ရဲ့အဆိုအရ မြန်မာဝယ်လက်တွေဟာ ဘန်ကောက်၊ဖူးကက်နှင့် ချင်းမိုင်တို့ကို စိတ်ဝင်စား မှု အရှိဆုံးဖြစ်တယ်” လို့ပြောပါတယ်။
REIC ရဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံရဲ့ အနောက်ဘက်အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံဟာ ၂၀၂၃ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ အိမ်ယာဈေးကွက်မှာ ထိုင်းဘတ်ငွေ ၂.၂၅ ဘီလျံတန်ဖိုးအထိ အိမ်ယာတွေဝယ်ယူခဲ့တဲ့အတွက် နိုင်ငံ အလိုက်မှာ တတိယမြောက် အသုံးအများဆုံးနိုင်ငံအဆင့်ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ ပထမနေရာက တရုတ်နိုင်ငံနှင့် ဒုတိယက ရုရှားတို့ဖြစ်ကြပါတယ်။
အဲဒီ့အပြင်နိုင်ငံသားတွေအလိုက် ဝယ်ယူကြတဲ့ အိမ်ရာတစ်ခုချင်းစီရဲ့ပျှမ်းမျှတန်ဖိုးအရပြောရရင် မြန်မာနိုင်ငံသား တွေဟာ ဈေးအကြီးဆုံးအိမ်ရာတွေဝယ်ယူကြသူတွေအဖြစ် အဆင့်(၁)နေရာ ရောက်ရှိသွားပါတယ်။
“မြန်မာတွေ အနေနှင့် ပျှမ်းမျှအားဖြင့် ထိုင်းဘတ်ငွေ ၆,၅သန်းတန်ဖိုးရှိ အိမ်ရာတွေကို ဝယ်ယူကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီတန်ဖိုးဟာ တရုတ်တွေ ရုရှားတွေ ဝယ်ယူကြတဲ အိမ်တွေထက်တောင် ဈေးကြီးနေတာ”လို့လည်း သူက ဆက်ပြောပါတယ်။
မြန်မာတွေအများဆုံးဝယ်ယူကြတာဟာ ဇိမ်ခံကွန်ဒိုတိုက်ခန်းတွေဖြစ်ပြီး ဈေးတွေက တစ်ခန်းကို ဘတ်ငွေ ၁၀ သန်းမှ သန်း၂၀အကြားရှိတယ်လို့ ပိုဘရီက ပြောပါတယ်။ မြန်မာတွေအကြိုက်ဆုံးနေရာတွေထဲမှာ ဆေးရုံ တွေ၊နိုင်ငံတကာကျောင်းတွေ၊ဈေးဝယ်စင်တတွေနှင့်ဟိုတယ်တွေနှင့်နီးတဲ့ ဆူကိုဝေ့ Sukhumvit ၊ဖရောင်းဖုန် Phrom Phong နှင့် အစို့ Asoke တို့က အိမ်ရာစီမံကိန်းတွေဖြစ်ကြပါတယ်။
မြန်မာနိုင်ငံမှ အလယ်အလတ်တန်းစားဝယ်ယူသူတွေကတော့ အားရီ Aree နှင့် ပရာထိုင်း Phaya Thai ဇုန်တွေက ဘတ်ငွေ ၅သန်းမှ ၁၀သန်းအကြားရှိတဲ့ ကွန်ဒိုတွေကို ဝယ်ယူကြပါတယ်။ အထူးသဖြင့် BTS/MRT လမ်းကြောင်း တစ်လျောက် မြန်မာတွေ အကြိုက်တွေ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွားရေးလာရေး လွယ်ကူပြီး ငှားဖို့နှင့် ပြန်ရောင်းဖို့ အခွင့်အလမ်းတွေကောင်းလို့ဖြစ်ပါတယ်။
“ ဒီအုပ်စုထဲကသူတွေဟာ အများအားဖြင့် လူငယ်တွေဖြစ်ကြပြီး ကွန်ဒိုတွေကို ငှားစားဖို့ ဒါမှမဟုတ် ပြန်ရောင်းဖို့ ရင်းနှီးမြှပ်နှံကြတာဖြစ်တယ်။ သူတို့ဟာ နေရာကောင်းတဲ့အခန်းတွေကို ကြိုပွိုင့်ဝယ်ယူလေ့ရှိကြတယ်” လို့ ပိုဘရီ ကဆက်ပြောပါတယ်။
မြန်မာနိုင်ငံက စူပါသူဋ္ဌေးတွေဟာ ဖူးကက်က ဇိမ်ခံ ရေကူးကန်နှင့်ဗီလာကြီးတွေကိုလည်းစိတ်ဝင်စားကြတယ်။ အထူးသဖြင့် လာဂူးနား Laguna နှင့် ဘန်သောင် Bang Thao ဇုန်တွေမှာဖြစ်တယ်။ အဲဒီမှာ ဗီလာတစ်လုံးကို ဆောက်လက်စမှာတင် ဘတ်ငွေ သန်း၄၀ကျော်နှင့် အရောင်းအဝယ်ဖြစ်နေကြတယ် လို့ သူက ဖြည့်စွက် ပြောပါ တယ်။
ချင်းမိုင်မှာဆိုရင် မြန်မာတွေဟာ သူတို့ အငြိမ်းစာယူတဲ့အခါ ဒါမှမဟုတ် မိသားစု အပန်းဖြေခရီးထွက်တဲ့အခါ နေဖို့ အတွက် ဘတ်ငွေ သန်း၂၀ မှသန်း ၃၀ အကြားတန်ဖိုးရှိတဲ့ လုံးချင်းအိမ်တွေကို ကြိုဝယ်ထားကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့ဟာ မြန်မာနိုင်ငံနှင့်သိပ်မဝေးတဲ့နေရာမှာရှိပြီး ဘန်ကောက်လိုပဲ အထောက်အပံ့တွေ အများကြီးရှိပြီး ခရီးသွားတွေကိုစွဲဆောင်ထားတဲ့မြို့လည်းဖြစ်ပါတယ်။ ချင်းမိုင်မှာ မြန်မာတွေက ဆန်ကမ်ပန်း San Kamphaeng နှင့် ဟန်ဒေါင် Hang Dong ခရိုင်တွေကို အကြိုက်တွေ့ကြပါတယ်။
“ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုဟာ အရေးကြုံလာခဲ့ရင်ဆိုပြီး မြန်မာမီလျံနာတွေကို ထိုင်းမှာ ဒုတိယ အိမ်တွေဝယ်ဖို့ တွန်းအားပေးတဲ့ အရေးကြီးတဲ့အချက်တစ်ခုဖြစ်နေတယ်” လို့ သူကဆက်ပြောပါတယ်။
“ မြန်မာတွေဟာ တရုတ်တွေနှင့်မတူကြဘူး။ သူတို့ဟာ တရုတ်တွေလို့ တရုတ်တန်းမှာ အသိုက်အဝန်းနှင့် အတူနေကြတာမျိုးထက် သီးသီးသန့်သန့်နေကြရတာကိုပိုကြိုက်ကြတယ်။ အဲဒါကြောင့် မြန်မာပြည်က အိမ်ဝယ်မယ့်သူတွေကို ကြိုးစားဆွဲဆောင်တဲ့အခါ အိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီတွေဟာအဲဒီအချက်ကို မမေ့ကြဖို့လိုတယ်”လို့ သူကပြောပါတယ်။
Source The Nation
အဘဘိုးမင်းခေါင်အစရှိတဲ့ ဝိဇ္ဇာပုဂ္ဂိုလ်တွေရဲ့ ပုံတူဆီလီကွန်ရုပ်တုတော်တွေကို အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူတို့မှမြန်မာလက်မှုပညာရှင်တွေထံမှာယူလာကြတယ် မြန်မာဆီလီကွန်လက်မှုပညာရှင်တစ်ဦး ကိုစိုးသူဝင်း
#Local_News
Published 27 February 2024
#ဝိဇ္ဇာလိုင်းပုံတူ ဆီလီကွန်ရုပ်တုတော် #မြန်မာဆီလီကွန်လက်မှုပညာရှင်တစ်ဦး
#Yangon_Times #YMG_News #Yangon_Media_Group
#Local_News
Published 27 February 2024
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှမ်းစုကျေးရွာ တွင် ပျောက်ဆုံးနေသည့် ၃နှစ်အရွယ်က-လေး- ငယ် ကို ယနေ့ နံနက်ပိုင်းက ေ-သ ဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။
ဖေဖေါ်ဝါရီ (၂၄) ရက် ညနေပိုင်းက စတင်ပျောက်ဆုံးခဲ့ပြီး က-လေးငယ်၏ ရုပ်အလေ-ာင်းအား (၄) ရက်မြောက်နေ့ဖြစ်သည့် ယနေ့ဖေဖေါ်ဝါရီ (၂၇) ရက်တွင် ပြန်လည်တွေ့ရှိ ခြင်းဖြစ်ကြောင်း သိရသည်။
"က-လေးကိုပြန်တွေ့တဲ့နေရာက သူတို့နေတဲ့အိမ်နဲ့ဆို ၁၅မိနစ်လောက်သွားရသေးတယ်။ နောက်ပြီး ကားလမ်း မကြီး ကိုလဲကူးရသေးတယ်။ က-လေး ပြန်တွေ့တော့ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေတွေ့တယ်လို့ ကြားတယ်။ အခုကိစ္စ ဖြစ်တော့ ရွာထဲကသူတွေအနေနဲ့ မိသားစုနဲ့ ထပ်တူစိတ်မကောင်းလဲဖြစ်ရတယ်။ အခြားက-လေးမိဘတွေ စိုးရိမ် စိတ်တွေဖြစ်ကျတာပေါ့"ဟု အဆိုပါရှမ်းစုကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ကလေးငယ်၏ ဖခင် မှာလည်းသူ၏ လူမှုကွန်ယက်စာမျက်နှာတွင် "မချိမဆန့် dead body ဒီအရွယ်နဲ့ ဒီဒဏ်ရာမျှတရဲ့လားကွာ နောက်ဆုံးခရီး ဒီနေ့ဘဲစီစဥ်လိုက်ရတော့တယ်။ ရှမ်းစုသုဿာန်"ဆိုပြီး ရေးသားထားသည်ကို တွေ့ရသည်။
ပျောက်ဆုံးရာမှ ေ-သဆုံးခဲ့ရသည့် က-လေးငယ်မှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းတွင် နေထိုင်သည့် ဦးအေးဇော်မြင့်၊ ဒေါ်နွယ်နွယ်စိုးတို့၏ သားဖြစ်သူ (၃) နှစ်အရွယ် မောင်ဇွဲမာန်သစ်ဖြစ်ကာ ပျောက်ဆုံးခဲ့သည့်နေမှစ၍ မိသားစုဝင်များ က လူမှုကွန်ယက်မှတဆင့် အကူညီတောင်းသဖြင့် လူမှုကွန်ယက်ပေါ်တွင် ရှဲပေးသူများ အမြန်ဆုံးပြန်တွေ့ရန် ဆုတောင်းပေးသူများ၊ က-လေးနှင့် ပတ်သက်ပြီး ဗေဒင်တွက်ပေးတာတွေ ပြုလုပ်ပေးကျသည်ကို တွေ့ရသည်။
#Local_News #၃နှစ်အရွယ်က-လေး-ငယ် #ေ-သဆုံးလျက်တွေ့ရှိ #YMG/LW #Yangon_Times
#Local_News
Published 27 February 2024
Bank of Chinaမှ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူ(၁၀၀)ဦးကို ယခုနှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
Bank of China ၏ ပညာသင်ထောက်ပံ့ကြေးမံကိန်းကို ၂၀၂၂ ခုနှစ်တွင်စတင်ဖော်ဆောင်ခဲ့ပြီး နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ကျောင်း သူပေါင်းအယောက်(၁၀၀)ကို ပညာသင်ထောက်ပံ့ ကြေး ချီးမြှင့်ပေးခဲ့သည်။
ယခုနှစ်အတွက် Bank of China၏ ရန်ကုန်တက္က သိုလ်ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရန်ကုန်မြိုတွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing က တရုတ်-မြန်မာ ငွေရေးကြေးရေးအဖွဲအစည်းနှင့် ကုမ္ပဏီများသည် ဆက်လက် နက်ရှိင်းစွာပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်မှုနှင့် ပြည်သူ့အကျိုး စီးပွားမြှင့်တင်ရေးတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ကြောင်း၊ လူငယ်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော် ဖွံဖြိုးတိုးတက်မှုတည်ဆောက်ရာတွင် လူတော်လူချွန်များဖြစ်လာစေရန် ကြိုးပမ်းလေ့လာသင်ယူပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် အဓိကအားအင်သစ်ဖြစ်လာရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါက မြန်မာနိုင်ငံရှိ တရုတ်ဘဏ်များနှင့်ကုမ္ပဏီများက မြန်မာနိုင်ငံ လူမှုစီးပွားဖွံဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွအကျိုးထမ်းဆောင်ပေးမှုကို ချီးကျူးကြောင်း၊ Bank of China (ရန်ကုန်ဘဏ်ခွဲ) မှ တရုတ်ယွမ်ငွေဖြင့် ပေးချေမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံသား အလုပ်သမားများ၏ လစာငွေလွဲရေးကိစ္စအား စမ်းသပ်ဖြေရှင်းပေးမှု၊ လူမှုရေးပရဟိတလုပ်ငန်းဆောင်ရွက်ရာတွင်ပါဝင်သည့် အခန်းကဏ္ဍများ စသည်တိုကို များစွာချီးကျူးကြောင်း ပြောကြားခဲ့သည်။ ထိုပြင် ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်ချိုချိုနှင့် ကျောင်းသားကျောင်းသူကိုယ်စားလှယ်တိုမှလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
#Local_News #Bank_of_China #ကျောင်းသားကျောင်းသူ(၁၀၀)ဦး #ပညာသင်ထောက်ပံ့ကြေးများချီးမြှင့် #tthl #Yangon_Times
၂၆ ဖေဖော်ဝါရီ ၂၀၂၄
၂၀၀၀၀ကျပ်တန်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ထုတ်လွှင့်နေမှု များ၊ PDFများက ကလေးတက္ကသိုလ်သို့ ဝင်ရောက်၍ ဆရာ၊ဆရာမများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်း သူများအား အကြမ်းဖက်ဖမ်းဆီးခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ၂၆ ရက်တွင်ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
@ymg/knl
Published 26 February 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၆/၂)နှင့် (၂၇၆/၃)ကြားတွင် PRADO အမျိုးအစား ယာဉ်(၁)စီးသည် တံတားဘောင်အား တိုက်မိတိမ်းမှောက်မှုဖြစ်ပွားကြောင်းပေပင်လေးအမြန်လမ်း မီးသတ်တပ်ဖွဲ့ထံ ကသိရသည်။
ဖေဖေါ်ဝါရီ ၂၆ ရက် နေ့လည် ၂နာရီ ၇မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦးအနက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 427 of 1882