#Local_News
Published 29 February 2024
မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်ချင်ပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် C of I ကို မလေးရှားရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွင် လာရောက် လျှောက်ထားနိုင်ကြောင်း သံရုံးက အသိပေးကြေညာထားသည်။
မလေးရှား အစိုးရမှ ၂၀၂၄ခုနှစ်မတ်လ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ မလေးရှားနိုင်ငံအတွင်း တရားမဝင်ရောက်ရှိ နေကြသည့် နိုင်ငံခြားသားများ မူရင်းနိုင်ငံကို ပြန်လိုပါကပြန်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
မိခင်နိုင်ငံသို့ ပြန်လိုသည့် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် နိုင်ငံကူးလက်မှတ်သို့မဟုတ် C of I နှင့်အတူ အပြန်လေယာဉ်လက်မှတ်တို့ဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးရုံးများတွင် သတ်မှတ်ဒဏ်ကြေးဖြစ်သည့် ရင်းဂစ် ၅၀၀ ပေးဆောင်ပြီး ၁၄ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည် ထွက်ခွာနိုင်ကြောင်း သိရသည်။
ယခုကဲ့သို့ မလေးရှား အစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ နေရပ်သို့ ပြန်လိုသည့် တရားမဝင်အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ အနေနဲ့နိုင်ငံကူးလက်မှတ်မရှိပါက မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ထုတ်ပေးသွားမည်ဖြစ်သောကြောင့် မြန်မာသံရုံးတွင် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ကြောင်းနှင့် မြန်မာနိုင်ငံသားစိစစ်မှု မှန်ကန်ပါက ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံး က ထုတ်ပြန်ကြေညာထားသည်။
#Local_News #မြန်မာသံရုံး #CIလာရောက်လျှောက်ထားနိုင် #YMG/LW #Yangon_Times
#Daily_News
Published_ 28 February 2024
၁။ မတ်လထဲတွင် ပုံမှန်ထက်ပိုပူပြင်းမည့် ဒေသ(၅)ခုရှိ
၂။ မော်ဒယ်နိမ့်နှင့် လူကြိုက်နည်းကားများ ဈေးနှုန်းကျဆင်း
၃။ ဘင်္ဂလားဒေ့ရှ်ကို ဂျင်းတင်ပို့ရာမှာ ယခင်ထက်သယ်ယူစရိတ်နှစ်ဆဖြစ်နေ
၄။ ဆူဒန်ပြည်တွင်းစစ်ပဋိပက္ခကြောင့် မရှိမဖြစ်ကျန်းမာရေးဝန်ဆောင်မှုစနစ်များရပ်တန့်သွားကာ လူသန်းနှင့်ချီရောဂါကူးစက်ခံနေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 28 February 2024
ပဏာမမြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းအနေ ဖြင့်အာဆီယံချန်ပီရှစ်ပြိုင်ပွဲနှင့် အာရှခြေစစ်ပွဲစဥ်များပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
အဆိုပါယူ၁၉ လူငယ်လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇွန်လနှင့် စက်တင်ဘာလတို့တွင် အာဆီယံချန်ပီရှစ်ပြိုင်ပွဲနှင့် အာရှခြေစစ်ပွဲစဥ်များ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။
နိုင်ငံတကာပြိုင်ပွဲများအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် MFF လေ့ကျင့်ရေးကွင်း(၅)တွင် Training Match အဖြစ် နှစ်သင်းခွဲ လေ့ကျင့်ယှဉ်ပြိုင်ကစားလျက်ရှိသည်။
ပဏာမမြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းကိုလက်ရွေးစင် ယူ-၁၈အသင်း (Junior Lions) နှင့် MFF အကယ်ဒမီတို့မှ ကစားသမားများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ကစားသမားများ၊ တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲများမှ ထွက်ပေါ်လာသော ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ဇန်နဝါရီလ ပထမအပတ်မှစတင်ကာ သုဝဏ္ဏလက်ရွေးစင်ကစားသမားအဆောင်၌ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
#tthl #Yangon_Times #မြန်မာယူ-၁၉အသင်း #အာဆီယံချန်ပီရှစ်ပြိုင်ပွဲ
#Local_News
Published February 2024
မြန်မာ့အထည်ချုပ်လုပ်ငန်းများကို ဥရောပဈေးကွက်၌ အီတလီနှင့် စပိန်နိုင်ငံတို့ စိတ်ဝင်စားမှု အဓိကမြင့်တက်နေပြီး ဗြိတိန် (UK)နှင့် ဂျာမနီနိုင်ငံတို့မှလည်း အထိုက်အလျောက် စိတ်ဝင်စားမှု မြင့်တက်မှုရှိနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ပြုလုပ်သည့် Messe Frankfurt ၏ ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲများ မိတ်ဆက်ပွဲနှင့် Networking Dinner ပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဈေးကွက်အနေနဲ့ဆိုရင် စိတ်ဝင်စားမှုအားလုံးက အီတလီတို့၊ စပိန်တို့က အရမ်းမြင့်တက်ပါတယ်။ နောက် UK ဘက်ကလည်း၊ ဂျာမနီဘက်တို့က သူတို့က အထိုက်အလျောက် စိတ်ဝင်စားမှုရှိပါတယ်” ဟု ဦးမြင့်စိုးက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍမှ Brand ကုမ္ပဏီကြီးများထွက်သွားသော်လည်း အခြားသော Brand ကုမ္ပဏီအသေးများ၏ စိတ်ဝင်စားမှုနှင့် အော်ဒါမှာယူမှုများ ရရှိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ပြည်တွင်း၌ အထည်ချုပ်စက်ရုံ ၅၂ ရုံ ရပ်တန့်သွားခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ရပ်တန့်သွားသော အထည်ချုပ်စက်ရုံအရေအတွက်မှာ ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိစာရင်းအရ ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက်သည် အထည်ချုပ်စက်ရုံအားလုံး၏ ၃၁ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိတွင် ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် အထည်ချုပ်တင်ပို့မှုသည် အများဆုံးဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ် ၉ လခွဲအတွင်း အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၃၈၀ ဘီလျံအထိ ရရှိထားကြောင်း သိရသည်။
#Local_News #မြန်မာ့အထည်ချုပ်လုပ်ငန်းများ #စိတ်ဝင်စားမှုအဓိကမြင့်တက် #YMG/NN #Yangon_Times
#Local_News
Published 28 February 2024
တိပိဋကယောဆရာတော်ကြီးမှ ရွှေတိဂုံစေတီတော်သို့ ရွှေပိဿာချိန် တစ်ပိဿာကျော်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုအား ဖေဖော်ဝါရီ ၂၆ရက်က ယောဆရာတော်ကျောင်းသို့ တာဝန်ရှိသူများက သွားရောက်အလှူခံခဲ့ကြောင်း ရွှေတိဂုံစေတီတော် အုပ်ချုပ်ရေးမှုးရုံးအဖွဲ့ဝင်တစ်ဦးကပြောသည်။
မြတ်စွာဘုရားရှင်၏ " ရွှေဉာဏ်တော်" ကိုရည်စူးပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရွှေစင်ရွှေပြားကပ်လှူရန် တိပိဋကယောဆရာတော်ကြီးက ရွှေစင်တစ်ပိဿာ၊ ရွှေဒင်္ဂါးပြားတစ်ပြားနဲ့ နိုင်ငံတော်ကဆက်ကပ်ခဲ့သည့် သီရိပျံချီဘွဲ့ (ရွှေစင် ၆ ကျပ်သား) ကို ဖေဖော်ဝါရီ၂၇ရက်တွင် ရွှေတိဂုံစေတီတော်ဂေါပကလူကြီးများ၊ တိုင်းသာသာနာရေးမှူးတို့ထံ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ယောဆရာတော်ကြီး၏ တပည့်ဒါယကာတစ်ဦးကပြောသည်။
ယောဆရာတော်သည် မယ်တော်ကြီး ၁၀၂-နှစ်ပြည့်၊ ကိုးလပြည့် ရည်းစူးအနေဖြင့် သံဃာတော်များကို ဆွမ်း၊ သင်္ကန်းများကပ်လှူ၍ ရွှေတစ်ပိဿာကျော်ကို ရွှေတိဂုံဘုရားသို့ လှူဒါန်းတော်မူခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းပွဲတွင် နာယကဆရာတော် ၄-ပါးလဲ ရှင်းရှင်းလင်းလင်းသိစေရန် ယောဆရာတော်မှ ပင့်ဖိတ်စေခဲ့ကြောင်းသိရသည်။
ယောဆရာတော်ကြီးက "ရွှေတွေက ဟိုကလာလှူ၊ ဒီကလာလှူ၊ လာလာလှူနေကြတာ၊ ဘုန်းကြီးအိုကြီးက သူများလာလှူထားတဲ့ ရွှေတွေကို ဖြူလား၊ မဲလား တစ်ခါမှလဲ မကြည့်ပါဘူးဗျ၊ ဘုန်းကြီးနှင့် ရွှေဘာမှလဲမဆိုင်ပါဘူးဗျ "ဟု မိန့်တော်မူကြောင်း ဆရာတော်ကြီး၏တပည့် ဖြစ်သူ အရှင်ပညာတိက္ခ(ယော)က လူမှုကွန်ယက်မှာ ရေးသားထားသည်။
ဆရာတော်ကြီးကိုကြည်ညိုကြသူများမှ လာရောက်လှုဒါန်းခဲ့သည့် ရွှေစင်များကို ပြန်လည်လှူဒါန်းခြင်းဖြစ်ကြောင်းလည်းဆိုသည်။
တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသသည်(၄၇) ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲမှာ သုတ္တန္တဋကဒီဃနိကာယ သုံးကျမ်း (သဘော ရေးဖြေပွဲ) ကို အောင်မြင်တော် မူခဲ့ တာ ကြောင့် ဒီဃနိကာယ ကောဝိဒ ဘွဲ့တံဆိပ်တော်နဲ့ ၎င်းအောင်လက်မှတ် တို့ကို ရရှိ ခဲ့ သည့်ဆရာတော်တစ်ပါးဖြစ်ကြောင်းသိရသည်။
ထို့အပြင် သင်ရိုးပိဋကတ်သုံးပုံကို ပြီးဆုံး အောင်မြင်ခဲ့ရာ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးဝါကနက္ကဒဏ် ထီးဖြူတော် သုံးလက် တံဆိပ် ပါရှိသည့် သာသနာ့ အောင်လံတော်ကို ခံယူ ရရှိခဲ့ခြင်းဖြစ်ပြီးလက်ရှိတွင် သာသနာပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော်မူ နေကြောင်း သိရသည်။
#ရွှေတိဂုံစေတီတော် #ရွှေတစ်ပိဿာကျော်လှူဒါန်း #YMG/NN #Yangon_Times
YBS မော်တော်ယာဉ်ကြီးများ မောင်းနှင်နိုင်ရန်အတွက် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတတ်မှ YRTC ၏ ကြီးကြပ်မှုဖြင့် YBS မော်တော်ယာဉ်ကြီးမောင်းသင်တန်း အပတ်စဉ် ၂/၂၀၂၄ ကို လာမယ့်မတ်လ ပထမအပတ်မှာ ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published_ 28 February 2024
#YBSမော်တော်ယာဉ်ကြီးမောင်းသင်တန်း #သင်တန်းကာလ၁လ
#YMG/LW #Yangon_Times
တောင်တွင်းကြီးမြို့ရှိ ကျေးရွာအသီးသီးမှ ရှင်လောင်း(၁၆၀)ကို ရှင်ပြုလှူဒါန်းပေးနိုင်ခဲ့တယ်။ ဖေဖော်ဝါရီလ(၂၈)ရက်မှာတော့ အဘိုး( ၄၅) ဦး လှူဖွယ်ပစ္စည်းတွေလှူဒါန်းခဲ့ပြီး ဖေဖော််ဝါရီ(၂၉) ရက်မှာတော့ အဘွားတွေနဲ့ နွမ်းပါး အိမ်ထောင်စု တွေကို ချီးမြှင့်ထောက်ပံ့ဖို့ရှိတယ်။
#Local_News
Published_ 28 February 2024
#ချမ်းမြေ့ဆရာတော် #ဘိုးဘွားနှင့်နွမ်းပါးအလှူပွဲ
#tthl #Yangon_Times
Page 423 of 1881