Published 15 August 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ယနေ့မနက်ပိုင်းတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဩဂုတ် ၁၅ ရက်နေ့၊ မနက် ၈ နာရီ အချိန်ခန့်က မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းရရှိသဖြင့် ရေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၉ နာရီ၁၅ မိနစ်အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
Published_15 August 2024
ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ဒုတိယအကြိမ် လေလံကို ယနေ့ သြဂုတ်လ ၁၅ ရက် နံနက်က ပြုလုပ်ရာ မအောင်မြင်ခဲ့ ကြောင်း သိရသည်။
မတ်လ ၂၀ ရက်က အဆိုပါခြံရှေ့တွင် လေလံ ပြုလုပ် ခဲ့ရာ လေလံဆွဲမည့်သူမရှိကြောင်း၊အလားတူ ယနေ့ပြုလုပ်သော လေလံပွဲတွင်လည်း ဝယ်ယူသူမရှိသော ကြောင့် မအောင်မြင်ခဲ့ကြောင်း သိရသည်။
ယခင်က လေလံတင်ရောင်းချရာတွင် ခြံအမှတ်(၅၄)၏ ကြမ်းခင်းဈေးမှာ ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ (ကျပ် ၃၁၅ ဘီလျံ) ဖြစ်ပြီးယခုအခါ လေလံကြမ်းခင်းဈေးကို ကျပ်ဘီလျံ ၃၀၀ သတ်မှတ်၍ သတ်မှတ်လေလံတင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခြံအမှတ် ၅၄ ၏ ဧရိယာအကျယ်အဝန်းမှာ ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းပြီး စတုရန်း ပေ ၈၃၇၆၅ ဒသမ ၈၈ ပေရှိကြောင်း၊အမည်ပေါက်မှာ ဒေါ်ခင်ကြည် ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦး အောင်ဆန်းဦးက အမွေခွဲဝေရန် လျှောက်ထားမှုအပေါ် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးဟူ၍ ခွဲဝေရန် အမိန့်ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ခြံဝင်းတစ်ခုလုံးကို လေလံပစ်ကာရရှိသည့်တန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် ၂၀၁၈ ခုနှစ်အောက်တိုဘာ ၁၇ ရက်တွင် ဦးအောင်ဆန်းဦးက အယူခံတက်ခဲ့ရာ ပါယ်ချမှုများ ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့တင်ပြ၍အထူးအယူခံ လျှောက်ထားခဲ့ရာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ခွင့်ပြုကြောင်း အမိန့်ပြန် လည်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် လေလံပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ငရုတ်ဝယ်လိုအားနဲ့ ဖြုန်းအားများတဲ့ ဒေသတွေကိုတင်ပို့ဖို့ အခက်အခဲတွေကြောင့် ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ငရုတ်ခြောက်ဈေးနှုန်းတွေကျဆင်းနေတယ်လို့ ပွဲရုံတွေက သိရပါတယ်။
#Local_News
Published 15 August 2024
#ငရုတ်ခြောက်ဈေးကျဆင်း #လမ်းပန်းဆက်သွယ်ရေးအခက်အခဲ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးဖို့ စီစဉ်သွားမယ်လို့ ဩဂုတ် ၁၄ ရက်၊ ညပိုင်းကထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 15 August 2024
#စက်သုံးဆီလုပ်ငန်းရှင်များ #ဒေါ်လာသန်း၁၀၀ပံ့ပိုး
#YMG/NN #Yangon_Times
ညောင်တုန်းက ရေဘေးသင့်ပြည်သူတွေအတွက်နဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေကိုယ်စားရှင်သန်ရေးလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ဦးဆောင်ပြီးတန်ဖိုးငွေကျပ်သိန်းလေးဆယ်ဖိုးရှိ စားသောက်စရာများကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်။
#Local_News
Published 15 August 2024
#ရေဘေးသင့်ပြည်သူ #ဆန်များပေးအပ်လှူဒါန်း
#YMG/tthl #Yangon_Times
၁၅ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပြည်ပ မှ ဝင်ရောက်စွက်ဖက်နေခြင်းကို ပြင်းထန်စွာဆန့်ကျင်ပြီး အခြေခံဥပဒေ မူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံရေးသင့်မြတ်မှုအတွက် မြန်မာ၏ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်က ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိဟာ ယမန်နေ့ ဩဂုတ် ၁၄ရက်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံစဉ်အတွင်း ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပြည်ပ မှ ဝင်ရောက်စွက်ဖက်မှုတွေနှင့် စိမ့်ဝင်မှုတွေကို ဆန့်ကျင်တယ်။ပြီးတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားတဲ့ မည်သည့် အပြော မည်သည့်အလုပ်တွေကိုမဆိုလည်း ဆန့်ကျင်တယ်လို့ ဆက်ပြောပါတယ်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာလွတ်လပ်ရေး၊အချုပ်အခြာအာဏာ၏၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတွေ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနေတာတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ဝမ်က ပြောပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်ကနေ ပြည်တွင်း နိုင်ငံရေးအရပြန်လည်သင့်မြတ်ရေး၊ ရွေးကောက်ပွဲကျင်းပရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေမှာ မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလည်း တရုတ်က ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ လည်းသူကဆက်ပြောပါတယ်။
တွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက ဘက်စုံ ရေရှည် ကိုယ်ကျိုးမငဲ့ ကူညီဆောင်ရွက်ပေးနေမှုတွေကို ကျေးဇူးတင်တယ်လို့ ဝမ်ယိကိုပြန်လည်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရေးအခြေခံပြီးအမြဲဆက်ဆံခဲ့ကြတယ်၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ ရှေရှည်အတူယှဉ်တွဲနေထိုင်ရေးဟာ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးကဆက်လက် ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
သူ့အနေနှင့် မြန်မာနိုင်ငံကို တရုတ်ကဆက်လက်ထောက်ခံအားပေးလိမ့်မယ်လို့ယုံကြည်ပြီး ပြင်ပဝင်ရောက်စွက်ဖက်မှုကို စောင့်ကြပ်ရာမှာနှင့် ပြည်တွင်းတည်ငြိမ်ရေးထိန်းသိမ်းရာမှာ မြန်မာကိုကူညီလိမ့်မယ်လို့လည်းယုံကြပါတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံတကာမျက်နှာစာမှာ လောကဓံကိုကြံကြံ့ခိုင်နိုင်ခဲ့ပြီး အချိန်နှင့်အမျှ ပိုပြီးခိုင်မာတောင့်တင်းလာပါတယ်လို့ ဝမ်ယိက ပြန်လည်ပြောကြားပါတယ်။
တရုတ်နိုင်ငံဟာ ယင်းရဲ့ အိမ်နီးချင်းသံတမန်ရေးရာမှာ တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး ကို အရေးကြီး အနေအထားအဖြစ် အမြဲထားရှိတယ်လို့လည်းဝမ်ကပြောပါတယ်။
အေးအတူပူအမျှ တရုတ်-မြန်မာအသိုက်အဝန်းတည်ဆောက်ရာမှာ သိသာထင်ရှားတဲ့ရလာဒ်တွေပိုမိုရရှိစေဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနှင့်လက်တွဲဆောင်ရွက်လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဝမ်ယိဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာရောက်ရှိခဲ့ပြီးနောက် ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ဖို့ထိုင်းနိုင်ငံကိုဆက်လက်သွားရောက်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရုတ်၊ လာအို၊မြန်မာနှင့်ထိုင်း နိင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့လည်းရှိနေပါတယ်။
Ref: Xinhua
Page 41 of 1739