#Local_News
Published 21 December 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမ၌ အိမ်ကားတစ်စီးသစ်ပင်ဝင်တိုက်ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဒီဇင်ဘာ ၂၁ရက်နေ့ ၊ မနက်၇နာရီ ၄၅ မိနစ်အချိန်ခန့် က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၃/၂) နှင့် (၇၃/၃) အကြားတွင် ယာဉ်(၁)စီး ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား တိုက်မိမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါမ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_21 Dec 2024
▪️ မြန်မာ- ကမ္ဘောဒီးယားနှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှစ် (၇၀) ပြည့်အခမ်းအနား ကျင်းပနိုင်ရေးကို ယနေ့ဒီဇင်ဘာလ ၂၀ ရက်နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သောသံအမတ်ကြီး H.E. Mr. CHENG Manith က နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ပြီးနောက် အထက်ပါအတိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းအပြင်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့်ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြားအပြန်အလှန် ကုန်သွယ်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုတိုးတက်အောင်ဆောင် ရွက်သွားမည့်အခြေအနေများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုအပြန် အလှန်ဖလှယ်ရေးနှင့်နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_21 Dec 2024
▪️ မြန်မာ-လာအို လေကြောင်းတိုက်ရိုက်ပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာလာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG သည် ယနေ့ဒီဇင်ဘာလ ၂၀ ရက်နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ပြီးနောက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အိမ်နီးချင်းကောင်း မိတ်ဆွေ ကောင်းနိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက် ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ ချစ်ကြည်ရေးတံတားမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ ကူးလူးဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံနှင့် ပြည်သူများအချင်းချင်းချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်နိုင်မည့် အခြေအ နေများ၊ အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းများတိုးတက်စေရေးအတွက် လေကြောင်း တိုက်ရိုက်ပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ပညာတော်သင်များအပြန်အလှန် စေလွှတ်လျက်ရှိမှုနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့် အခြေ အနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူး ချုပ် ဦးဇော်ထွန်းဦးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP
#Daily_News
Published 20 December 2024
၁။ ပြည်ပသို့လုပ်သားများစေလွှတ်ရာတွင် ကျွမ်းကျင်လုပ်သားများကို ပိုမိုစေလွှတ်မည်
၂။ စက်သုံးဆီအားလုံး ဈေးတက်၊ လျှပ်စစ်မီးပျက်ချိန်ပိုလာ၍ ရောင်းအားပိုကောင်းလာ
၃။ ယခုနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီလုံးဝမရရှိခဲ့သည့် လူဦးရေ ၁ ဒသမ ၄ သန်းရှိ
၄။ တရုတ်ဒုသမ္မတနှင့် အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေးတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများတွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပဝယ်လိုအားမရှိတာကြောင့် ဂျင်းဈေးနှုန်းတွေ ကျဆင်းနေပြီး ရှမ်းတောင်သူ တွေတွက်ခြေကိုက်မှုနည်းပါးနေတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။
#Local_News
Published 20 December 2024
#ဂျင်းဈေးနှုန်းကျဆင်း #ပြည်ပဝယ်လိုအားမရှိ
#YMG/NN #Yangon_Times
၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန်နည်းပါးခဲ့တာကြောင့် လူဦးရေ ၁ ဒသမ ၄ သန်းဟာ ဘာအကူအညီမှမရရှိခဲ့ဘူးလို့ UNOCHA Myanmar ဆိုပါတယ်။
#Local_News
Published 20 December 2024
#ရန်ပုံငွေရရှိခဲ့မှုနည်းပါး #လူသားချင်းစာနာမှုဆိုင်ရာ
#YMG/SW #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက် ဒီကနေ့ထုတ်ပြန်ချက်အရ စက်သုံးဆီ အမျိုးအစားအားလုံးဈေးနှုန်းမြင့်တက်လာပြီး လျှပ်စစ်မီးပျက်ချိန် ပိုလာတာကြောင့် ရောင်းအားပိုကောင်းလာတယ်လို့ စက်သုံးဆီရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published 20 December 2024
#စက်သုံးဆီရောင်းချသူ #စက်သုံးဆီဈေးတက်
#YMG/NN #Yangon_Times
Page 5 of 1845