၂၇ မတ် ၂၀၂၄
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၂၇ ရက် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ညှိနှိုင်းကွပ်ကွဲရေးမှူး၊ ကာကွယ်ရေးဦီးစီးချုပ်(ရေ)၊ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊အငြိမ်းစားတပ်မတော် အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။
အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်း ဗိမာန် (နေပြည်တော်) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရှိရပါတယ်။
၂၇ မတ် ၂၀၂၄
နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ မတ် ၂၇ရက်မနက်ကကျင်းပသည့် အငြိမ်းစားတပ်မတော်အရာရှိကြီး များအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် (အငြိမ်းစား ဗိုလ်ချုပ်ကြီး) နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။
အငြိမ်းစားတပ်မတော်အရာရှိကြီးများ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနားသို့ တက်ရောက်လာစဉ် ယခု အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါအခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိ ကြီး ၁၆ ဦးနှင့် ဇနီး ၁၀ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်အတူ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး(ဒုတိယဗိုလ်ချုပ်ကြီးတင်အေး-ငြိမ်း)နှင့် ထိပ်တန်းတပ်မတော်အရာရှိကြီးအချို့ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်သော ရုပ်သံသတင်းများအရသိရပါတယ်။
“ယခုအခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏မိဘဆရာများပင်ဖြစ်ပါ ကြောင်း” ဗိုလ်ချုပ်မှူးကြီးက ပြောကြားပြီး လက်ရှိတာဝန်ယူနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ ယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့် ကျေးဇူးတရားကိုသိရှိစွာဂါရဝ ပြု ကန်တော့ ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်းတစ်ခုပင်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
အဲဒီနောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား နိုင်ငံတော်သမ္မတ(ငြိမ်း)ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်မှူးကြီးညွန့်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က ဆုမွန်ကောင်းများနှင့် ဩဝါဒ စကားများကို ပြောကြားခဲ့ကြ ကြောင်းသတင်းရရှိပါတယ်။
@ymg/knl
Published _27 March 2024
ရန်ကုန်မြို့လယ် Sule Square အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား ၍ အရွယ်မရောက်သေးသူများအပါအဝင် ၅ ဦးခန့် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ (၂၇) ရက် ည ၇ နာရီခွဲခန့်အချိန်ကဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့သောကြောင့်သန့်ရှင်းရေးဝန်ထမ်း အချို့၊ အမှိုက်သိမ်း လူငယ် အချို့နှင့် လမ်းသွား လမ်းလာလူငယ် အပါအဝင် (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
“အမှိုက်ကောက်တဲ့ ကလေးတွေလည်း ပါတယ်။အခုတော့ ဆေးရုံကြီးကို သယ်ယူပို့ဆောင်ထားတယ်”ဟု ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဝင် တစ်ဦးက ပြောသည်။
လက်ရှိတွင် ဆူးလေလမ်းမနှင့် အနော်ရထာလမ်းတစ်ဝိုက်တွင် လုံခြူံရေး များက စိစစ်နေကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 27 March 2024
#YMG #Yangon_Times #Yangon_Media_Group
Published _27 March 2024
ရန်ကုန်မြို့လယ် Sule Square အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား ၍ အရွယ်မရောက်သေးသူများအပါအဝင် ၅ ဦးခန့် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ မတ်လ (၂၇) ရက် ည ၇ နာရီခွဲခန့်အချိန်ကဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့သောကြောင့်သန့်ရှင်းရေးဝန်ထမ်း အချို့၊ အမှိုက်သိမ်း လူငယ် အချို့နှင့် လမ်းသွား လမ်းလာလူငယ် အပါအဝင် (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
“အမှိုက်ကောက်တဲ့ ကလေးတွေလည်း ပါတယ်။အခုတော့ ဆေးရုံကြီးကို သယ်ယူပို့ဆောင်ထားတယ်”ဟု ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဝင် တစ်ဦးက ပြောသည်။
လက်ရှိတွင် ဆူးလေလမ်းမနှင့် အနော်ရထာလမ်းတစ်ဝိုက်တွင် လုံခြူံရေး များက စိစစ်နေကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 27 March 2024
#YMG #Yangon_Times #Yangon_Media_Group
နယူးဒေလီ, မတ် ၂၇ (ရိုက်တာ)
အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၃.၇ ဘီလျံအကုန်အကျခံကာ မိုင်၁၀၀၀ခန့်ရှည်လျားသည့် မြန်မာနှင့်နယ်စပ် တစ်လျှောက် ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတယ်လို့ အဆိုပါကိစ္စနှင့်တိုက်ရိုက်သက်ဆိုင်တဲ့ သတင်းအရင်းအမြစ်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။ မှောင်ခိုလုပ်ငန်းတွေနှင့် တရားမဝင်လှုပ်ရှားမှုတွေကိုဟန့်တားနိုင်ဖို့လို့ ဆိုပါ တယ်။
နယူးဒေလီက နယ်စ်တွင်ခြံစည်းရိုးများခတ်ကာ ဆယ်စုနှစ်များစွာကြာခဲ့တဲ့ ဗီဇာမလိုဘဲဝင်ထွက်သွားလာခွင့်ကို လည်း အဆုံးသတ်မယ်လို့ နှစ်ဆန်းကတည်းက ပြောခဲ့ပါတယ်။
အိန္ဒိယအစိုးရကော်မတီတစ်ရပ်ဟာ ခြံစည်းရိုးခတ်မယ့် ကုန်ကျစရိတ်ကို ဒီလစောစောပိုင်းမှာ အတည်ပြုခဲ့ပါ တယ်။ ကော်မတီက အတည်ပြုပြီးနောက် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ အစိုးရအဖွဲ့က အတည်ပြုပေးဖို့လိုအပ်ပါ သေးတယ်လို့ အစိုးရ အရင်းအမြစ်တွေက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ပဋိပက္ခတွေကြောင့် နယူးဒေလီအနေနှင့် အိန္ဒိယသို့ လူမှုတင်းမာမှုတွေကူးစက်လာမှာကို စိုးရိမ်နေပါတယ်။
စစ်အခြေစိုက် စခန်းတွေ နှင့် နယ်စပ်ကို လမ်းတွေနှင့်ချိတ်ဆက်နိုင်အောင်နယ်စပ်ခြံစည်းရိုးတစ်လျောက်မှာ အိန္ဒိယနိုင်ငံအတွင်းဘက်မှာ အပြိုင်လမ်းတွေဖောက်လုပ်ဖို့ အိန္ဒိယအကြီးတန်းအရာရှိတွေရဲ့ကော်မတီတစ်ရပ်က သဘောတူခဲ့ပါတယ်လို့ သတင်းအရသိရပါတယ်။ ခြံစည်းရိုးနှင့် ယင်းနှင့်ကပ်လျက် လမ်းအတွက် ကုန်ကျစရိတ် ဟာ တစ်ကီလိုမီတာကို ရူပီး ၁၂၅သန်းကုန်ကျမယ်လို့ တွက်ချက်ထားပါတယ်။ အဲဒီကုန်ကျစရိတ်ဟာ ၂၀၂၀ခုနှစ်က ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ခြံစည်းရိုးကာစဉ်က ကုန်ကျစ၇◌ိတ် တစ်ကီလိုမီတာကို ၅၅သန်း နှုန်းထက် နှစ်ဆခန့်ဈေးကြီးနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီနယ်စပ်တလျောက်မှာ တောင်တွေထူထပ်ခြင်း နှင့် ကျူးကျော်ဝင်ရောက်မှုနှင့် ပျက်စီးယိုယွင်းမှုကို ဟန့်တားဖို့နည်းပညာအသုံးပြုကြရမှာကြောင့်ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
@ymg/knl
#Daily_News
Published_ 27 March 2024
၁။ အမေရိကန် UAF ၏ နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေး ထောက်ခံချက်လက်မှတ် ISOကို မြန်မာဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရရှိ
၂။ ပြည်သူ့ရင်ပြင်တွင် တည်ဆောက်နေသည့် ရေဂါလံ၂သိန်းဆံ့ မြေအောက်ရေလှောင်ကန် တည်ဆောက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဟုဆို
၃။ ကမ္ဘာ့ဈေးကွက်၌ မြန်မာ့ရော်ဘာ ဈေးရရှိမှု နည်းပါးနေ
၄။ အမေရိကန် အထက်တန်းကျောင်းသား ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သို့ လာရောက်ကာ တရုတ်ကျောင်းသားများနှင့် ပူးပေါင်းလှုပ်ရှားမှုများ ပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 27 March 2024
ပြေစာများတွင် အခွန်အမှတ်တံဆိပ်ကပ်ရန် ပျက်ကွက်မှုအတွက် သတင်းပေးတင်ပြသူများကို တပ်ရိုက်သည့် ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန် များ ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
စားသောက်ဆိုင်လုပ်ငန်းရှင်များ ၊ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင်များ ၊ ရွှေ ထည်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များ ၊ လက်ကိုင်ဖုန်း Handset နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချမှု၊ ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များ အနေဖြင့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူပြည်သူများဆီက တစ်ပါတည်းကောက်ခံပေးရန် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာအခွန်ရုံးကိုလည်း ပေးသွင်းရန်တာဝန်ရှိကြောင်း ဆိုသည်။
ထို့အပြင်ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားများနှင့် သက်မှတ်ချက်များနှင့် အညီ အခွန်အမှတ် တံဆိပ်ကပ်ရန် ပျက်ကွက်မှုအတွက် စာရွက်စာတမ်း အထောက်အထားဖြင့်ဖြစ်စေ၊ အသံဖိုင်ဖြင့်ဖြစ်စေ တင်ပြလာပါက သတင်းပေးတင်ပြသူကို ဒဏ်ရိုက်သည့် ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း၊လက်ကိုင်ဖုန်းများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်ရန် ပျက်ကွက်မှုအတွက် သတင်းပေး တင်ပြသူကို ၂၀ ရာခိုင်နှုန်း ဆုကြေးအဖြစ် ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။
စားသုံးသူပြည်သူများအနေဖြင့်ကျသင့်ငွေပေးချိန်၌ အခွန်အမှတ်တံဆိပ်ကပ်ထားသည့် ပြေစာကို တောင်းယူခြင်းနှင့် လုပ်ငန်းရှင်များ ကလည်း စားသုံးသူများတောင်းခံသည် ဖြစ်စေ၊ မတောင်းခံသည် ဖြစ်စေ အခွန်အမှတ်တံဆိပ် ကပ်ထားသည့် ပြေစာများကို မဖြစ်မနေ ထုတ်ပေးခြင်းများကို ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြရန်လည်း အသိပေးနှိုးဆော်ထားသည် ။
Yangon_Times/NN
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 371 of 1879