Published 4 April 2024
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် တွင် ယာဥ်တစ်စီးမှဓာတ်တိုင်ဝင်ရောက်တိုက်မိပြီးယာဥ်ပေါ်ပိမှု ဖြစ်ပွားခဲ့ကြောင်း သုဝဏ္ဏပရဟိတ အသင်းထံမှ သိရသည်။
ဧပြီလ ၃ရက် ည ၁၁နာရီ အချိန်ခန့် က သင်္ဃန်းကျွန်းမြို့နယ် (က)ရပ်ကွက် နှင်းဆီကုန်းအဝိုင်း အနီး တွင် အိမ်စီးကားတစ်စီး မှ ဓါတ်တိုင်ကို ဝင်တိုက် မိ ပြီး တိုက်မိသည့်အရှိန် ဖြင့် ဓါတ်တိုင်မှာ ယာဉ်ပေါ်သို့ပိမိသွားခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်သည့်နေရာသို့ ပရဟိတ အသင်းများ မှ လာရောက်ကူညီ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ် မောင်းသူမှာ အမျိုးသမီး တစ်ဦး ဖြစ် ပြီး ယာဉ်တိုက် မှု ကြောင့် ထိခိုက် ဒဏ်ရာ ရရှိ မှု မဖြစ်ခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ပြည်တွင်းစား ဆန်ချောဈေးကွက်အေးလို့ တစ်အိတ်ကျပ်ငါးထောင်အထိ ကျဆင်းလာပါတယ်၊ သက်ြန်ကာလပြီး
ရင်တော့ အရောင်းအဝယ် ပုံမှန်ပြန်လာနိုင်တယ်၊ ဈေးတက်ဖို့တော့မမျှော်လင့်ပါဘူး '
Yangon_Times/NN
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 4 April 2024
နေပြည်တော်လေဆိပ်၏အရှေ့ဘက်မှ ယနေ့ ဧပြီလ၄ ရက် နံနက် ၁၀နာရီခွဲအချိန်က
ဒရုန်း ၄ စင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ ဒရုန်းများကို အောင်မြင်စွာပစ်ချဖျက်ဆီးခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်လိုက်သည်။
အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်လာမှုကိုလည်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့ကြောင်းသိရသည်။
၎င်းဖြစ်စဉ်များ၌ လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာလနီးတဲ့အတွက် ကြက်သွန်နီက အရမ်းရောင်းကောင်းတယ် အရင်ထက်ကိုနှစ်ဆလောက် ရောင်းရတယ် ဒါပေမယ့် ကြက်သွန်နီက ဈေးမတတ်ဘူး သယ်ယူစရိတ်က အရင်ထက် ဈေးမြင့်လာတယ် အရင်က တစ်ပိသာကိုသယ်ခက ၁၃၀ကျပ်ကနေ အခု ၁၇၀ကျပ် ပေးရတယ် ဒါကြောင့် လာမယ့်အပတ်ထဲမှာ ကြက်သွန်နီဈေးက ထက်တတ်ဖို့ ရှိတယ်လို့ ခန့်မှန်းတယ်ဟု ကြက်သွန်ပွဲရုံများထံက သိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ကားလမ်းဝဲယာတစ်လျှောက်ရှိ ကျူးကျော်ဈေးတန်းတွေဟာ ရွှေတိဂုံစေတီတော်ရဲ့မြေနယ်နိမိတ်မဟုတ်လို့ စည်ပင်နဲ့ပေါင်းပြီး ရှင်းလင်းပေးခဲ့တယ်။စေတီတော် ဝတ္ထုကံမြေအတွင်းမှာ ဘုရားဖူးပြည်သူတွေအသုံးပြုနိုင်ဖို့ သန့်စင်ခန်းတွေကို စနစ်တကျတည်ဆောက်ပေးထားပြီး ဝန်ထမ်းတွေ ခန့်ထားကာ သန့်ရှင်းရေးကို အချိန်ပြည့်ဆောင်ရွက်ပေးလျက်ရှိတယ်။
Yangon_Times/tthl
#Local_News
#Published_ 04 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
4 April 2024
ရန်ကုန်ကန်တော်ကြီးထဲရှိကျောက်တောင်ပုံUTOPIA Towerကို မူလလက်ရာမပျက်ပြုပြင်နေကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှသိရသည်။
အဆိုပါ UTOPIA Tower သည် အထပ်ပေါင်း ၆ ထပ်ရှိပြီး အမြင့် ၉၆ ပေ ရှိကာUTOPIA Tower အဆောက်အဦအား စည်ပင် သာယာရေးကော်မတီအင်ဂျင်နီ ယာဌာန(အဆောက်အအုံ)မှ ပြန်လည်ပြုပြင်ဆောင်ရွက်နေခြင်းဖြစ်သည်။
UTOPIA Tower ပြုပြင်မွမ်းမံမှုကို ရန်ကုန်တိုင်းဒေသကြီး၊စည်ပင်သာယာရေးဝန်ကြီး၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်အဖွဲ့ဝင်များကြည့်ရူ စစ်ဆေးခဲ့ပြီး မြို့တော်ဝန်က အဆောက်အဦအားမူလလက်ရာမပျက်သတ်မှတ်စံချိန်စံညွှန်းနှင့်အညီပြုပြင် ဆောင် ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းအပြင်မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ်၊နတ်မောက်လမ်းရှိ ကန်တော်ကြီးသဘာဝဥယျာဉ်သို့သွားရောက်၍ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ကန်တော်ကြီးရေပြင် သန့်ရှင်းရေးအတွက် ရေမှော်များ၊ဒိုက်များ၊ကြာများနှင့်အမှိုက်များအား AQUAMARINE-2 စက်ဖြင့် ဆယ်ယူရှင်း လင်းနေမှုကိုကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ဆယ်ယူရှင်းလင်းသည့် အမှိုက်များအား စနစ်တကျစွန့်ပစ်ရန် နှင့်ကန်တော်ကြီးရေပြင်ကြည်လင်သန့်ရှင်းရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ ကြောင်း၊
ကန်တော်ကြီးသဘာဝဥယျာဥ်ရှိ နံနက်ခင်းကျန်းမာရေးအားကစားလေ့ကျင့်ခန်းပြုလုပ်သည့် ဘဲဥပုံသဏ္ဌန်တံတားသို့သွားရောက်၍ အင်ဂျင်နီ ယာဌာန(လမ်းနှင့် တံတား)မှ ဆွေးမြေ့နေသည့်တံတားကြမ်းခင်းများပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုအားကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
Yangon_Times/tthl
#Published 04 April 2024
#Yangon_Media_Group
#YMG_News #Yangon_Times
Published 4 April 2024
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ် ၂၀၀ကျော်၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထံ မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက်သင်္ကြန် နှစ်ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို ပြည်သူ့ရင်ပြင်၌အများ ပြည်သူ ပျော်ရွှင်လွတ်လပ်စွာဖြင့် ပါဝင်ရေကစားနိုင်ရေး တိုင်းဒေသကြီး ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် (၁၀) ခု၊ လမ်းလျှောက်သင်္ကြန် (၁)ခု၊ဖျော်ဖြေရေးမဏ္ဍပ် (၁)ခုနှင့် မြို့တော်ခန်းမတွင် ရန်ကုန် မြို့တော် မဟာသင်္ကြန်မဏ္ဍပ် နှင့် လမ်း လျှောက်သင်္ကြန်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာ ကျွေးမွေးမည့် အစီအစဉ်များပါဝင်ကြောင်း၊ မြို့တော်ခန်းမ ရှေ့မဟာသင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာကိုယ်စားပြု ယိမ်းအဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် နေ့စဉ်အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Yangon_Times/LW
#Published 04 April 2024
#Yangon_Media_Group
#YMG_News #Yangon_Times
Page 358 of 1878