၁၂ ဧပြီ ၂၀၂၄
နေပြည်တော်ကို ဘာသာပေါင်းစုံကိုယ်စားပြုသည့်နေရာတစ်ခုအဖြစ်ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေ တွင် ဘာသာပေါင်းစုံမှ ဘာသာရေးအသင်းအဖွဲ့များအတွက် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ် နိုင်ရန်အတွက် နိုင်ငံတော်မှ မြေပေးမိန့်များထုတ်ပေးခဲ့ကြောင်းသိရပါတယ်။
အဆိုပါမြေပေးမိန့်များထုတ်ပေးသည့် အခမ်းအနားတစ်ခုကို ဧပြီ ၁၂ ရက် မနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ပြီး နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ကိုယ်စားလှယ်များထံ မြေပေးမိန့်များ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
ယင်းအတွက် ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ နှစ်ခြင်းခရစ်ယာန် ဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီ ယာအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ဟိန္ဒူဘာသာကိုယ်စားလှယ်တို့ကအသီးသီးလက်ခံရယူခဲ့ကြကြောင်းသတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“နေပြည်တော် ကောင်စီနယ်မြေသည် ဘာသာပေါင်းစုံအတူတကွယှဉ်တွဲ နေထိုင် ပြီးငြိမ်းချမ်းစွာဖြင့် နေထိုင်နိုင် သည့် နေရာတစ်ခုဖြစ်ကြောင်း၊ နေပြည်တော်တွင် ခရစ်ယာန်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်နှင့် ဟိန္ဒူဘာ သာဝင်များနည်းပါးကြောင်း၊ တစ်နိုင်ငံလုံးကိုကိုယ်စားပြုသည့် ဘာသာပေါင်းစုံနေထိုင်သည့်နေရာတစ်ခုဖြစ် အောင်ဆောင်ရွက်ပြီး နေပြည်တော်အား ဘာသာပေါင်းစုံကို ကိုယ်စားပြုသည့် နေရာတစ်ခုဖြစ်အောင် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနားတွင်ပြောကြားခဲ့ပါတယ်။
ယခုအခမ်းအနားကို နှစ်သစ်ကူးအခါသမယတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထူးခြားသည့်အခမ်းအနား တစ်ခုဖြစ် ကြောင်း၊ ဘာသာပေါင်းစုံနှင့် ပတ်သက်ပြီး မေတ္တာလက်ဆောင်တစ်ခုပေးချင်သဖြင့် ယခုအခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေ သည့် ပဋိပက္ခများမှာ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်း ခြင်းမရှိဘဲ ပြည်ပမှနိုင်ငံရေးအရသွေးထိုးလှုံ့ဆော်မှု၊ တိုင်းရင်းသားရေးအရ သွေးထိုးလှုံ့ဆော်မှုနှင့် ဘာသာရေးအရ သွေးထိုးလှုံဆော်မှုများကြောင့် အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်လာခြင်းဖြစ်တယ်လို့ ဗိုလ်ချုပ်မှူး ကြီးက လက်ရှိနိုင်ငံရေးအခြေအနေများကိုသုံးသပ်ပြခဲ့ပါတယ်။
ယင်းပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် ပြည်သူပြည်သားတိုင်းသက်ဆိုင်ရာ ဘာသာတရားများအလိုက် ဘာသာ ရေးအသိများရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လူများ၏အသိများကို ပြုပြင်နိုင်သည်မှာ ဘာသာ ရေးအသိပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းသွားပါတယ်။
ထို့နောက် ဘာသာရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များကလည်း ကိုးကွယ်မှု ဘာသာတရားများ မတူကွဲပြား လျက်ရှိသော်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဘာသာဝင်များအားလုံးငြိမ်းချမ်းစွာ .. အတူယှဉ်တွဲနေထိုင်ရေးတို့တွင် တစ်စိတ်တည်း၊ တစ်ဝမ်းတည်းရှိနေရမည်မှာ အမှန်တရားပင်ဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ယခုကဲ့သို့ ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် မိမိတို့ဘာသာရေးအသင်းအဖွဲ့များ အတွက် မြေနေရာများ ပေးအပ်ချီးမြှင့်ခြင်းကြောင့် မတူကွဲပြားသော ဘာသာဝင်များ အားလုံး အတူယှဉ်တွဲကိုးကွယ်နိုင်ရေးအတွက် စည်းလုံးညီညွတ်ခြင်းပြယုဂ်ဖြစ်သော ဘာသာရေး အဆောက်အဦများတစ်စုတစ်ဝေးတည်းပေါ်ပေါက်လာတော့ မည်ဖြစ်သဖြင့် နစက ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတွေကို အထူးကျေးဇူးတင်ရှိကြောင်းလည်း အဆိုပါကိုယ်စားလှယ်များ က ဆက်လက်ပြောကြားခဲ့ကြပါတယ်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည် ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာ ရှိကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ နေပြည်တော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ခရစ်ယာန် ဘာသာရေးအသင်းအဖွဲ့များ၊ အစ္စလာမ်ဘာသာ ရေးအသင်းအဖွဲ့များ၊ ဟိန္ဒူ ဘာသာရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
@ymg/knl
#Daily_News
Published_ 12 April 2024
၁။ ရှမ်းရှေ့လမ်းကြောင်းမှ မြန်မာ့သရက်တရုတ်သို့ တင်ပို့ရာတွင် ကုန်သွယ်မှုအတားအဆီးများအား နှစ်ဖက်ညှိုနှိုင်းပေါင်းစပ်အဖြေရှာနေ
၂။ သင်္ကြန်တွင်း YBSယာဉ်စီးခပိုတောင်းသူ၊ မူးပြီးမောင်းသူများအားယာဉ်မောင်းခွင့်ပိတ်သည်အထိ အရေးယူမည်
၃။ ရှမ်းပြည်ထွက်ကုန်စိမ်းများ ရန်ကုန်ဈေးကွက်တွင် အရောင်းအေးသော်လည်း ယခင်ထက် ၃၀ရာခိုင်နှုန်းခန့်ဈေးမြင့်တက်
၄။ ဂျပန်နှင့်အမေရိကန်စစ်ရေးပူးပေါင်းဆောင်ရွက်ဦးမည့်အစီအစဉ်အား ဂျပန်ပြည်သူများဆန္ဒပြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန််မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးမှာ အသစ်ဖွင့်လှစ်တော့မယ့် ဈေးရုံ အမှတ် ၅ ကို လာမယ့် မေလ ၁ရက်မှာ ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ တညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
#Local_News
Published_ 12 April 2024
#တညင်းကုန်းလက်ကားဈေးကြီး #ကံစမ်းမဲအစီစဉ်များလဲပါရှိ
#YMG/LW #Yangon_Times
ပြီးခဲ့တဲ့လဆန်းပိုင်းကအနည်းငယ်ကျဆင်းသွားတဲ့ မတ်ပဲဈေးနှုန်းတွေ အခုရက်ပိုင်းအတွင်း ပြန်တက်နေပြီး အိန္ဒိယဝယ်လို
အားရှိနေတာကြောင့် ဈေးဆက်ကောင်းနိုင်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published_ 12 April 2024
#မတ်ပဲဈေးပြန်တက်လာ #အိန္ဒိယဝယ်လိုအားရှိ
#YMG/NN #Yangon_Times
#Local_News
Published 12 April 2024
ဗဟိုဘဏ်၏ညွှန်ကြားချက်များကို မလိုက်နာ၍နိုင်ငံခြားငွေလဲကုမ္ပဏီ (၁)ခုကိုလိုင်စင်ရုပ်သိမ်းပြီး နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ (၁၈)ခု၏လုပ်ငန်းလိုင်စင်များကို (၆)လ ဆိုင်းငံ့လိုက်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်သည်။
အဆိုပါ နိုင်ငံခြားငွေလဲကုမ္ပဏီ (၁၈)အား နိုင်ငံခြား ငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ကို ဧပြီ ၁၁ ရက်ကစပြီး ၆ လဆိုင်းငံ့လိုက်သည်ဟုဆိုသည်။
လိုင်စင် (၆) လဆိုင်းငံ့လိုက်သည့် ကုမ္ပဏီများထဲတွင် လေယာဉ်လိုင်း၊ဟိုတယ်၊ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများ၊money Changerကုမ္ပဏီများအပါအဝင်ကုမ္ပဏီ(၁၈)ခုပါဝင်သည်။
ယင်းအပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့်စည်းမျဉ်း၊ စည်းကမ်းနဲ့ ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့်Shwe Khaing Toe ကုမ္ပဏီလီမိတက်၏လုပ်ငန်းလိုင်စင်ကိုလည်း ဧပြီ ၁၁ ရက်မှစပြီး ရုပ်သိမ်းလိုက်သည်ဟုဆိုသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စည်းကမ်းမလိုက်နာသည့် နိုင်ငံခြားငွေလဲကုမ္ပဏီများ၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ပြီး အရေးယူခြင်းများပြုလုပ်နေသလို နိုင်ငံခြားငွေကြေးဈေးကွက်မှာလည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို နိုင်ငံခြားငွေများထုတ်ရောင်းပေးနေကြောင်း သိရသည်။
#Local_News #နိုင်ငံခြားငွေလဲကုမ္ပဏီ(၁)ခု # ကုမ္ပဏီ(၁၈)ခုကို လိုင်စင်(၆)လဆိုင်းငံ့ #tthl #Yangon_Times
ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ကုန်စိမ်းတွေဟာ သင်္ကြန်ကာလနီးပေမယ့် ရန်ကုန်ဈေးကွက်မှာ အရောင်းဝယ်အေးနေတယ်လို့ သီရိမင်္ဂလာဈေးရှိ ရှမ်းကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။ ဈေးနှုန်းတွေကတော့ ယခင်ရက်တွေထက်ပစ္စည်းတစ်ခုလျှင် ၃၀ ရာခိုင်နှုန်း ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 12 April 2024
#ရှမ်းပြည်ထွက်ကုန်စိမ်း #၃၀ရာခိုင်နှုန်းခန့်ဈေးမြင့်တက်
#YMG/LW #Yangon_Times
သင်္ကြန်တွင်းYBS ယာဉ်စီးခပိုတောင်းသူတွေကို YRTC သို့တိုင်ကြားနိုင်ပြီး YBS ယာဉ်မောင်းခွင့်ယာယီပိတ်တဲ့အထိ အရေးယူမှာဖြစ်တယ်။ မူးပြီးမောင်းသူတွေကိုလည်း ယာဉ်ထိန်းရဲတွေမှ Alcohol Tester အရက်သောက်ထားခြင်း ရှိမရှိစစ်ဆေးပြီး ယာဉ်ထိန်းရဲတွေက ထိရောက်စွာအရေးယူတော့မှာဖြစ်တယ်။
(YRTCမှ တွဲဖက်အတွင်း ရေးမှူးဦးလျန်ကျင့်မန်)
#Local_News
Published_ 12 April 2024
#YBS ယာဉ်စီးခပိုတောင်းသူ #မူးပြီးမောင်းသူများ
#tthl #Yangon_Times
Page 345 of 1877