#Local_News
Published_ 19 April 2024
ယခုနှစ်သင်္ကြန်အပြီးတွင် လျှပ်စစ်မီတာခများတက်မည်ဟု လူမှုကွန်ရက်ပေါ်တွင်ရေးသားဖော်ပြခြင်းများရှိခဲ့ပြီး လောလောဆယ်တော့တက်ရန် မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။
မီဒီယာတစ်ခုမှယခုနှစ်သင်္ကြန်အပြီး လျှပ်စစ်မီတာခများတက်မည်ဟုလူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခြင်းများရှိခဲ့ကြောင်း၊
မီတာခများတက်ရန်ရှိသလား။ တက်မည်ဆိုပါက အိမ်သုံးရော၊စီးပွားရေးသုံး လျှပ်စစ်မီတာခများပါ တက်မှာလား။ဘယ်တော့စတက်မလဲဆိုသည့် မေးခွန်းကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ယခုလောလောဆယ်မရှိသေးပါခင်ဗျာဟုဖြေကြားခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် အိမ်သုံးလျှပ်စစ်မီတာခများကို တစ်ယူနစ်ကနေ ၃၀ ယူနစ်အထိကို တစ်ယူနစ်၃၅ ကျပ်၊ ၃၁ယူနစ်ကနေ ၅၀ ယူနစ်အထိကို တစ်ယူနစ် ၅၀ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိကို တစ်ယူနစ် ၇၀ကျပ်၊ ၇၁ယူနစ်ကနေ ၁၀၀ယူနစ်အထိကို တစ်ယူနစ် ၉၀ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅၀ ယူနစ်အထိကို တစ်ယူနစ် ၁၁၀ကျပ်၊ ၁၅၁ယူနစ်ကနေ ၂၀၀ ယူနစ်အထိကို တစ်ယူနစ် ၁၂၀ကျပ်၊ ၂၀၀ယူနစ်အထက်ကို တစ်ယူနစ်၁၂၅ ကျပ် သတ်မှတ်ထားကြောင်းနှင့် လုပ်ငန်းသုံးမီတာများကိုလည်း မီတာခများသတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရသည်။
#Local_News လျှပ်စစ်မီတာခများတက်ရန်မရှိ #လျှပ်စစ်ဝန်ကြီးဌာနဆို #tthl #Yangon_Times
ဆိတ်မွေးမြူရေး ဈေးကွက်နဲ့သားသတ်ဈေးကွက်မှာတော့ ရောင်းလိုအားသာများနေပြီး ပြည်တွင်းဝယ်လိုအားမှာ နည်းနေတယ်လို့ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published_ 19 April 2024
#ဆိတ်မွေးမြူရေးဈေးကွက် #ပြည်ပတင်ပို့မှုနည်းနေ
#YMG/LW #Yangon_Times
'ပုံမှန်တစ်လလောက်ဝင်တဲ့ခရီးသွားဦးရေ သက်ြန်ကာလအတွင်းမှာဝင်ပါတယ်၊ နှစ်ဆန်းတစ်ရက်နေ့ကတော့အများဆုံးဝင်တာပါ '
#Local_News
Published_ 19 April 2024
#ပလင်းကမ်းသာယာဆင်စခန်း #ခရီးသွားဝင်ရောက်မှုစံချိန်တင်
#YMG/ NN #Yangon_Times
ဟိုအရင်တုန်းကလို ပုဂံနံရံပန်းချီတွေကို ပုဂံသဲပန်းချီအဖြစ် ကူးဆွဲသူအချို့ဟာ အခြားသူတွေမကူးဆွဲနိုင်အောင် မူလနံရံပန်းချီလက်ရာတွေကိုဖျက်ဆီးခဲ့တာတွေမလုပ်ဖို့လိုတယ်။ ပြည်တွင်းဘုရားဖူးတွေရဲ့ ဝယ်ယူအားပေးမှုတွေတက်ခဲ့ပေမယ့် နိုင်ငံခြားသားဝယ်ယူမှုကတော့ နည်းပါးနေသေးတယ်။ ပုဂံမှာလာဝယ်ယူတာထက်အွန်လိုင်းက မှာယူတာအနည်းငယ်သာ ရှိနေသေးတယ်။(ပုဂံသဲပန်းချီရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ကိုမင်း)
#Local_News
Published_ 19 April 2024
#ပုဂံသဲပန်းချီ #ပုဂံနံရံပန်းချီ
#tthl #Yangon_Times
#Local_News
Published 19 April 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံကြီးတွင် မေလအတွင်း၌ အခမဲ့မျက်စိခွဲစိတ်ကုသပေးသွားမည်ဖြစ်ရာ ကုသလိုသူများအနေဖြင့် မေ၁ရက်၌ လူနာမှတ်တမ်းစာအုပ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးတွင် လာမည့်မေလ(၆)ရက်မှ မေလ (၈) ရက်အထိ သုံးရက်ကြာ အခမဲ့မျက်စိခွဲစိတ်ကုသပေးသွားမည်ဖြစ်ပြီးထိုသို့ အခမဲ့ခွဲစိတ်ကုသပေးမှုသည် (၅၃)ကြိမ်မြောက် ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက (၂၀၀၈) ခုနှစ်တွင် ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာလမှစတင်ကာ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂ ၂ခုနှစ်၊ မေလတွ င် (၄၈)ကြိမ်မြောက် ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံကြီး #အခမဲ့မျက်စိခွဲစိတ်ကုသပေး #YMG/ NN #Yangon_Times
#Local_News
Published 19 April 2024
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာဇနီးမောင်နှံ ၂ ဦး မှာ ဧပြီလ ၁၆ ရက်က ဖွင့်လှစ်ခဲ့သည့် ထိုင်းအစိုးရထီဖွင့်ပွဲ မှ ၉၃၄၅၉၈ ဂဏန်းဖြင့် ဘတ်(၆) သန်းဆု ဆွတ်ခူးရရှိခဲ့ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့်အဖွဲ့ထံက သိရသည်။
အဆိုပါ ဇနီး မောင်နှံ ၂ ဦး မှာ ၂ နှစ်ကျော်အရွယ် သားငယ်နှင့်အတူ ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီမြို့ရှိ ရေခဲစက်ရုံတွင် ၃ နှစ်ခန့်အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး သားဖြစ်သူမှ ထီထိုးမည်ဟု ပြောဆိုခဲ့တာကြောင့် ထိုင်းထီကိုပထမဦးအကြိမ် ကံစမ်းကြည့်ရာမှ ယခုကဲ့သို့ ထိုင်းအစိုးရထီ၏ပထမဆုဖြစ်သည့် ဘတ် (၆) သန်းဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းထီ ဘတ်(၆)သန်းဆုပေါက်ခဲ့ကြသူ ၂ ဦးမှာ အသက် ၂၀ ကျော်အရွယ် လူငယ်ဇနှီးမောင်နှစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး မှ ထားဝယ်လူမျိုးဖြစ်ကြောင်း သိရသည်။
ကံထူးရှင် ဇနှီးမောင်နှံ ၂ ဦးမှ ဆုငွေထုတ်ယူဖို့အတွက် ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့်အဖွဲ့မှ ကူညီပေးခဲ့ရာ ဧပြီ ၁၇ ရက်တွင် ဆုငွေများ ရရှိခဲ့ကြောင်း သိရသည်။
#Local_News #မြန်မာဇနီးမောင်နှံ #ထိုင်းထီဘတ်၆သန်းဆုဆွတ်ခူးသွား #YMG/LW #Yangon_Times
#Local_News
Published 19 April 2024
ဖူဆယ်အာရှဖလားပြိုင်ပွဲတွင် ယနေ့ ဧပြီ(၁၉) ရက်ညနေ၌အိမ်ရှင်ထိုင်းနှင့်မြန်မာအသင်းတို့သည်ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Humark Indoor Stadium, Bangkokတွင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းမြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ဖူဆယ်အာရှဖလားပြိုင်ပွဲတွင် ပွဲဦးထွက်အနေဖြင့် မြန်မာအသင်းနှင့်ဗီယက်နမ်အသင်းယှဉ်ပြိုင်ရာ၌ တစ်ဖက်တစ်ဂိုးစီဖြင့်သရေကျခဲ့သည်။
မြန်မာဖူဆယ်အသင်းသည် ဧပြီ(၁၇)ရက်မှာ ထိုင်းနိုင်ငံဘန်ကောက်မှာ ဗီယက်နမ်အသင်းနဲ့ အုပ်စု ပထမပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Mr. Bunlert Charoenwong က "ဒီနေ့ပွဲမှာ ဗီယက်နမ်လို အသင်းကောင်း တစ်သင်းကို သရေကျခဲ့တဲ့ အတွက် ပျော်ရွှင်ရပါတယ်။ ကစားသမားတွေက ကျွန်တော့် နည်းစနစ်အတိုင်း အကောင်းဆုံး ကစားနိုင်ခဲ့သလို ခံစစ်ကစားပုံကလည်း တော်တော်ကို ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အချို့ ကစားသမားတွေက စိတ်လှုပ်ရှားမှုတွေ ရှိနေပါသေးတယ်။ ကစားသမားသစ်တွေအတွက်လည်း အတွေ့အ ကြုံ ကောင်းတွေ ရရှိမှာပါ။ ထိုင်းနဲ့ ပွဲအပါအဝင် နောက်ပွဲစဉ်အတွက်လည်း ကောင်းဆုံး ပြင်ဆင်သွားမှာပါ"လို့ AFC Futsal Asian Cup 2024 ပြိုင်ပွဲ ဗီယက်နမ်အသင်းနှင့် ပွဲအပြီးမှာ ပြောကြားခဲ့သည်။
Readmore>>>
မြန်မာ-ဗီယက်နမ်ပွဲစဉ်တွင် ပထမပိုင်းအချိန်အထိ နှစ်ဘက်အသင်းမှ ဂိုးရရှိဖို့ အသည်းအသန်ကြိုးပမ်းခဲ့ကြပေမယ့် ဂိုးမရကြဘဲ ဒုတိယပိုင်းမှ တစ်ဂိုး-တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
ရှေ့ဆက်ပြီး ဧပြီ(၁၉)ရက်မှာ အိမ်ရှင်ထိုင်းနှင့် မြန်မာအသင်းဆက်ပြိုင်ရမှာဖြစ်ပြီး ဧပြီ(၂၁)ရက်မှာတော့ တရုတ်နှင့်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရသည်။
#Local_News #ဖူဆယ်အာရှဖလားပြိုင်ပွဲ #အိမ်ရှင်ထိုင်းနှင့်မြန်မာပြိုင် #tthl #Yangon_Times
Page 342 of 1877