နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ဖြန့်ဝေခြင်းအား တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေးစီမံဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သိရပါတယ်။
#Local_News
Published 22 August 2024
#နိုင်ငံ့ဝန်ထမ်းလစာ #ဒစ်ဂျစ်တယ်နည်းဖြင့်ပေးချေ
#YMG/NN #Yangon_Times
ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)မှာ ဖျားနာဆောင်တိုးချဲ့ဖွင့်လှစ်နိုင်ဖို့နဲ့ (၆)ထပ်ကုသဆောင်သစ်ကို အမြန်ဆုံး လွှဲပြောင်းလက်ခံပြီး အတွင်းလူနာတွေထားရှိနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 22 August 2024
#ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်) #လူနာဆောင်များတိုးချဲ့
#YMG/tthl #Yangon_Times
အခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လေးလတာအတွင်းပြည်ပနိုင်ငံတွေကို လယ်ယာထွက်ကုန်တင်ပို့တာကနေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁,၇၀၀ ကျော် ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 22 August 2024
#လယ်ယာထွက်ကုန်တင်ပို့မှု #ဒေါ်လာသန်းပေါင်း၁,၇၀၀ကျော်ရရှိ
#YMG/NN #Yangon_Times
တာချီလိတ်မှာ လေဖိအားနည်းရပ်ဝန်း သက်ရောက်မှုကြောင့် မိုးက သြဂုတ်လ(၂၁)ရက် ညပိုင်းကတည်းက ဆက်တိုက်ရွာသွန်းခဲ့တာဖြစ်ပြီး ဒီနေ့သြဂုတ်လ(၂၂)ရက်မှာတော့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်တာတွေရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 22 August 2024
#မယ်ဆိုင်ချောင်းရေလျှံ #ရပ်ကွက်အချို့ရေနစ်မြုပ်
#YMG/tthl #Yangon_Times
#Local_News
Published 22 August 2024
▪️ မိုးရာသီကာလဖြစ်သည့် ဇွန်လမှ သြဂုတ်လအတွင်း မြေပြိုမှုဘေးအန္တရာယ်များ အဖြစ်များ၍ ကြိုတင်သတိပြုနေထိုင်ရန် လိုအပ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သတိပေးထားသည်။
▪️ ထို့အပြင် ကျန်ကာလများတွင်လည်း ရံဖန်ရံခါဖြစ်ပွားတတ်သည့်အတွက် ကြိုတင်သတိပြုနေထိုင်ရန် လိုအပ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြိုမှု(၂၆)ကြိမ် ဖြစ်ပွားခဲ့ပြီး လူေ-သဆုံးထိခိုက်ဒဏ်ရာရမှုနှင့်အတူ ဆုံးရှုံးမှုအဖြစ် နေအိမ်အဆောက်အဦစုစုပေါင်း (၃၆) လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ မြေပြိုမှုဖြစ်စဉ်သည် ပစ္စည်းဥစ္စာဆုံးရှုံးမှုအလွန်နည်းပါးသည့် ဘေးတစ်ခုဖြစ်သော်လည်း လူေ-သဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူများပြားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ခြင်းကြောင့် မပေါ့ဆဘဲ သတိပြုသင့်ကြောင်း သိရသည်။
▪️ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွားနိုင်ပြီး ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ရိုးမနှင့် ရှမ်းပြည်နယ်တို့တွင် မြေပြိုမှုအများဆုံးဖြစ်ပွားလေ့ရှိကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းရာမှ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားနိုင်သဖြင့်သတိထားရန်လိုအပ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 August 2022
▪️ ရန်ကုန်-နေပြည်တော် အမြန်လမ်း၌ ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ် ၂၁ ရက်နေ့၊ ည ၉နာရီ ၁၀ မိနစ်အချိန်ခန့်က နေပြည်တော်-ရန်ကုန်ဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၆၉/၅)နှင့် (၆၉/၆)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၀နာရီ ၂၀ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 21 August 2024
၁။ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှုသဘာဝနှင့် နေထိုင်မှုပုံစံများအား လေ့လာနိုင်သည့် Keeper Talks အစီအစဉ် Yangon Zoo ၌တင်ဆက်ပေးနေ
၂။ ဒိုက်ဦး၊ ကဝ၊ ဝေါနဲ့ သနပ်ပင်မြို့နယ်များရှိ ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာများ၌ သောက်သုံးရေနှင့် ကျောင်းသုံးစာအုပ်များလိုအပ်နေ
၃။ လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေအရှိန်ကြောင့် နေရာအနှံ့မိုးပိုသည်းပြီးမြစ်ရေတက်လာနိုင်
၄။ မျောက်ကျောက်ရောဂါအတွက် ဦးစားပေးဆောင်ရွက်ရမည်များကို ပညာရှင်တစ်ဦးအကြံပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 33 of 1738