၂၃ ဩဂုတ် ၂၀၂၄
နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃၀၇ ဦးကို မြန်မာအာဏာပိုင်တွေက တရုတ်နိုင်ငံသို့ ဩဂုတ် ၂၁ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။
အဆိုပါ တရုတ်နိုင်ငံသား ၃၀၇ ဦးကို မကြာသေးမီက မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုတွေနှိမ်နှင်းရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
Source CCTV
၂၂ ဩဂုတ် ၂၀၂၄
မြန်မာကိစ္စဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ အပြုသဘောဆောင်အခန်းကဏ္ဍကို တရုတ်ကထောက်ခံ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူ မစ္စမော်နင်းကပြောကြားလိုက်ပါတယ်။
ဩဂုတ်၂၂ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မစ္စ မော်နင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
#Daily_News
Published 22 August 2024
၁။ တာချီလိတ်တွင် မိုးပြန်သည်းလာပြီး မယ်ဆိုင်ချောင်းရေလျှံကာရပ်ကွက်အချို့ရေနစ်မြုပ်
၂။ ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၁,၇၀၀ ကျော်ရရှိထား
၃။ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)တွင် ဖျားနာဆောင်နှင့် အတွင်းလူနာဆောင်များတိုးချဲ့ထားရှိရန်စီစဉ်နေ
၄။ ယူနန်တွင်လျှပ်စစ်ကုန်တင်ကားများအတွက် မြန်နှုန်းမြင့်အားသွင်းစခန်းများအသုံးပြုနေပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မျောက်ကျောက်ရောဂါကာကွယ်ဖို့အတွက် ပြည်ပမှလာမယ့်ခရီးသွားတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှု (HDCs)ဆောင်ရွက်ပြီးမှ မြန်မာနိုင်ငံသို့ပေးဝင်သွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 22 August 2024
#ပြည်ပခရီးသွားများ #မျောက်ကျောက်ရောဂါ
#YMG/tthl #Yangon_Times
နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ဖြန့်ဝေခြင်းအား တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေးစီမံဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သိရပါတယ်။
#Local_News
Published 22 August 2024
#နိုင်ငံ့ဝန်ထမ်းလစာ #ဒစ်ဂျစ်တယ်နည်းဖြင့်ပေးချေ
#YMG/NN #Yangon_Times
ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)မှာ ဖျားနာဆောင်တိုးချဲ့ဖွင့်လှစ်နိုင်ဖို့နဲ့ (၆)ထပ်ကုသဆောင်သစ်ကို အမြန်ဆုံး လွှဲပြောင်းလက်ခံပြီး အတွင်းလူနာတွေထားရှိနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 22 August 2024
#ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်) #လူနာဆောင်များတိုးချဲ့
#YMG/tthl #Yangon_Times
အခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လေးလတာအတွင်းပြည်ပနိုင်ငံတွေကို လယ်ယာထွက်ကုန်တင်ပို့တာကနေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁,၇၀၀ ကျော် ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 22 August 2024
#လယ်ယာထွက်ကုန်တင်ပို့မှု #ဒေါ်လာသန်းပေါင်း၁,၇၀၀ကျော်ရရှိ
#YMG/NN #Yangon_Times
Page 32 of 1738