ပြည်တွင်းမှာ ရွှေတွေထွက်နေပြီး ရွှေဈေးကွက်ကကျရမယ့်အချိန်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး မကျသေးတဲ့အတွက် ကျသင့်သလောက်မကျဘဲအကျ နှေးနေတာဖြစ်တယ်။
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ဝာာဝန်ရှိသူတစ်ဦး)
#Local_News
Published_08 May 2024
#ရွှေထွက်ရာသီဖြစ် #မြန်မာ့ရွှေဈေးပြန်ကျ
#tthl #Yangon_Times
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအတွက် ထိုင်းနိုင်ငံမှပေးပို့သော အထူးမှန်သေတ္တာအခေါင်းမြဝတီမြို့မှ တစ်ဆင့်ရောက်ရှိလာတာကြောင့် ပါဝင်ကုသိုလ်ပြုခွင့်ရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက သိရပါတယ်။
#Local_News
Published_08 May 2024
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး #အထူးမှန်သေတ္တာအခေါင်း
#YMG/NN #Yangon_Times
#Local_News
Published_08 May 2024
▪️ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီး တွင် တရားမဝင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်တာကြောင့် ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရသိရသည်။
▪️ မေလ ၇ ရက် နံနက် ၉နာရီ ခန့်က ဖြစ်ပွား ခဲ့ ခြင်း ဖြစ်ကာ အဆိုပါ ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၂ဦး လိုက်ပါလာခဲ့ပြီး စစ်ဆေးရေး ဂိတ်အရောက်တွင် ကားသမားက စစ်ဆေးခြင်းမခံဘဲ မောင်းပြေးရာ မှစစ်ဆေးရေး ဂိတ်နှင့် မီတာ ၅၀၀ခန့် တွင် တိမ်းမှောက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ ၁၂ဦး ထိခိုက်ဒဏ်ရာ ရကာ သုံးဦးမှာဒဏ်ရာ ပြင်းထန်ကြောင်း နှင့် ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်းသိရသည်။
▪️ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဖို့ဖရာဒေသအတွင်းရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ဦး ကို ဆေးကုသမှုခံယူစေပြီးပါက ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင်ဖေါ်ပြထားသည်။
#YMG/LW #Yangon_Times
#Local_News
Published_08 May 2024
▪️ မေလ ၁ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းထားသည့် အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာ ကို မေလ၇ရက်က ပြန်လည်ခွင့်ပြုသော်လည်း အသက်၂၃နှစ်မှ ၃၁နှစ်အထိ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်မရရှိသေးကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်ပေးသည့်လိုင်စင်ရအေဂျင်စီများထံက သိရသည်။
▪️ ဧပြီ ၃၀ရက်က အလုပ်သမားဝန်ကြီးနှင့် အေဂျင်စီများ တွေ့ဆုံရာတွင် ယခင်ခွင့်ပြုထားသည့် အလုပ်ခေါ်စာများကို စေလွှတ်ခွင့်ပြုထားပြီး မေ၁ရက်ကစပြီး အမျိုးသားလုပ်သားများကို ပြည်ပထွက်ခွာခွင့် ယာယီပိတ်ကာ အလုပ်ခေါ်စာအသစ်တွေကို လက်ခံမှုကို ယာယီရပ်ထားမည်ဟု နှုတ်ဖြင့်ပြောကြားခဲ့ရာမှ တပတ်အကြာတွင်ခေါ်စာ အသစ်များ ပြန်လည်တင်ခွင့်ပြု ကြောင်းသိရသည်။
▪️" အလုပ်ခေါ်စာ အသစ်တွေ တင်လို့ရတယ်။ ဒါပေမယ့် ထိုင်း အတွက် စာချုပ်ချုပ်ခွင့် တင်ထားတဲ့ အေဂျင်စီတွေကိုတော့ အလုပ်သမားဝန်ကြီးဌာနက အီးမေးကနေပေးပို့တဲ့ အကြောင်းကြားစာမှာ အမျိုးသား အသက် ၂၃နှစ်ကနေ၃၁နှစ် အထိ ကို စာချုပ်ချုပ်ခွင့်မပြုဘူး ဒါကြောင့် စာချုပ်ချုပ်ဖို့ တင်ထားတဲ့ လူစာရင်းကို ပြန်လည်ပြင်ဆင်ပြီးဌာနကို ပြန်ပို့ပေးပါလို့ အီးမေးကနေတစ်ဆင့် အကြောင်းကြားလာတယ်"ဟုလိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ယခုကဲ့သို့ အမျိုးသားများ ပြည်ပအလုပ်ထွက်လုပ်ရန် အသက်ကန့်သက်ချက်မှာ ထိုင်းနိုင်ငံအတွက်သာ အကြောင်းကြားလာပြီး အခြားနိုင်ငံများ ပါ ပါရှိခြင်း ရှိမရှိကိုတော့ မသိရှိရသေးကြောင်း ယင်းကဆက်လက်ပြောကြားသည်။
▪️ အဆိုပါ အကြောင်းရာနှင့်ပက်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
▪️ ထိုင်းနိုင်ငံသို့လုပ်သား ပို့ဆောင်ရန် အတွက် စာချုပ်ချုပ်ခွင့်တောင်းဆိုထားသည့် လိုင်စင်ရအေဂျင်စီများ အနေဖြင့် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်အတွက် အသက်ကန့်သက်လိုက်သဖြင့် အလုပ်သမားရှာဖွေရာတွင်အခက်ခဲများ ဖြစ်စေကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_08 May 2024
▪️ EVလျှပ်စစ်သုံးယာဉ် ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှုသင်တန်းကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် TTTC (ဘယ်လင်း) ၌ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါသင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ လျှပ်စစ်ကား၏ ဗို့အားမြင့် မောင်းနှင်ခြင်းစနစ်၊ Battery နည်းပညာ၊ ထိန်းချုပ်မှုစနစ်များ၊ Special Hand Tools၊ လျှပ်စစ်သုံးယာဉ်စနစ်တစ်ခုလုံးအတွက် ပြစ်ချက်ရှာဖွေခြင်း၊ စမ်းသပ်ခြင်း၊ Traction Battery ကိုဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ကိုဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့်စမ်းသပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်ဟုဆိုသည်။
▪️ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ၊လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဒေါက်တာအောင်ဇေယျတက်ရောက်အမှာစကားပြောခဲ့သည်။
▪️ ဒုတိယဝန်ကြီးက "နိုင်ငံတော်တွင် အခြားကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုဖောက်ပြန်မှုလျှော့ချနိုင်ရေး၊ ကာဗွန်ကင်းစင်ရေး၊ ရုပ်ကြွင်းလောင်စာအသုံးပြုမှုများမှ သက်ရောက်မှုများကို လျှော့ချနိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေး၊ စက်သုံးဆီအသုံးစရိတ်လျှော့ချနိုင်ရေး၊ လေထုအရည်အသွေးများကိုမြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသောလေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ ရရှိရေးတို့အတွက် EV ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာကြောင်း၊
▪️ ယင်းကဲ့သို့ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသော EV နည်းပညာရှင်များကို ပျိုးထောင်ပေးရန်လည်းလိုအပ်သဖြင့် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
▪️ သင်တန်းသားများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးပြု EV နည်းပညာရှင်များဖြစ်စေရေး ရည်မှန်းချက်ထားကာ ကြိုးပမ်းလေ့ကျင့်ကြရန်လိုအပ်ကြောင်း" တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 8 May 2024
▪️ ရွှေတိဂုံစေတီတော်သို့ နှစ်လတာအတွင်း ကျပ်သိန်းပေါင်းနှစ်သောင်း သုံးထောင်ကျော်တန်ဖိုးရှိ ရွှေပြားနှင့် အလှူငွေများအားအလှူရှင်များမှ စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
▪️ ထိုသို့လှူဒါန်းရာတွင် ၂၀၂၄ ခုနှစ်၊ မတ် ၁ ရက်မှ ဧပြီ ၃၀ ရက်ထိကာလအတွင်း သုံးကျပ်သားရွှေပြား ခုနှစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၃ ချပ်တို့အား အလှူရှင် ၄၇ ဦးတို့ကလည်းကောင်း၊ ငွေသားအလှူရှင် ၁၁၆ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်းကျပ် ၂၃၁၆၅၀၉၅၅၇(ကျပ်သိန်းပေါင်းနှစ်သောင်း သုံးထောင်တစ်ရာခြောက်ဆယ့်ငါးသိန်းကိုးထောင်ငါးရာငါးဆယ့်ခွန်)တို့အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ကျပ်တစ် သိန်းနှင့်အထက်အလှူရှင်များအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၆)ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုလွှာ ပြန်လည်ချီးမြှင့်ခြင်းအခမ်းအနားနှင့် လှူဒါန်းမှု အစုစုအတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမာန်နေ့နေ့လယ်ပိုင်းတွင် စေတီတော်ရင်ပြင်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များက ရွှေစင်ရွှေပြားများနှင့်အလှူတော်ငွေများကိုပေးအပ်လှူဒါန်းကြရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးလှမြင့်နှင့် ဂေါပကအဖွဲ့ဝင်များကလက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
▪️ ထို့နောက်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြဝါဒါစရိယ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ (ရေစကြိုဆရာတော်) ထံမှ အခမ်းအနားတက်ရောက်သူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရားနာယူကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
၇ မေ ၂၀၂၄
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်အက်ခါမိုဟာ ဆီနာပါဒိုင်းတက်ချို ဟွန်ဆန်နှင့် မေလ ၇ ရက် ယနေ့မနက်ပိုင်းက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက, က သတင်းထုတ်ပြန်ပါတယ်။
ထိုသို့ဆွေးနွေးကြရာမှာ နှစ်နိုင်ငံအကြားဆက်ဆံရေးကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်းကျရောက် ချိန်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အကူအညီများပေးပို့ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့အတွင်း အပြုသဘောဆောင်စွာဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထို့အပြင် မြန်မာနိုင်ငံတွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် အခြား လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲကိုဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အောင်မြင် စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆောင်ရွက် နေမှု၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲအတွေ့အကြုံမျှဝေလိုမှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထပ်တွေ့ရတဲ့အတွက် ဝမ်းမြောက်မိကြောင်းနှင့် ဆီးနိတ်ဥက္ကဋ္ဌအဖြစ် သူအရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောတယ်လို့ ကမ္ဘောဒီးယားမီဒီယာများကရေးသားကြပါတယ်။
ဟွန်ဆန်က တွေ့ဆုံဆွေးနွေးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနောက်ဆုံးအခြေအနေတွေကို ဖလှယ်ဖို့နှင့် အပြန်အလှန်လည်ပတ်ရေးဖြစ်နိုင်ချေတွေကို ရှာဖွေဖို့ဖြစ်တယ်လို့ပြောတယ်လို့လည်း ကမ္ဘောဒီးယား မီဒီယာများက သတင်းထုတ်ပြန်ပါတယ်။
ယခုတွေ့ဆုံရတဲ့အခွင့်အရေးကိုရယူပြီး ဟွန်ဆန်က သူ့အနေနှင့် အာဆီယံအရေးကိစ္စတွေမှာ နှစ်ပေါင်းများစွာ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ မိတ်ဆွေတစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံခွင့်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးကို မေတ္တာရပ်ခံခဲ့တယ်လို့လည်း ကမ္ဘောဒီးယားမှပေးပို့တဲ့ သတင်းများမှာဖော်ပြထားပါတယ်။
ယင်းအပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက် အကောင်အထည်ဖော်ရေး အရေးကြီးကြောင်း နှင့် မြန်မာက ဦးဆောင်မှုအခန်းကဏ္ဍကနေ ဒါကိုတိုးတက်အောင်လုပ်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုမယ် လို့သူယုံကြည်တယ်လို့လည်း ဟွန်ဆန်ကပြောဆိုကြောင်းလည်း ခမာတိုင်းမ်သတင်းစာကရေးသားပါတယ်။
မြန်မာနစကအနေနှင့် ဇန်နဝါရီတုန်းကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးမဟုတ်သူ ကိုယ်စားလှယ်တစ်ဦးစေလွှတ်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဟွန်ဆန်ကကြိုဆိုလိုက်ပြီး မြန်မာအနေ နှင့် အဓိက အာဆီယံအစည်းအဝေးတွေကို ကိုယ်စားလှယ်တွေဆက်လက်ခန့်ထားပေးဖို့လည်း တိုက်တွန်းအားပေးခဲ့တယ်လို့လည်း အဆိုပါသတင်းကဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဟွန်ဆန်ကို ဆီးနိတ်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်စဉ်အတွင်း မြန်မာနိုင်ငံအပေါ် တန်ဖိုးရှိလှတဲ့ ကူညီပံ့ပိုးမှုတွေကို ကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးကပြောတယ်လို့ ခမာတိုင်းမ်က ရေးသားပါတယ်။
အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်မြန်မာ့ အရေးဖြေရှင်းရန်ကြိုးပမ်းအားထုတ်ခဲ့တာတွေကိုလည်း ဗိုလ်ချုပ်မှူးကြီးက အသိအမှတ်ပြုတယ်လို့ပြောဆိုပြီးအာဆီယံထိပ်သီးအစည်းအဝေးတွေနှင့်ဆက်စပ်အစည်းအဝေးတွေကို နိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ်တွေ ဆက်လက်စေလွှတ်ဦးမယ်လို့ ဗိုလ်ချုပ်မှူးကြီးက အတည်ပြုပြောဆိုကြောင်းလည်း အဆိုပါသတင်းကရေးသားပါတယ်။
အဲဒီအပြင် အခြားသော အဆိုပြုချက်တွေကိုလည်း သူစဉ်းစားပေးမှာဖြစ်ပြီး အဲဒီကိစ္စတွေဆက်လက်ဆွေးနွေးဖို့ မကြာသောကာလမှာ ကမ္ဘောဒီးယားနိုင်ငံသို့ အထူးကိုယ်စားလှယ်တစ်ဦးစေလွှတ်ပေးမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး ကပြောတယ်လို့ ခမာတိုင်းမ်ကဆိုပါတယ်။
အဲဒီအပြင် လွတ်လပ်၍တရားမျှတပြီး သိသာမြင်သာသော ရွေးကောက်ပွဲများ ဆောင်ရွက်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မတီရဲ့ အတွေ့အကြုံတွေကို လေ့လာသင်ယူလိုပါကြောင်းလည်း ပြောကြားခဲ့တယ်လို့ သတင်းများမှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Source: SAC, Khmer Times
Page 308 of 1875