Published_ 14 May 2024
ကိုဗစ်ကာလပြီးနောက် ရုပ်ရှင်ရုံ(၃၆)ရုံဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ရာမှ ယနေ့အချိန်တွင် ရုပ်ရှင်ရုံ(၉၀) အထိ တိုးမြှင့်ရုံတင်ပြသနိုင်ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနမှသိရသည်။
ယင်းကဲ့သို့ တိုးမြှင့်ဆောင်ရွက်နိုင်ကြောင်းကိုပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးဆိုင်ရာကိစ္စများအား ဆွေးနွေးမှာကြားရာတွင်ထည့်သွင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက"ကိုဗစ်-၁၉ ကာလမတိုင်မီရုပ်ရှင်ရုံ ၁၈၂ ရုံ၊ ပိတ်ကား ၂၀၇ ခု ရှိခဲ့ပါကြောင်း၊ကိုဗစ်ကာလပြီးနောက် ရုပ်ရှင်ရုံ(၃၆)ရုံဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အချိန်တွင် ရုပ်ရှင်ရုံ ၉၀ အထိ တိုးမြှင့်ရုံတင်ပြသနိုင်ခဲ့ကာ မြန်မာဇာတ်ကား ၆၈ ရုံအထိ ပြသနိုင်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအနေဖြင့် တိုးတက်လာခဲ့ကြောင်း" ထည့်သွင်းပြောသည်။
ရုပ်ရှင်ထုတ်လုပ်ရေးများအနေဖြင့်လည်း တစ်လတွင်ရုံတင်နိုင်သည့် အရေအတွက်နှင့်တစ်နှစ်တွင် ရုံတင်ပြသနိုင်သည့်အရေအတွက်ကို ချင့်ချိန်၍ ရိုက်ကူးသင့်ပါကြောင်း၊
နိုင်ငံတော်အနေဖြင့်လည်း ရုပ်ရှင်ရုံလုပ်ငန်းရှင်များနှင့် ထုတ်လုပ်သူများကို ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများ ကုစားနိုင်ရန် ချေးငွေများထုတ်ချေးပေးခဲ့သလို ချေးငွေပြန်ဆပ်ရမည့်ကာလအား တိုးမြှင့်ပေးခဲ့ခြင်း၊
နိုင်ငံပိုင်ရုပ်ရှင်ရုံများအတွက် ရုံငှားရမ်းခကင်းလွတ်ခွင့်ပေးခြင်း၊ ရာခိုင်နှုန်းတစ်ခုသာ ပေးသွင်းစေခြင်းစသည်ဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ရုံပိုင်ရှင်များအနေဖြင့် ဇာတ်ကားများရွေးချယ်ရာတွင် ပရိသတ်အကြိုက် ဇာတ်ကားများရွေးချယ်မှုများပြီး အနုပညာဖန်တီးမှု၊ မိမိနိုင်ငံယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အနုပညာမြောက်ဖန်တီးမှုဇာတ်ကားများကို ပရိသတ်ကြိုက်မှုအားနည်းသည်ဟုယူဆပြီး ရုံတင်ရန်ရွေးချယ်မှုမရှိသည်ကိုလည်း ဝေဖန်သံများကြားနေရသည့်အတွက် အဖြေရှာကြရန်လိုအပ်ကြောင်း၊
ရုံတင်ပြသရေးပိုင်းအပြင် ရုပ်ရှင်ကားများကိုခိုးကူး၍ အွန်လိုင်းပေါ်တွင် ရောက်ရှိနေမှုများရှိနေသည်ဟုသိရပါသဖြင့် တားဆီးရန်နည်းလမ်းရှာဖွေသင့်ကြောင်း၊
ရုံပိုင်ရှင်များအနေဖြင့်လည်း မိမိရုံများတွင် ပြသသည့်ကားများကို ယခုလိုခိုးကူးမခံရအောင် စစ်ဆေးမှုများ၊ တားဆီးမှုများ၊ စောင့်ကြည့်မှုများ အထူးလိုအပ်ကြောင်း၊
ယနေ့အချိန်တွင် စီးပွားရေးတစ်ခုတည်း မတွက်စေဘဲနိုင်ငံအတွက်၊ ပြည်သူအတွက်၊ ရုပ်ရှင်လောကအတွက် မျှမျှတတစဉ်းစားပြီး အားလုံးအကျိုးရှိမည့် ရုံတင်ပြသရေးစနစ် ဖြစ်စေချင်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 14 May 2024
ပြည်သူ့အပေါ် မလိုလားအပ်သည့် အနိုင်ကျင့်မှုများ၊ အဓမ္မငွေကြေး ကောက်ခံမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးကြပ်မတ်၍ ဥပဒေဘောင်အတွင်းမှ စနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်း နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် များမှ တာဝန်ရှိသူများအား မေ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
ထို့ပြင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့်ပတ်သက်၍ စာရင်းဇယားများအရ မဟုတ်ဘဲမြေပြင်တွင် အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း လစ်ဟာမှုမရှိ စေရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ပြည်သူ့စစ်မှုထမ်းမှုနှင့်ပတ်သက်၍ ဥပဒေများထုတ်ပြန်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နေမှုများအပေါ် တည်ငြိမ် အေးချမ်းမှုကို ပျက်စီးစေလိုသည့် ပြည်ဖျက် မီဒီယာအချို့က ပြည်သူများ စိုးရိမ် ထိတ်လန့်မှုဖြစ်စေရန် မဟုတ်မမှန် ကောလာဟလသတင်းများ ထုတ်လွှင့်လျက်ရှိတာကို တွေ့ရှိရပြီး မိမိတို့အနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဥစားကြက်၊ အသားတိုးကြက်များကို စီးပွားဖြစ်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားရှိမှုကိုကြည့်ပါက အကောင်ရေ ၁၇ သန်းမှ သန်း ၂၀ နီးပါးအကြား တွေ့ရှိရကြောင်း၊ အဆိုပါ မွေးမြူထားရှိမှု နှင့်ပတ်သက်၍ ထုတ်လုပ်မှုစရိတ် လျှော့ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အစာစပ်စက်ရုံများ တည်ဆောက်၍ ကိုယ်တိုင် အစာထုတ်လုပ်သည့်စနစ်ဖြင့် ဆောင်ရွက်ပါက အစာဈေးနှုန်း ကုန်ကျစရိတ်မှာ ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းခန့် သက်သာနိုင်သည့်အပြင် မိမိကိုယ်တိုင် ထုတ်လုပ်သဖြင့် လိုအပ်ချက်အပေါ်မူတည်၍ လိုအပ်သလို ဆောင်ရွက်နိုင်သည့်အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပေါ် မှီခိုစရာမလိုသည့်အပြင် ဥတစ်လုံးချင်းထုတ်လုပ်မှု စရိတ်သက်သာစွာဖြင့် ထုတ်လုပ်နိုင်သဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချဖြန့်ဖြူးပေးနိုင်မယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးသည်နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအထောက်အကူဖြစ်စေရန်အတွက် ဆောင်ရွက်ရာတွင် နှစ်စဉ်နိုင်ငံတော်မှခွဲဝေပေးသည့် ဘတ်ဂျက်ဖြင့်သာ မရပ်တည်ဘဲ မိမိတိုင်းဒေသကြီး၏ ရှာဖွေရရှိသည့်ဘတ်ဂျက်ဖြင့် ရပ်တည်နိုင်သည်အထိ အဆင့်လိုက် အစီအမံကောင်းများ ရေးဆွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားပါတယ်။
ထို့ပြင် စီးပွားရေးဇုန်များအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာ၌ လစ်ဟင်းမှုမရှိစေရေး ရေ၊ မီး၊ အလုပ်သမား စသည့်ကိစ္စရပ်များကိုလည်း ချမှတ်ထားသည့် မူဘောင်အတွင်းမှသက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုကြောင်းပြောကြားခဲ့ပါတယ်။
Ymg_mnn
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_13 May 2024
၁။ ရန်ကုန်တွင်(၂၄)နာရီပတ်လုံး EVကားများ အားသွင်းနိုင်၍ EV တက်စီယာဉ်လိုင်းများ အဆင်ပြေနေဟုဆို
၂။ သန်လျင်အမှတ် ၃ တံတားရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်သောကြောင့် သန်လျင်အိမ်ခြံမြေ ဈေးနှုန်းအတက်ပိုင်း၌သာရှိနေ
၃။ ရာသီကုန်ချိန်ရောက်မှ ဝယ်လိုအား ပြန်မြင့်လာသည့်အတွက် ဂေါ်ဖီထုတ်ဈေးပြန်မြင့်လာ
၄။ ကားအရောင်းအဝယ်တက်လာစေရန် ကားအဟောင်းနှင့်အသစ် အလဲအထပ်လုပ်သူများအတွက် တရုတ်က အခွန်လျော့ပေါ့မှုနှင့်မက်လုံးများပေး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တည်ဆောက်ထားတဲ့ သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာရှိ အခန်းပေါင်း၁၉၀၀ ကျော်ကို လာမယ့်ဇွန်လကစတင်ပြီး သုံးကြိမ်ခွဲကာ အသုတ်လိုက်နေရာချထားပေးသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published_13 May 2024
#အခန်းပေါင်း၁၉၀၀ကျော် #သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာ
#YMG/ NN #Yangon_Times
ပဲစိုက်ဖို့ မိုးမျှော်နေတာ။ မိုးကျတာနဲ့တန်းစိုက်မှာ။ ယာတစ်လယ်ကို အရင်ကလယ်ထွန်ခ ၅သောင်း လောက်ကုန်ကျရာကနေ အခုနှစ်မှာစက်သုံးဆီဈေးမြင့်လာလို့ ၆သောင်း၊ ၇သောင်းလောက်တိုးတောင်း တာမျိုးတွေရှိနိုင်တယ်။ နွားငှားရမ်းခအပါအဝင် ပဲစိုက်ပျိုးဖို့အလုပ်သမားခစုစုပေါင်းတစ်ဦးကိုကျပ် တစ်သောင်းခွဲ၊ နှစ်သောင်းကုန်ကျနိုင်တယ်။
#Local_News
Published_13 May 2024
#ပဲစိုက်တောင်သူများ #နွားငှားသုံးပြီးစက်သုံးဆီစရိတ်ခြွေတာ
#tthl #Yangon_Times
စျေးကွက်ထဲကို ဂေါ်ဖီထုတ်ကုန်အဝင်နည်းလာချိန်မှ ဝယ်လိုအားရှိလာတဲ့အတွက် ဈေးပြန်မြင့်လာတယ်လို့ အောင်ပန်းရှိကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေက ဂေါ်ဖီထုတ် ဈေးကွက်အဝင်များချိန်မှာ ဝယ်လိုအား အလွန်နည်းတဲ့အတွက် တောင်သူတွေ အရှုံးပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
#Local_News
Published_13 May 2024
#ဂေါ်ဖီထုတ်ကုန်အဝင်နည်း #တောင်သူတွေအရှုံးပေါ်
#YMG/LW #Yangon_Times
#Local_News
Published_13 May 2024
▪️ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ခရိုင် (၁၄)ခရိုင်အတွက် ထရန်စဖော်မာအသစ်နှင့်စပ်ဆက်ပစ္စည်းများဝယ်ယူရန်အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်းသိရသည်။
▪️ မေလ(၁၃)ရက်ထုတ်နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ခရိုင်(၁၄)ခရိုင်အတွင်းရှိ ထရန်စဖော်မာများ ပြုပြင် ထိန်းသိမ်းရန်အတွက်လိုအပ်သည့် ထရန်စဖော်မာ Oilများ၊ ခရိုင်(၁၄)ခရိုင်အတွင်းရှိ ကန်ထရိုက်တိုက်များ မီးရရှိစေရေးအတွက်လိုအပ်သည့် ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် တင်ဒါခေါ်လိုက်ခြင်းဖြစ်သည်။
▪️ တင်ဒါပုံစံနှင့်အချက်အလက်များကို ဌာန၏သတ်မှတ်နှုန်းထားအတိုင်း ယနေ့မေလ(၁၃)ရက်မှစတင်လျှောက် ထားနိုင်ပြီး မေလ(၂၈)ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း တင်ဒါကော်မတီမှဖော်ပြထားကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်မီးများသည် အချိန်ဖြင့်သာရရှိကြပြီး ပြီးခဲ့သည့်အပတ်များတွင် ဓာတ်အားစနစ် ချို့ယွင်းခြင်း၊လေပြင်းတိုက်ခတ်ခြင်းကြောင့်တာဝါတိုင်ပျက်စီးခြင်းများကြောင့် ပုံမှန်လျှပ်စစ်မီးလာချိန်ထက် လျော့နည်းခဲ့ကြောင်းနှင့်ပုံမှန်အတိုင်းလျှပ်စစ်မီးမှန်အောင်ပေးနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ ထုတ်ပြန်ချက်များအရသိရသည်။
#tthl #Yangon_Times
Page 297 of 1875