မျှင်ငါးပိပြုလုပ်ရာမှာ အသုံးပြုရတဲ့ မျှင်ကောင်လေးများ ဖမ်းသည့်ရာသီသိမ်းချိန်ရောက်လာပြီဖြစ်တဲ့အတွက် မျှင်ငါးပိဈေးတဖြည်းဖြည်းမြင့်လာတယ်လို့ မျှင်ငါးပိထုတ်လုပ်ရောင်းချသူတွေထံက သိရပါတယ်။
#Local_News
Published 24 May 2024
#မျှင်ဖမ်းရာသီသိမ်းချိန် #မျှင်ငါးပိထုတ်လုပ်ရောင်းချသူ
#YMG/LW #Yangon_Times
မုန်တိုင်းအရှိန်ကြောင့်မိုးကြီးပြီး ရေကြီးရေလျှံဖြစ်နိုင်သလို မုန်တိုင်းကနေပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့်လည်း မြန်မာကုန်းတွင်းပိုင်းမှာ လေဆင်နှာမောင်းတွေ၊ စိုက်ဆင်းလေပြင်းတွေ၊ လေပြင်းတွေလည်းတိုက်ခတ်နိုင်လို့ မုန်တိုင်းနဲ့ဝေးတယ်ဆိုပြီး ပေါ့ပေါ့ဆဆမနေကြဖို့ လိုအပ်တယ်။
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်း)
#Local_News
Published 24 May 2024
#မိုးကြီးရေလျှံတာ #လေဆင်နှာမောင်း
#tthl #Yangon_Times
ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းခြင်းနဲ့ လေတိုက်ခတ်ခြင်းစတဲ့ ရာသီဥတုဒဏ်တွေကြောင့် ကွမ်းခြံအချို့ပျက်စီး ဆုံးရှုံးမှုတွေရှိတဲ့အတွက် ကွမ်းရွက်ဈေးနှုန်းတွေ မြင့်လာတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရှိ ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။
#Local_News
Published 24 May 2024
#ကွမ်းခြံများပျက်စီး #ကွမ်းရွက်ဈေးနှုန်းတွေမြင့်တက်
#YMG/LW #Yangon_Times
ယခုနှစ် ငါးလတာအတွင်း YBS ယာဥ် စည်းကမ်းဖောက်ဖျက်မှုပေါင်း၂၃၀၀၀ ကျော် အထိ အမှုဖွင့်လှစ် အရေးယူနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 24 May 2024
#YBS # သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ
#YMG/NN #Yangon_Times
ကမ္ဘာ့အဆင့် Ranking သတ်မှတ်ကြည့်ရာမှာ မလေးရှားအသင်းဟာ ကမ္ဘာ့အဆင့်(၁)၊ ထိုင်းအသင်းဟာ ကမ္ဘာ့အဆင့်(၂)နဲ့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအသင်းဟာကမ္ဘာ့အဆင့်(၃)နေရာမှာရပ်တည်နေတယ်။ အဖွဲ့လိုက်ပြိုင်ပွဲ Regu Team Event ကို အုပ်စုပွဲစဉ်များဆက်ပြိုင်နေတယ်။
#Local_News
Published 24 May 2024
#‘ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲ’ #မြန်မာအသင်းကမ္ဘာ့အဆင့်(၃)
#tthl #Yangon_Times
#Local_News
Published 24 May 2024
▪️ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင် ခရိုင်များရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည် မြန်မာကျောင်းသားကျောင်းသူများနှင့်အလုပ်လုပ်ကိုင်နေသူများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍မြန်မာသံရုံးဘန်ကောက်မြို့တွင် မေလ၂၇ရက်တနင်္လာနေ့ မှစတင်ပြီး ပြုလုပ်ေပးတော့မည်မဟုတ်ကြောင်း. မြန်မာသံရုံးဘန်ကောက်မြို့ က မေလ၂၄ရက်ကကြေညာလိုက်သည်။
▪️ ယခင်က ထိုင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသားများနှင့်မြန်မာအလုပ်သမားများ၏ နိုင်ငံကူး လက်မှတ်ဆိုင်ရာ ကိစ္စရပ်များကို မြန်မာသံရုံးဘန်ကောက်မြို့နှင့်ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ရုံးတို့တွင် ပြုလုပ်ေပးခဲ့ ကြောင်းသိရသည်။
▪️ "အရင်က မြန်မာအလုပ်သမားတွေ စာအုပ်လုပ်ဖို့ ဘန်ကောက်သံရုံးမှာ ရက်ချိန်းမရရင် ချင်းမိုင် သံရုံးမှာလည်း သွားလုပ်ကြတယ် ထောက်ခံစာဘာတွေလိုတယ်ဆိုရင်လည်း ဘန်ကောက်ရုံးမှာလာလုပ်ကြတယ်။
▪️ အခုကတော့မြောက်ပိုင်းမှာရောက်နေတဲ့ အလုပ်သမားတွေကောကျောင်းသားတွေကော လိုအပ်တဲ့စာရွက်စာတမ်းကိစ္စတွေ ထောက်ခံစာကိစ္စတွေကိုချင်းမိုင်ရုံးကိုပဲ ခွဲပြီးပေးလိုက်တဲ့သဘောလို့ထင်တယ် ချင်းမိုင်မှာေနတဲ့သူတွေအနေနဲ့ ဘန်ကောက်သွားစရာမလိုတော့ဘဲအဆင်ပြေသွားတာပေါ့"ဟု ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
▪️ ထို့ကြောင့်လာမည့် မေလ၂၇ရက် တနင်္လာနေ့မှစတင်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင် ခရိုင်များရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည် မြန်မာကျောင်းသားကျောင်းသူများနှင့်အလုပ်လုပ်ကိုင်နေသူများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များကို ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သာ ဆောင်ရွက်သွားနိုင်ပြီဖြစ်ကြောင်း မြန်မာသံရုံးဘန်ကောက်မြို့က ကြေညာထားသည်။
#YMG/LW #Yangon_Times
#Local_News
Published-24 May 2024
▪️ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့် ညောင်ပင်သာကြား မို-င်း -ခွဲ- ခံရ၍ အမြန်လူစီးရထားများညောင်လေးပင်နှင့်ဖြူးဘူတာများ၌ ရပ်တန့်ထားရ ကြောင်းမြန်မာ့မီးရထားမှသိရသည်။
▪️ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့် ညောင်ပင်သာကြား၊ ရထားလမ်း မိုင်တိုင် ၁၂၆/၇-၈ ကြား၊ ပတ္တာရွာလမ်းကူးအနီးတွင် မေလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၄၂ မိနစ်နှင့် ၂ နာရီ ၃ မိနစ်အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ပေါ-က်ကွဲမှုကြောင့် အဆန်လမ်းမှ အတွင်းသံလမ်း လေးပေခန့် ပြတ်ထွက်ခဲ့ပြီး ကွန်ကရစ်ဇလီဖား ငါးတုံးခန့် ပျက်စီးခဲ့ ပြီး အစုန်လမ်းမှ အတွင်းသံလမ်း လေးပေခန့် ပြတ်ထွက်ခဲ့ကာ ကွန်ကရစ်ဇလီဖား ငါးတုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရထားလမ်းပျက်စီးမှုဖြစ်စဥ်များကြောင့် ယနေ့ ရန်ကုန်မှ ထွက်ခွာလာသော အမှတ်(၁၁) အဆန် လူစီးအမြန်ရထားသည် ညောင်လေးပင်ဘူတာတွင်လည်ကောင်း၊အမှတ်(၉၉၄) အစုန် ကုန်ရထားသည် ဖြူးဘူတာတွင်လည်ကောင်း အသီးသီး ရပ်တန့်ထားရကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်မေ ၂၀ ရက် ည ၉ နာရီခွဲခန့်ကလည်း သထုံမြို့နယ် ကလိကျွန်းရွာနှင့် ကျွန်းချောင်းရွာကြား ရန်ကုန် - မော်လမြိုင်ရထားလမ်းရှိ တံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
#YMG/ NN #Yangon_Times
Page 279 of 1875