ဘူဆန်ရုပ်ရှင်ကော်မရှင်မှစီစဉ်သည့် ရုပ်ရှင်သင်တန်းအတွက်မြန်မာလူငယ်နှစ်ဦးအပြင် Production အတွက် လိုအပ်မယ့် တည်းဖြတ်နဲ့ထုတ်လုပ်နည်းပညာဆိုင်ရာအကူ ဆောင်ရွက်ဖို့ မြန်မာလူငယ်နှစ်ဦးကိုလည်းတိုးခေါ်နိုင်တယ်။
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံ ရေးကော်မတီမှ ဦးချမ်းသာကြည်စိုး)
#Local_News
Published_ 26 May 2024
#ဘူဆန်ရုပ်ရှင်ကော်မရှင် #မြန်မာလူငယ်နှစ်ဦးရွေးချယ်
#YMG/tthl #Yangon-Times
#Local_News
Published 26 May 2024
▪️ ယခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအောင်မြင်သည့် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်စုစုပေါင်း (၂၁၀၈၅)ဦးရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
▪️ ပထမပြန်စာမေးပွဲတွင် ပထမကြီး၊ပထမလတ်၊ပထမငယ်တန်းနှင့်အခြေပြုမူလတန်းဆိုပြီး ဖြေကြားကြခြင်းဖြစ်သည်။
▪️ ပထမကြီးတန်းတွင် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်ဖြေဆိုသူ ၆၄၆၈ဦးတွင် အောင်မြင်သူ ၈၅၀ဦး၊ပထမလတ်တန်းတွင် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်ဖြေဆိုသူ ၆၇၈၆ဦးတွင် အောင်မြင်သူ ၁၅၃၄ဦး၊ပထမငယ်တန်းတွင် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်ဖြေဆိုသူ ၁၂၇၉၅ဦးတွင် အောင်မြင်သူ ၅၁၉၃ဦး၊အခြေပြုမူလတန်းတွင် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်ဖြေဆိုသူ ၂၂၈၁၆ဦးတွင် အောင်မြင်သူ ၁၃၅၀၈ဦးရှိသဖြင့် စုစုပေါင်း ဖြေဆိုသူ၄၈၉၁၀ဦးတွင် အောင်မြင်သူ၂၁၀၈၅ဦးရှိကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
▪️ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အထူးအောင်မြင် သူများအဖြစ် ပထမကြီး၊ပထမလတ်၊ပထမငယ်တန်းနှင့်အခြေပြုမူလတန်းတို့တွင် ပထမ၊ဒုတိယ၊တတိယနှင့်သီလရှင်ပထမဆုရရှိသူစာရင်းနှင့် အောင်မြင်သူစာရင်းကို မေလ(၂၆)ရက်ထုတ်နိုင်ငံပိုင်သတင်းစာနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ website များ၌ဖော်ပြထားကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 26 May 2024
▪️ တရုတ်နိုင်ငံတွင် တရုတ်ယူ-၂၀အသင်းနှင့် ခြေစမ်း ပွဲ(၂)ပွဲကစားမည့် မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းသည် တရုတ်နိုင်ငံ၊Xianghe မြို့တွင်မေ ၂၆ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အကြား ကြိုတင်ညှိနှိုင်းဆွေးနွေးမှုအရ မြန်မာအမျိုးသား ယူ-၂၀ ဘောလုံးအသင်းသည် တရုတ်အမျိုးသား ယူ-၂၀ ဘောလုံးအသင်းနှင့် လာမည့် မေ ၃၀ရက်နှင့် ဇွန် ၂ရက်တို့တွင် တရုတ်နိုင်ငံ၊ Xianghe မြို့၌ ကွင်းပိတ်ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
▪️ မြန်မာယူ-၂၀ ဘောလုံးအသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက် ရှိပြီး အုပ်ချုပ်/နည်းပြ၊ ကစားသမား စုစုပေါင်း ၃၂ ဦးဖြင့် ဖွဲ့စည်းထားသည်ဟုဆိုသည်။
▪️ မြန်မာယူ-၂၀ ဘောလုံးအသင်းသည် ၂၀၂၄ခုနှစ် ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အသက်(၁၉)နှစ်အောက် အာဆီယံအမျိုးသားဘောလုံးပြိုင်ပွဲနှင့် စက်တင်ဘာလမှာ ကျင်းပမယ့် အသက်(၂၀)နှစ်အောက် အာရှအမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို ဝင်ရောက်ယှဉ်ပြိုင်ရန် ကာလရှည် စခန်းသွင်းလေ့ကျင့်နေခြင်းဖြစ်သလို ပြိုင်ပွဲများမတိုင်မီတရုတ်ယူ-၂၀ အသင်းနှင့် ခြေစမ်းပွဲကစားခြင်း ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 26 May 2024
▪️ ရန်ကုန်တိုင်းတွင်သဘာဝဘေးအတွက် ကူညီကယ် ဆယ်ရန်လူအင်အား (၃၀၅၆)ဦး၊ယာဉ်ယန္တရား (၆၄၆) စီးအသင့်ပြင်ထားပြီး လူအင်အား၊ယာဉ်နှင့်ယန္တရားအင်အားများကိုစုဖွဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ရန်ကုန်တိုင်းတွင် သဘာဝဘေးအန္တရာယ်ကာကွယ် ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ လူအင်အားစုဖွဲ့ထားရှိမှု၊ မြေသယ်ယာဉ် ၂၁၀ စီး၊ ၁၂ ဘီးယာဉ် ငါးစီး၊ Loader (ဝန်ချီစက်) ၁၂ စီး၊ မြေတူးစက်ခြောက်စီး၊ ဒိုဇာ နှစ်စီး၊ ကရိန်း ၁၄ စီး၊ ရေသယ်ယာဉ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ၂၅ စီး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ၆၂ စီး၊ မီးသတ်ယာဉ် ၃၀၈ စီး၊ ဆီဘောက်ဆာနှစ်စီး စုစုပေါင်းယာဉ်ယန္တရား ၆၄၆ စီး၊ လူအင်အား ၃၀၅၆ ဦး စုဖွဲ့ထားရှိမှုများကိုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင်များကို လိုက်လံရှင်းလင်း တင်ပြသည်။
▪️ အဆိုပါအဖွဲ့ဝင်များသည်သဘာဝဘေး အန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လူ၊ ယာဉ်၊ ယန္တရားစုဖွဲ့ထားရှိမှုများကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် လှည့်လည်ကြည့်ရှု စစ်ဆေးကြခြင်းဖြစ်သည်။
▪️ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က "သဘာဝဘေးအန္တရာယ်များသည် အဖျက်စွမ်းအားကြီးမားသည့် အတွက် အလွန်အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် နိုင်ငံတော် အစိုးရက အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ကြိုတင်သတိပေးချက်များကို ပြည်သူလူထုထံသို့ အစောဆုံး ထုတ်ပြန်ကြေညာနိုင်လေ လူ့ အသက် အိုးအိမ်၊ စည်းစိမ်ဥစ္စာများ ဆုံးရှုံးမှု လျော့နည်းလေဖြစ်၍ စနစ်တကျ စီမံဆောင်ရွက်ထားရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက် မည်ဟုသိရှိရပါက ပြည်သူလူထုတစ်ရပ်လုံးအား တာဝန်သိစိတ် ကိုယ်စီဖြင့် နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးနှိုးဆော်သွားနိုင်ရေး စနစ်တကျဆောင်ရွက်သွားရန်"ပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 26 May 2024
▪️ တရုတ်နိုင်ငံ၊နန်နင်းမြို့တွင်ကျင်းပသည့်'အာဆီယံ-တရုတ်လူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲ'သို့မြန်မာလူငယ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ပျူခေတ်ယဉ်ကျေးမှုအနုပညာအကဖြင့်တင်ဆက်ကပြခဲ့ကြောင်းသိရသည်။
▪️ 'ပိုမိုတိုးတက်ကောင်းမွန်သော လူငယ်များနှင့်အနာဂတ်အတွက်'ဟူသော ဆောင်ပုဒ်ဖြင့်ကျင်းပသည့် 'အာဆီယံ-တရုတ် လူငယ်ခေါင်းဆောင်များ အပြန်အလှန်တွေ့ဆုံပွဲအခမ်းအနား'ကို မေ ၂၁ ရက် မှ ၂၄ ရက်အထိ ကွမ်ရှီးပြည်နယ်နန်နင်းမြို့၌ကျင်းပခဲ့ရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ အလုပ်အမှုဆောင်နှစ်ဦးနှင့် လူငယ်ငါးဦးပါဝင်သောအဖွဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
▪️ အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာလူငယ်အဖွဲ့သည် အာဆီယံနိုင်ငံအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များနှင့် အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခြင်း၊ အတွေ့အကြုံနှင့် ယဉ်ကျေးမှုဗဟုသုတများ ဖလှယ်ဆွေးနွေးခြင်း၊ နိုင်ငံအလိုက် အမျိုးသားယဉ်ကျေးမှု အဆိုအကများ တင်ဆက်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများတွင် မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်းမှ လူငယ်ကိုယ်စားလှယ်အဖွဲ့က နှစ်ပြည်ထောင်အကြား အစောဆုံးစတင်ခဲ့ကြသော ပျူခေတ်ယဉ်ကျေးမှုအနုပညာအက အစီအစဉ်များ တင်ဆက်ပြသခဲ့ကြောင်းသိရသည်။
#tthl #Yangon_Times
#Local_News
Published 26 May 2024
▪️ သံတွဲနှင့်စစ်တွေအနီး ပင်လယ်ပြင်၌ဗဟိုပြုနေသည့်ဆိုက်ကလုန်းမုန်တိုင်း"ရီမယ်(လ်)"အရှိန်ကြောင့်ဒေသ(၁၅)ခုမိုးထစ်ချုန်းပြီးဒေသ(၈)ခုမိုးကြီးနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ထုတ်ပြန်ချက်အရသိရသည်။
▪️ ထုတ်ပြန်ချက်တွင်ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊
▪️ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာ နိုင်ငံ၊ သံတွဲမြို့(Thandwe)၏ အနောက် -အနောက်မြောက်ဘက် ရေမိုင် ၂၈၅ မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင် ဘက် ရေမိုင် ၂၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်၊ အိန္ဒိယ နိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning) ၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေကြောင်း
▪️ ယနေ့မေလ(၂၆)ရက် ညနေအထိခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
▪️ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
▪️ မြန်မာ့ပင်လယ်ပြင်တွင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။
▪️ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန် ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်။
▪️ နောက်(၂)ရက် မေလ(၂၇)ရက်နှင့်(၂၈)ရက်အတွက်ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးနိုင် ကြောင်း သိရသည်။
#tthl #Yangon_Times
ရန်ကုန်တိုင်းအဆင့်ဝင်မြန်မာ့သိုင်း နည်းပြနဲ့ ဒိုင်သင်တန်း(ဒိုင်လူကြီးသင်တန်း)ကို ရန်ကုန်မြို့ ၊ တောင် ဥက္ကလာ၊ ပဒေသာအားကစားရုံမှာ ဇွန်လအတွင်း ဖွင့်လှစ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published_ 26 May 2024
#မြန်မာ့သိုင်း #ရန်ကုန်တိုင်းအဆင့်ဝင်
#YMG/NN #Yangon-Times
Page 276 of 1875