31 May 2024
နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၅) သန်း နှင့် တရုတ်ယွမ် (၅) သန်းထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မေလ(၃၁)ရက်၌ ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် မေလ(၂၀)ရက်၌လည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးခဲ့သေးသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် (၉-၅-၂၀၂၄) ရက်နေ့တွင်လည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးကြောင်းနှင့်
(၇-၅-၂၀၂၄) ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၂.၅ သန်း၊
(၂-၅-၂၀၂၄) ရက်နေ့၊ နိုင်ငံခြားငွေကြေးဈေး ကွက် တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၅ သန်း နှင့်ထိုင်းဘတ် သန်း ၃၀ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ ရောင်းချပေးနေပြီးနိုင်ငံခြားငွေပမာဏ ဒေါ်လာ (၃၁) သန်း၊ တရုတ်ယွမ် (၃၁. ၅) သန်းနှင့် ထိုင်းဘတ် (၁၉၆) သန်းခန့် ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
ကိုရီးယားရောက် မြန်မာနိုင်ငံသား တွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို မြန်မာသံရုံးကနေ လူကိုယ်တိုင်ရက်ချိန်းယူတဲ့စနစ်နဲ့ ဆောင်ရွက်ပေးလျက်ရှိရာမှာ လာမယ့်ဇူလိုင်လ ၂၂ရက် က စပြီး online appoint ment စနစ် နဲ့သာ ပြောင်းလဲဆောင်ရွက်ပေးတော့မယ်လို့ မြန်မာသံရုံး ဆိုလ်းမြို့ က မေလ ၃၁ရက် မှာ ကြေညာလိုက်ပါတယ်။
Yangon_Times/LW
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
ဧည့်မထဆန် တစ်ပြည် ၃၀၀၀ ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကမြို့နယ် (၁၈)မြို့နယ်က ဆန်ဆိုင်(၅၈)ဆိုင်မှာရောင်းပေး နေပါတယ်။ (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)
ဧည့်မထဆန်တစ်ပြည် ၃၀၀၀ကျပ်ဖြင့် ဆန်အိတ်(၆၀)ရောင်းချပေးခဲ့ပြီး ထပ်ရောက်လာရင် ထပ်ရောင်းပေးဖို့ရှိပါတယ်။ (မြောက်ဒဂုံရှိဆန်ဆိုင်)
Yangon_Times/tthl
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်စက်သုံးဆီဈေးကွက်ထဲမှာ ဒီကနေ့ ဓာတ်ဆီ နဲ့ ဒီဇယ်ဈေးတွေ ကျဆင်း နေတယ်လို့ သိရပါတယ်။
Yangon_Times/NN
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
ကုန်အဝင်နည်းလာခြင်းနဲ့ ပြည်တွင်း ဝယ်လိုအားရှိနေတဲ့အတွက် ကြက်သွန်ဖြူ ဈေးကွက်ဟာ ဈေးဆက်လက် မြင့်နိုင်ဖွယ်ရှိတယ်လို့ ရှမ်းပြည်နယ် အောင်ပန်းရှိ ပွဲရုံများထံက သိရသည်။
Yangon_Times/LW
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ဖလားခြေစစ်ပွဲ ဂျပန်-မြန်မာပွဲစဉ် လက်မှတ်တွေကိုဇွန်လ ၄ ရက်နဲ့ ၅ရက်၊ ဇွန်လ ၆ ရက်တို့မှာ ရောင်းချပေးသွားမယ်။
Yangon_Times/tthl
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
Published 31 May 2024
ဆိပ်ကမ်း၊ လေဆိပ်များသို့သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ကုန်ပစ္စည်းကြိုတင်ရောက်ရှိခြင်းများကို အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ထိုသို့အရေးယူဆောင်ရွက်ရာတွင် လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ သွင်းကုန် လိုင်စင်/ပါမစ်ခွင့်ပြုချက်မရရှိသေးဘဲဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များကြိုတင်ရောက်ရှိကြောင်းစိစစ်တွေ့ရှိရပါကပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အကောက်ခွန်ကုန်လှောင်ရုံအတွင်းထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပကျန်ပြည်ပမှ တင်သွင်းသောကုန်ပစ္စည်းများကိုခွင့်ပြုချက်မရှိဘဲဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်းမပြုလုပ်ရန်လိုအပ်ကြောင်း၊
ခွင့်ပြုချက်မရှိဘဲရောက်ရှိပါက ယင်းတင်သွင်းသောကုမ္ပဏီများကိုပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီအရေးယူမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၈ ရက်က အမိန့်ကြေညာစာထုတ်ပြန်ထားသော်လည်း သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကိုကြိုတင်တင်သွင်းဆောင်ရွက်လျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည် ။
လတ်တလောတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍများ အတွက်သာလိုအပ်သောအရေးကြီးကုန်ပစ္စည်းများကိုအကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီအကောက်ခွန်ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထားကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့် ဥပဒေနှင့်စည်းကမ်းများကိုအလေးအနက်ထားလိုက်နာရန်ရည်ရွယ်၍ သွင်းကုန် လိုင်စင်/ ပါမစ် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲကုန်ပစ္စည်းများဆိပ်ကမ်းနှင့်လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် နှိုးဆော်အသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
Page 266 of 1874