ဇွန်၄ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ YGEAရဲ့ ရွှေသတ်မှတ်ရည်ညွန်းဈေး ၄၈သိန်းခုနှစ်သောင်းကျော် အထိရှိလာပြီး ရွှေဆိုင်တွေနဲ့ရွှေလုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်စျေးနှုန်းနဲ့သာ အရောင်းအဝယ်ပြုလုပ်ကြဖို့၊ YGEAက ထပ်မံတိုက်တွန်း လိုက်ပါတယ်။
#Local_News
Published_04 June 2024
#YEGA #သတ်မှတ်စျေးနှုန်း
#NN #Yangon_Times
ဈေးကွက်ထဲကို ငရုတ်သီးစိမ်းကုန်အဝင်နည်းတဲ့အတွက် ယခင်တပတ်ထက်တစ်ပိဿာကို ကျပ် ၂၀၀၀ခန့် ဈေးမြင့်လာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_04 June 2024
#ငရုတ်သီးစိမ်းကုန်အဝင်နည်း #ငရုပ်သီးစိမ်းဈေးမြင့်
#YMG/LW #Yangon_Times
#Local_News
Published_04 June 2024
▪️ ONE Championship အဖွဲ့အစည်းမှ စီစဉ်ကျင်းပသည့် ONE Friday Fight မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် သွေးသစ်ဝင်းလှိုင် ပါဝင်ယှဉ်ပြိုင်ရန် ဆရာဖြစ်သူ ဝမ်ချိုင်းနှင့်အတူ ထိုင်းနိုင်ငံဘန်ကောက်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲကို ဇွန် ၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ပြီး ONE Friday Fights-66 ပြိုင်ပွဲတွင် သွေးသစ်ဝင်းလှိုင် ပွဲစဉ်ပါဝင်ကာ ထိုင်းမွေထိုင်းဖိုက်တာ Khun Suekနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
▪️ ONE Friday Fights-66 ပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ပါဝင်မည်ဖြစ်ပြီး သွေးသစ်ဝင်းလှိုင်နှင့် ခွန်ဆော့ပွဲကို ပွဲစဉ် (၅) အဖြစ် ကျင်းပမည်ဖြစ်သည်။
▪️ သွေးသစ်ဝင်းလှိုင်သည် ယခုနောက်ပိုင်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ဆက်တိုက်ရယူကာ နာမည်ကောင်းရယူထားသူဖြစ်ပြီး ONE Championship နှင့် ပထမဆုံးလက်တွဲ ခြင်းဖြစ်သည်။
▪️ သောကြာနေ့များတွင် ကျင်းပသည့် ONE Friday Fights ပြိုင်ပွဲတွင် သွေးသစ်ဝင်းလှိုင်အပြင် ထွန်းမင်းအောင်ကလည်း ပြီးခဲ့သည့်မေလ(၃၁)ရက်က ရုရှားနိုင်ငံသားခီးရက်နှင့်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာဖိုက်တာအချို့သွားရောက် ထိုးသတ်လျက်ရှိပြီး ယခုနောက်ပိုင်းတွင် နာမည်ကြီး မြန်မာရိုးရာ လက်ဝှေ့သမားတစ်ဦးဖြစ်သည့် စိုးလင်းဦး၊ ထွန်းမင်းနိုင်နှင့် မိုးထက်အောင်တို့လည်း ONE Championship က ကျင်းပသည့် ပွဲစဉ်များ၌ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 4 June 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်-ပုသိမ် ကားလမ်းတွင် စက်သုံးဆီတင် ယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။
▪️ ဇွန်လ ၃ရက် ညနေ ၆နာရီခွဲခန့်က ကန်ကြီးထောင့်မြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ်(၉၄/၁)နှင့် (၉၄/၂)ကြားတွင် ISUZU GIGA အမျိုးအစား စက်သုံးဆီတင်ယာဉ်(၁)စီး မှာ ကားဘီးချော်၍ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဆီတင် ယာဉ် တိမ်းမှောက်ကြောင်း သတင်းရရှိသဖြင့် ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒါးကနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး ထွက်ခွာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ယခုဆီတင်ယာဉ် တိမ်းမှောက်မှုကြောင့်ယာဉ်မှာ ပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Time
Published_3 Jun 2024
ယင်းကြောင့် ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို တရားမဝင်ရောင်းချခြင်းနှင့် တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲပြောင်းခြင်းများဆောင်ရွက်ခဲ့သူ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် အထွေ ထွေမန်နေဂျာ ဦးမင်းသူကျော် (ထွက်ပြေးတိမ်းရှောင်)တို့အားလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက် မရှိဘဲ ပြည်ပနိုင်ငံများ၌ ဘဏ်ငွေစာရင်းများ တရားမဝင်ဖွင့်လှစ်ထားသည့် တရားခံ ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန် တို့အားလည်းကောင်း၊ ပြည်ပနိုင်ငံတွင် တရားမဝင် တိုက်ခန်းဝယ်ယူ ထား သူများအားလည်းကောင်း စိစစ်၍ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ် ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဝိသမသမားစီးပွားရေးလုပ်ငန်းရှင်အချို့က ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏စီးပွားရေး၊ ငွေ ကြေးဈေးကွက် ကမောက်ကမ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရား မဝင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ လူမှုကွန်ရက်မီဒီယာများမှ ဆွဲဆောင်စည်းရုံး ရောင်းချခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများမှ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၅၁)လမ်းအထက်၊ အမှတ်(၁၅၅/၁၅၇)၊ (၈)လွှာ၌ ရုံးခန်း ဖွင့်လှစ် ထားသည့် Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်း သူကျော်တို့ (၂)ဦးသည် ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် ရောင်းချ လျက်ရှိ ကြောင်း သိရှိရ သည့် အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆက်စပ်သူများအား ခေါ်ယူ စစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်း နှင့် အထွေထွေမန်နေ ဂျာ ဦးမင်းသူကျော်(ထွက်ပြေးတိမ်းရှောင်)တို့သည့ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများကို ပြည် တွင်း ၌ တရားမဝင် ရောင်းချရန် သက်ဆိုင်ရာသို့ သတင်းပေးပို့ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အရောင်းပြပွဲများကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ (၂)ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများ က ပေးချေသည့် မြန်မာကျပ်ငွေများကို လက်ခံရယူပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ဟွန်ဒီလုပ်ငန်းများမှ ငွေကြေးများ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ဆေးချက်များအရ သိရကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် Minn Thu ကုမ္ပဏီမှ ရောင်းချခဲ့သည့် ပြည်ပနိုင်ငံရှိ တိုက်ခန်းများကို တရားမဝင်ဝယ်ယူထားသူဦး နေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ (၃)ဦး သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံရှိဘဏ်များ၌ တရားမဝင်ဖွင့်လှစ်ထားသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများမှတစ်ဆင့် တိုက်ခန်းဖိုး ငွေ ကြေးများ လွှဲပြောင်းပေးချေခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများကို Online မှတစ်ဆင့် တရားမဝင် ရောင်းချနေသည့် အခြား ကုမ္ပဏီ များနှင့် ဝယ်ယူသူများအား ဆက်လက်စိစစ် ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် တရားမဝင်ဘဲ ပြည်ပနိုင်ငံရှိ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်နေသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာသတင်းပေးပို့ပါရန် လည်း အသိပေး ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
Yangon_Times/PP
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_3 Jun 2024
နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူ ၁၄ ဦးအားဖမ်းဆီးထားပြီး နောက်ကွယ်က ဆောင် ရွက်လျက်ရှိသူ ၁၁ ဦး ကို ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်သွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဇွန်လ ၃ ရက်တွင် ထုတ်ပြန် လိုက်သည်။
ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို အနှောင့်အယှက်အဟန့် အတား ဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာများမှ တစ်ဆင့် ဝါဒဖြန့်ချိ ဈေးကစားခြင်း၊ ထို့အပြင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ် ပေးခွင့်လိုင်စင်ရှိသည့် Money Changer အချို့သည်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်မျဉ်းသတ်မှတ်ချက်များကိုချိုးဖောက်၍ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန်ဆောင်ရွက်လျက်ရှိကြောင်း သ တင်းရ ရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ အထက်ပါအတိုင်း ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်လျက်ရှိသည့် တရား မဝင် နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများအပါအဝင် ၁၄ ဦး အား ဖော်ထုတ်ဖမ်းဆီးစစ်ဆေး လျက် ရှိကြောင်း ၊၎င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်များအရ နောက် ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် ၁၁ ဦး အား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့ က ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်း ရှောင်လျက်ရှိ ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါ ဖမ်းဆီးရမိ သူ ၁၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက် ပြေးတိမ်းရှောင်လျက်ရှိသည့် ၁၁ ဦးကို လည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့ကို သိရှိပါက သက်ဆိုင်ရာ လုံခြုံ ရေး အဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းနှင့် လက်ခံထားသူများ ကို လည်း တရားဥပဒေ အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ် ပြန်ရေး က ထုတ်ပြန်ထား သည်။
Yangon_Times/PP
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_3 Jun 2024
BGF ထံ ခိုလှုံသည့် စောဝါးနေမူး (ခေါ်) စောအင်္ဂလိပ် ကို KTLA က ရာထူးမှ ထုတ်ပယ်ရပ်နားကြောင်း ကော်သူးလေတပ်မတော် ဗဟိုဌာနချုပ်ရုံး က ဇွန်လ ၃ ရက် ယနေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ကော်သူးလေတပ်မတော်၊ ဗဟိုဌာနချုပ်တွင် ဒုတိယရုံးထိုင်မှူးချုပ်ရာထူးဖြင့်တာဝန် ထမ်း ဆောင်နေသော စောဝါးနေမူး (ခေါ်)စောအင်္ဂလိပ်သည်တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း သက် ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့သို့ အကြောင်းကြားခြင်း မရှိဘဲ မိမိသဘောဆန္ဒအလျောက် အတူနေ မိသားစုဝင်များ၊ ရဲဘော် (၆) ဦးနှင့်အတူ လက်နက်အချို့ကို ယူဆောင်ကာ ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းကြောင့် စောဝါးနေမူး (ခေါ်) စောအင်္ဂလိပ်အား ကော်သူးလေတပ်မတော်အက်ဥပဒေအရ ဒုတိယ- ရုံးထိုင် မှူးချုပ်ရာ ထူးမှ နှုတ်ပယ်၍ ကော်သူးလေတပ်မတော်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း ဖော်ပြထားသည်။
လူမှုကွန်ရက်သတင်းများအရ စောဝါးနေမူး (ခေါ်) စောအင်္ဂလိပ် သည် လက်နက် ၃၀ ကျော်နှင့် လက်အောက် ခံ လူများခေါ်ဆောင်၍ BGF ထံ ခိုလှုံပူးပေါင်းသွားကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 260 of 1874