#Local_News
Published _5 Jun 2024
▪️ တစ်နိုင်ငံလုံးတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်းကို ယခုနှစ် မိုးရာသီ အတွင်းစိုက်ပျိုးမည်ဟု နေပြည်တော်၌ပြုလုပ်သည့်ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
▪️ မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့တို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ပါဝင်ခဲ့သောကြောင့်လည်း အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများအတွက် သစ်တောဦးစီးဌာနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနတို့က ယခုနှစ် မိုးရာသီတွင် တစ်ရွာ ၂ ဧကစိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်း စုစုပေါင်း ၃၅၅၁ ဒသမ ၂၀ ဧက၊ ပျိုးပင်ပေါင်းနှစ်သန်းကျော်ကို ကျေးရွာပေါင်း ၈၀၉ ရွာတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ယင်းကပြောသည်။
▪️ အလားတူ ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာ အသီးသီးတွင်လည်း ဒေသအလိုက်သင့်တော်သည့် အရိပ်ရအပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးရန်၊ သစ်ပင်သစ်တော်ထိန်းသိမ်းရန် အာဆီယံလမ်းမကြီးများ ဘေးဝဲယာ၊ အမြန်လမ်းမကြီးဘေးဝဲယာနှင့် ရထားလမ်းများ ဘေးဝဲယာများတွင်လည်း သစ်ပင်များစဉ်ဆက်မပြတ် စိုက်ပျိုးပြုစုထိန်းသိမ်းကြရန်လိုကြောင်းလည်း ၎င်းကပြောသည်။
▪️ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းကစ၍ နစကသက်တမ်းအတွင်း ကြိုးပြင်ကာကွယ်တော ၄၁ ခု၊ ဧရိယာဧက ၅၆၀,၀၀၀ ကျော်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၄ ခု ဧရိယာဧက ၅၉၀,၀၀၀ ကျော် စုစုပေါင်း ဧရိယာဧက ၁ ဒသမ ၁၅ သန်းကျော်ကို တည်ထောင်ဖွဲ့စည်းနိုင်ပြီးဖြစ်ကြောင်း သိရသည်။
▪️ နစကအနေဖြင့် ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပဏာမ လေ့လာစမ်းစစ်မှုများအရ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်သည့် ဒီရေတိုးဧရိယာသည် ၂၀၂၀ ပြည့်နှစ်တွင် ဧက ၁ ဒသမ ၀၇ သန်းရှိခဲ့ပြီး ယခုအခါတွင် ဧက ၁ ဒသမ ၁၃ သန်းထိ တိုးတက်လာကြောင်းလည်း နစကဥက္ကဌကပြောသည်။
▪️ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း၌ မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ သစ်တောပြုန်းတီးမှုအနေဖြင့် ကြည့်ပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့သော်လည်း ၂၀၁၀ မှ ၂၀၂၀ ပြည်နှစ်အတွင်း နှစ်စဉ် သုည ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ကို တွေ့ရသည့်အတွက် သစ်တောပြုန်းတီးမှုကို လျော့နည်းအောင် ထိန်းသိမ်းနိုင်ခဲ့ခြင်းကို တွေ့ရခြင်းဖြစ်ကြောင်းလည်း ယင်းက ပြောကြားခဲ့သည်။
#Yangon _Times /PP
#Daily_News
Published_04 June 2024
၁။ အခြေခံစားကုန်ကြက်ဥ၊ ဘဲဥဈေးများ လက်လီဈေးကွက်၌အနည်းငယ်တက်၊ လက်ကားဈေးကွက်တွင်ပုံမှန်သာရှိ
၂။ ကုန်အဝင်နည်းသဖြင့် ငရုတ်သီးစိမ်း တစ်ပိဿာကျပ် ၂၀၀၀ခန့် ဈေးမြင့်တက်လာ
၃။ ရွှေဆိုင်များနှင့်ရွှေလုပ်ငန်းရှင်များအားလုံး YEGA ၏ သတ်မှတ်စျေးနှုန်းဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် ထပ်မံတိုက်တွန်း
၄။ အိန္ဒိယတွင် အပူလှိုင်းဖြတ်ခြင်းကြောင့် ထိခိုက်သေဆုံးသူများရှိလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
မြန်မာအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ဖိုအတွက် ဂျပန်လက်ရွေးစင်အသင်း ရန်ကုန်သို ရောက်ရှိလာပြီဖြစ်တယ်။ဇွန်လ(၆)ရက်နေ့မှာ သုဝဏ္ဏဘောလုံးကွင်းမှာ ကန်ကြမှာ ဖြစ်ပြီးလက်မှတ်နှုန်းထားအနေဖြင့် ရိုးရိုး တန်း-၂၀၀၀ ကျပ်၊ အထူးတန်း- ၅၀၀၀ ကျပ်သတ်မှတ်ထားပါတယ်။
#Local_News
Published_04 June 2024
#ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဂျပန်အသင်းမှဘောလုံးသမားများ
#tthl #Yangon_Times
နေ့စဉ်ဒေါ်လာဈေးအတိုင်း ရွှေဈေးနှုန်းသတ်မှတ်ထုတ်ပြန်ပေးမှာဖြစ်ပြီး ရွှေဆိုင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ အခု YGEAရဲ့ သတ်မှတ်ဈေးနဲ့သာ ရွှေအရောင်းအဝယ်ပြုလုပ်ရမှာဖြစ်ပါတယ်။ ADလိုင်စင်ရဘဏ်တွေရဲ့ ငွေလဲလှယ်နှုန်းအတိုင်း ရွှေဈေးကိုသတ်မှတ်မှာ ဖြစ်ပါတယ်။
#Local_News
Published_04 June 2024
#ဒေါ်လာဈေးအတိုင်းရွှေဈေးသတ်မှတ် #သတ်မှတ်ဈေးနှုန်းအတိုင်းရောင်း
#tthl #Yangon_Times
တာမွေမှာကြက်ဥတစ်လုံးကို လက်လီဈေးကွက်ထဲမှာ ကြက်ဥဆိုက်သေးတစ်လုံးကို (၃၂၀)ကျပ်နဲ့ ဆိုက်ကြီး တစ်လုံးကို (၄၀၀)ကျပ်နဲ့ ဘဲဥတစ်လုံးကို(၅၀၀)ကျပ်ပေးပြီးဝယ်ယူနေရတယ်။ လက်ကားဈေးကွက်မှာတော့ကြက်ဥတစ်လုံးကို အရွယ်အစားအပေါ်မူတည်ပြီး (၂၅၀)မှ(၃၀၀)အထိရှိပြီး ဘဲဥတစ်လုံးကို(၃၅၀)ကျပ်မှ (၄၀၀)ကျပ်ရှိတယ်။
#Local_News
Published_04 June 2024
#ကြက်ဥဈေးကွက်အနည်းငယ်တက်
#tthl #Yangon_Times
#Local_News
Published 4 June 2024
▪️ ယခုဘဏ္ဍာနှစ်နှစ်လနီးပါးကာလအတွင်း ကန်ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် လေးသိန်းကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ပြည်ပနိုင်ငံများသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ ၄၀၂,၂၁၅ ဒသမ ၉၃၆ တန်၊ နယ်စပ်ကုန်သွယ်ရေးမှ ၁၃,၆၀၃ ဒသမ ၉၄၃ တန် စုစုပေါင်း ၄၁၅,၈၁၉ ဒသမ ၈၇၉ တန်အထိ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၁၄ သန်း ရရှိထားကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့်ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ၁၁၅,၅၂၂ ဒသမ ၆၇၆ တန်၊ နယ်စပ်ကုန်သွယ်ရေးမှ ၁၆,၁၂၉ ဒသမ ၆၉၅ တန် စုစုပေါင်း ၁၃၁,၆၅၂ ဒသမ ၃၇၁ တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၄၅၈ သန်းရရှိခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို အဓိကစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကာ ပဲမျိုးစုံကို တစ်နိုင်ငံလုံး လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်းခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိ ကြောင်းစီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထို့အပြင် မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏ ၂ဝ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ပျိုးဧက၏ ၇၂ ရာခိုင် နှုန်းတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ကို စိုက်ပျိုးပြီး ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 June 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၃၄၆/၆/၆)ဖာလုံကြားတွင် Hino Rainbow ယာဉ်သည် လမ်းချော်၍ လမ်းလယ်ကျွန်းပေါ်သို့ လဲကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။
▪️ ဇွန်လ ၃ရက် ၄နာရီ ၁၅မိနစ် ခန့်က မိတ္ထီလာဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော၊Hino Rainbow အမျိုးစားယာဉ် မောင်းနှင်လာစဉ် အဆိုပါ မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်တွင် တိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
▪️ ယာဉ်မတော်တဆမှုကြောင့်၊ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား(၃)ဦးအနက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါယာဉ်တိုက်မှုကို တံတားဦးမြို့နယ် မီးသတ်စခန်းနှင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 259 of 1874