#Local_News
Published_07 June 2024
▪️ တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လှိုင်သာယာရှိအမှတ် (၁၄) အခြေခံပညာအထက်တန်း ကျောင်းသို့စာရေးကိရိယာနဲ့ စားနပ်ရိက္ခာထုပ်များ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းတို့သည် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်း အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်သို့ စာရေးကိရိယာနဲ့ စားနပ်ရိက္ခာထုပ်များ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ယနေ့ လှူဒါန်းခြင်း၏ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်ဖြစ်၍ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း၏ မူလရည်မှန်းချက်ကို ပြန်လည်အောက်မေ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်ကို လက်ဆင့်ကမ်းကာ ကျောင်းသားကျောင်းသူများ ပညာသင်ယူပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်အတွက် အကူအညီပေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
▪️ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ကူညီတည်ဆောက်ပေးသည့် “တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း” ၂၃ ကျောင်းအနက် တစ်ကျောင်းဖြစ်သည်ဟုဆိုသည်။
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀၁၇ ခုနှစ်တွင် အဆိုပါကျောင်းအတွက် ၂ လွှာ စာသင်ဆောင်တစ်ဆောင် တည်ဆောက်ပေးခဲ့ပြီး ကျောင်းဆောင်၏ မူလအခြေအနေကို တိုးတက်ကောင်းမွန်လာစေခဲ့ကြောင်းနှင့် ထို့နောက် တရုတ်သံရုံးက ကျောင်းဆရာ၊ ဆရာမများ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန်စီစဥ်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်သံရုံးမှ အဆိုပါကျောင်းထံသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 7 June 2024
▪️ စက်မှုဇုန်ပြင်ပတွင် လည်ပတ်နေသော လုပ်ငန်းများရှိသဖြင့် စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်းစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ပြောသည်။
▪️ ဇွန်လ ၆ရက်နေ့က ကျင်းပပြုလုပ်သည့် စက်မှုလုပ်ငန်းနှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားတွင် ယခုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။
▪️ မြန်မာနိုင်ငံတွင်တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်ငါးခု၊ ဆောင်ရွက်ဆဲစက်မှုဇုန်စီမံကိန်းနှစ်ခုရှိကြောင်း၊ အဆိုပါစက်မှုဇုန်၊ စက်မှုရပ်ကွက်နှင့် စီမံကိန်းများအတွင်း အငယ်စား၊ အလတ်စားနှင့်အကြီးစားစက်မှု လုပ်ငန်းပေါင်း ၇၉၇၂ ခုရှိပြီး လုပ်သားပေါင်းငါးသိန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း၊ စက်မှုဇုန်ပြင်ပတွင်လည်ပတ်နေသော လုပ်ငန်းများရှိသဖြင့် စက်မှုဇုန်အသစ်များ ထပ်မံတည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ ပြည်တွင်းစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်အသစ်များတည်ထောင်ရန်နှင့် တည်ထောင်ထားရှိသော စက်မှုဇုန်များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး တာဝန်ခံဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာနဖြစ်ကြောင်း၊ အတည်ပြုပြီး စက်မှုဇုန်ဥပဒေနှင့်အညီ ဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းပြီး စက်မှုဇုန်အသစ်များ စနစ်တကျထူထောင်သွားရန်၊ တည်ထောင်ပြီး စက်မှုဇုန်များအား အဆင့်မြှင့်တင်ရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များတွင် ပြန့်ကျဲတည်ရှိနေသော စက်မှုလုပ်ငန်းများအား စက်မှုဇုန်များတွင် စုပေါင်းလုပ်ကိုင်စေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ခံစားရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံ့စီးပွားတိုးတက်စေရန် ဆောင်ရွက်ကြရန် ထပ်မံပြောကြားခဲ့သည်။
▪️ အဆိုပါ အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ ကောင်စီဝင်များ၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Daily_News
Published_06 June 2024
၁။ ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ရွှေ့ပြောင်းလုပ်သားဗီဇာလျှောက်ထားနိုင်ပြီဟုဆို
၂။ ဟင်းပွဲချက်ရာတွင်သုံးရသည့် ပါဝင်ပစ္စည်းအချို့ ဈေးကွက်ထဲပြတ်နေ၍ စားသောက်ဆိုင်လုပ်ငန်းအချို့အခက်တွေ့နေ
၃။ "အိုလံပစ်ဒေး"လူငယ်လူသစ်တန်း မြန်မာ့သိုင်းပြိုင်ပွဲပြုလုပ်မည်
၄။ ပြည်တွင်းစစ်ဖြစ်ပွားကာ ငွေကြေးတန်ဖိုးကျဆင်းပြီး စီးပွားရေးကပ်ဆိုက်နေသည့်ဆူဒန်နိုင်ငံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
#Local_News
Published_06 June 2024
▪️ ရန်ကုန်ဈေးကွက်အတွင်း၌ ကွမ်းဈေးများစံချိန်တင် ဈေးမြင့်နေကြောင်း ကွမ်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။
▪️ ထိုသို့မြင့်တက်ရာတွင် ယခင်လကထက် တစ်ပိဿာလျှင်ကျပ်တစ်သောင်း ဝန်းကျင်အထိမြင့်တက်လာကြောင်း သိရသည်။
▪️ "ကွမ်းကတစ်ပိဿာသုံးသောင်းကျော်သွားပြီ၊ ကွမ်းယာဈေးကတက်မရဘူး၊ အယာလေးတော့ လျော့ရောင်းပေးရတယ်၊ တခုသက်သာသွားတာက သီရိမဂ်လာဈေးနားနီးတော့ အသိဆိုင်တွေကနေ လျော့ဈေးနဲ့ရတာလေးကံကောင်းနေတာ"ဟု သီရိမဂ်လာဈေးအနီးမှ ကွမ်းယာရောင်းချသူတစ်ဦးက ပြောသည်။
▪️ ထိုသို့ လျော့ဈေးဖြင့်ရရှိသည့် ကွမ်းများမှာမူ အနာအဆာပါရှိသည့်အတွက် ပြန်လည်ရွေးယူ၍ ရောင်းချပေးနေရကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မေလတတိယအပတ်က မိုးသက်လေပြင်းကြောင့် ဧရာဝတီတိုင်းဘက်ရှိ ကွမ်းခြံအချို့ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် နောက်ပိုင်းတွင် ယခုကဲ့သို့ ဈေးနှုန်းများ စံချိန် တင်မြင့်တက်လာခဲ့ကြောင်း သိရသည်။
▪️ ယခင်က ကွမ်းရွက်ဈေးနှုန်းမှာ ယခုနှစ် မေလတတိယအပတ်တွင် တစ်ပိဿာတစ်သောင်းရှစ်ထောင်ကျပ်ဝန်းကျင်ခန့်သာ ရှိခဲ့ ကြောင်း သိရသည်။
#YMG / NN #Yangon-Times
#Local_News
Published_06 June 2024
▪️ ပြည်တွင်းဘဏ်များတွင်အပ်နှံထားသည့်ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝ အကာ အကွယ်ပေးထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၅ ရက်၌ အသိပေးကြေညာ ထားကြောင်း သိရသည်။
▪️ ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဖြစ်သည့် စုဆောင်းအပ်နှံငွေ အမျိုးမျိုးလက်ခံပြီး နိုင်ငံတော်၏ စီးပွားရေးအတွက် အရေးကြီး ကဏ္ဍများကို ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ် နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSME လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာ ဘဏ်များနှင့်ငွေပေးချေမှုများ ဆောင်ရွကခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးနေသည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
▪️ ယခုအခါ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမား မီဒီယာများနှင့် အဖျက်သမားအုပ်စုများသည် Facebook Page အကောင့် များဖြစ်သော Yan Paing Soe, Dean Kyneနှင့် YouTube Channelများဖြစ်သော Yebaw Shan Lay, Big Boss,RC David,Khit Thit Mediaတို့ကနေ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့ စီးပွားရေးနှင့်ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ခြင်းများ ဆောင်ရွက်နေကြောင်း၊
▪️ ယခုလို အစိုးရနှင့် အများပြည်သူ အကျိုးစီးပွားထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏ ရေးသားဖြန့်ဝေနေသည့် လူမှု ကွန်ရက် စာမျက်နှာများကို လက်ခံယုံကြည်မှု မရှိရန်နှင့်စိုးရိမ်ပူပန်စရာမလိုဘူးလို့လည်း ဗဟိုဘဏ်မှ အသိပေးထားသည်။
#tthl #Yangon_Times
#Local_News
Published_06 June 2024
▪️ လသာသံဈေးတွင် ခွင့်မပြုဆိုးဆေးနှင့်ဖော်မလင်သုံးခြင်းရှိမရှိစစ်ဆေးပြီး သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် အဘိတ်ဆေးခတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် အများပြည်သူနေရာများတွင် ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
▪️ ဇွန်(၆)ရင်က လသာမြို့နယ်အတွင်းရှိ အမှတ်၂ရပ်ကွက်၊လမ်းမတော်လမ်းသံစျေးအတွင်းစျေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါနှင့်ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေး ဈေးရှိ ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ် ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း(Mask) များ ဝေငှခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ခွင့်မပြုဆိုးဆေးနှင့်ဖော်မလင်များ သုံးစွဲခြင်း ရှိ/မရှိ၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။
#tthl #Yangon_Times
#Local_News
Published_06 June 2024
▪️ ကိုဗစ်-၁၉ ချေးငွေသက်တမ်း ၃ နှစ်ကျော်လွန်ပြီး အတိုးနှင့် အရင်းပါ ပြန်ဆပ်ရန် ပျက်ကွက်နေဆဲဖြစ်သည့် ကုမ္ပဏီ/ လုပ်ငန်းများ ကို ဇူလိုင် ၁ ရက်နေ့ မတိုင်မီအမြန်ဆုံး အပြေအကျေပြန်ဆပ်ရမည်ဖြစ်ကြောင်း ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ ကြေညာချက်အရ သိရသည်။
▪️ အဆိုပါ ချေးငွေများမှာသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သည့်အတွက် နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး /ပြည်နယ်များရှိကိုဗစ်-၁၉ရန်ပုံငွေမှ ချေးငွေပြန်လည်ပေးဆပ်ရန် တာဝန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အမြန်ဆုံးအပြေအကျေပြန်လည်ပေးဆပ်ရန် အသိပေးလိုက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
▪️ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများအားချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း၁ရာခိုင်နှုန်း)ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်ကစတင်၍ချေးငွေများကိုထုတ်ချေးပေးခဲ့ပြီး ချေးငွေသက်တမ်းတစ်နှစ်ပြည့်မြောက်ချိန်၌ ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လနှင့် တတိယအကြိမ် ၁ နှစ် တို့ဖြင့် စုစုပေါင်း ၃ နှစ်အထိချေးငွေသက်တမ်းများကိုတိုးမြှင့် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
▪️ ကိုဗစ်ကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများ အနက် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများစသည့် အသေးစား၊အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများကိုအထိနာဆုံးစီးပွားရေးလုပ်ငန်းကဏ္ဍအဖြစ် သတ်မှတ်ပြီးပထမအကြိမ်၌ ကိုဗစ်−၁၉ ရန်ပုံငွေမှ ကျပ် ၁၀၀ ဘီလီယံ၊ ဒုတိယအကြိမ်၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲမှ ကျပ် ၁၀၀ ဘီလီယံ၊ စုစုပေါင်းကျပ် ၂၀၀ ဘီလီယံကိုအတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးထားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 255 of 1874