Published_ 15 June 2024
ရွှေဆိုင်များဖြစ်ကြသော ရွှေစင်အကယ်ဒမီရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်နှင့်အောင်သမာဓိရွှေဆိုင်များမှ YGEA စျေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၄) ရက်၊ နေ့လယ်ပိုင်း (12:00)pm၊အကယ်ဒမီ မီးလင်းရွှေစျေးကွက် ဈေးနှုန်းကို4,629,551/-(ကျပ် လေးဆယ့် ခြောက်သိန်း နှစ်သောင်း ကိုးထောင့် ငါးရာ ငါးဆယ့် တစ်ကျပ်) သတ်မှတ်ထားပြီးရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံး YGEA သတ်မှတ်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် အသိပေး ထုတ်ပြန်ထားသည်။
ယနေ့ ဇွန်လ(၁၄)ရက်တွင် ကမ္ဘာ့ရွှေဈေး (World Gold Price)1 Ounce = 2317 USD$ပေါက်ဈေး ရှိကြောင်း YGEAမှ သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 14 June 2024
၁။ ကျိုက်ထီးရိုး တောင်တက်ကားလမ်း မြေပြိုကျသည်ကို ရှင်းလင်းပြီးဖြစ်၍ လမ်းပြန်ပွင့်နေပြီဖြစ်
၂။ ဓာတ်ဆီဈေးအနည်းငယ်နှင့် ဒီဇယ်ဈေး အတက်ကြမ်း
၃။ ကြက်သွန်နီ ဈေးတည်ငြိမ်သော်လည်း ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ်အေးနေ
၄။ အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကြီး ကြုံတွေ့နေရသည့် မက္ကဆီကိုစီးတီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Published 14 June 2024
၂၀၂၄ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလ နှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ဇွန် ၂၂ ရက်၊ နံနက် ၁၀ နာရီကစတင်၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မ လမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အားကစားပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
ယခုပြိုင်ပွဲတွင် အမျိုးသား ကာယဗလမောင်ပြိုင်ပွဲ၊ အငယ်တန်း ကာယဗလမောင်ပြိုင်ပွဲ၊ အကြီးတန်း ကာယဗလမောင်ပြိုင်ပွဲ (အသက် ၄၅ နှစ်မှ အသက် ၆၀ နှစ်အထိ)၊ အလွတ် တန်း ကာယဗလမောင်ပြိုင်ပွဲ (ဆုရရှိ ပြီးသူများသာ)၊ အမျိုးသားကာယဗလ ပြိုင်ပွဲ (၇၀ ကီလိုအထိ)၊ အမျိုးသား ကာယဗလပြိုင်ပွဲ (၇၀ ကီလိုအထက်)၊ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲ (Men's Athletic Physique) အငယ်တန်း ပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲ (ဆုရရှိပြီးသူ များသာ)၊ Men's Sport Physique အငယ်တန်းပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲ (ဆုရရှိပြီးသူများသာ)၊ Men's Fitness Physique (Open) အမျိုးသမီးကာယ ကြံ့ခိုင်မှုပြိုင်ပွဲတွင် Women's Model Physique အငယ်တန်းပြိုင်ပွဲ၊ အကြီး တန်းပြိုင်ပွဲ (ဆုရရှိပြီးသူများသာ)၊ Women's Athletic Physique အငယ် တန်းပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲ (ဆုရရှိ ပြီးသူများသာ)၊ Women's Fitness Physique ပြိုင်ပွဲ (Open) အလွတ်တန်း နှင့်အကြီးတန်းပြိုင်ပွဲများအတွက် ဆုရရှိ ပြီးသူများတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ပထမ ဆုရရှိပြီးသူများနှင့် နိုင်ငံတကာပြိုင်ပွဲ များတွင် ဆုရရှိပြီးသူများအားလုံး ယှဉ်ပြိင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်မှ ဝယ်လိုအားများနေတဲ့အတွက် မိုးတွင်းကာလမှာတင် ဇီဝဇိုးငှက်သိုက်ဈေးနှုန်းမှာ စံချိန်တင်မြင့်တတ်နေတယ်လို့ ဇီဝဇိုးငှက်သိုက် ရောင်းဝယ်သူတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
မုတ်သုံအားကောင်းလို့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ရခိုင်နှင့် မွန်တို့မှာ နေရာကွက်ပြီးမိုးကြီးပြီး ရေကြီးရေလျှံဖြစ်နိုင်ပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့ လဆန်းပိုင်းက ဆက်တိုက်လိုလိုကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေက ဒီကနေ့မှာဓာတ်ဆီ ဈေးအနည်းငယ်နဲ့ ဒီဇယ်ဈေးတစ်လီတာကို ကျပ်၃၅၀ကျော်အထိ မြင့်တက်ပြီးအတက်ကြမ်း လာတယ်လို့ စက်သုံးဆီဈေးကွက်ထဲကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခြားသီးနှံတွေ ဈေးအပြောင်းလဲဖြစ်နေပေမယ့် ကြက်သွန်နီဈေးကွက်မှာတော့ တစ်ပိသာကို ကျပ် ၂၀၀၀ဝန်းကျင် မှာပဲ ဈေးတည်ငြိမ်နေတယ်လို့ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 240 of 1873