Published_17 Jun 2024
ပြည်ပသို့ဝါများကို ရောင်းချမည့်အစား ပြည်တွင်း၌အဆင့်မီချည်များထုတ်လုပ်ရေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဌ က ပြောကြားလိုက်သည်။
ယနေ့ ဇွန်လ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့်အထည်စက် ရုံ(မိတ္ထီ လာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
နစက ဥက္ကဌက ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း အပါအဝင် အခြေခံချည် ထည်အမျိုးမျိုးကို ပြည်တွင်း၌ ထုတ် လုပ်နိုင်ပြီးဖြစ်သောကြောင့် ပြည်တွင်းလိုအပ် ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ ကျစေ ရေးဆောင်ရွက်ရန်နှင့် ပြည်တွင်းမှထွက်ရှိသည့် ဝါများဖြင့်အရည်အသွေးမြင့်ချည်ထည်နှင့်ပိတ် များထုတ်လုပ် ရန် ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ် ချက်ပြည့်မီအောင် ထုတ်လုပ်၍ ပြည်တွင်းလို အပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ် ကြောင်း ယင်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
နစကဥက္ကဌ က အရည်အသွေးမြင့်ချည်များ ထုတ်လုပ်နိုင်မည့် ချည်ငင် စက်ရုံနှင့်ဆေးဆိုးစက်ရုံ တည်ဆောက် ရေးလုပ် ငန်းခွင်သို့ရောက်ရှိကြပြီး စက်ရုံများတည် ဆောက်ပြီးစီးမှုနှင့် စက်ကိရိယာများတပ်ဆင်ပြီး စီးမှုအခြေ အနေများကို ကြည့်ရှုစစ် ဆေးကာ စက်ရုံမှူးနှင့် စက်ရုံတည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံခြားသားပညာရှင် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး၍ ချည်ငင်စက်ရုံနှင့် ဆေးဆိုး စက်ရုံ တည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံ ခြားသား ပညာရှင်များအား ဒေသထွက်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
17 June 2024
လာမည့်ဇူလိုင်(၁၉)ရက် အာဇာနည်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ အထူးပြပွဲပြသရန်နှင့်အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၏ ပြတိုက်အတွင်းပြကွက်များ ပြသနိုင်ရန်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
(၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတက်လမ်း နှင့် အဆင်းလမ်းတွင် ယခင်နှစ်များကဲ့သို့ ဘုတ်ပြားများဖြင့် ပြသမည့်ပြကွက်၊
IT နည်းပညာဖြင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်နှင့် မြေယာရှုခင်းများအား 3D Virtual Tour ပြကွက်၊
ဗိုလ်ချုပ်အောင်ဆန်းနေအိမ် Architecture Design များပြကွက်၊
ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ဘီရိုများအတွင်းရှိ ပစ္စည်းများအား ဓာတ်ပုံရိုက်ကူး၍ Mobile Application ဖြင့် ပြသမည့် ပြကွက် ၊
3D Holographic Fan ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ ပြကွက်၊နှစ်အလိုက် အထူးပွဲခင်းကျင်းပြသသည့် ဓာတ်ပုံမှတ်တမ်းများပြကွက်များကို Touch Screen များဖြင့်ပြသပေးထားမည်ဖြစ်သည်ဟုဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် အထူးပြပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်းကိုရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကြည့်ရှုစစ်ဆေးခဲ့ကြသလို အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၌ကြိုတင်ပြင်ဆင်မှုများကိုလည်း ကြည့်ရူ စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး)၏ ပြတိုက်အတွင်း နိုင်ငံ့ ခေါင်းဆောင်များ၏ ဓာတ်ပုံများ နှင့် ၎င်းတို့၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ နိုင်ငံတော်ကထုတ်ပြန်ထား သည့် သတင်းအချက်အလက် များ ပြသထားရှိမှု၊ လွှတ်တော် ကျင်းပသည့်အခန်း၊ ဓာတ်ပုံ များ ပြသထားရှိမှု၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ သည့် အစည်းအဝေးပြုလုပ်သော အခန်းနှင့် အတွင်းဝန်ရုံးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့ ကြောင်း သိရသည်။
(၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့လာရောက်လေ့လာသူများအဆင်ပြေစေရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှဝန်ထမ်းများနှင့်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှဝန်ထမ်းများကပြတိုက်ပတ်လည် မြေနေရာများနှင့် ဆင်ခြေလျှော မြေထိန်း မြေနေရာများအား မြက်ခင်း စိုက်ပျိုးရန်အတွက် မြေပြုပြင်ခြင်း၊ မြေပြုပြင်ပြီးသောနေရာများအား မြက်စိုက်ပျိုးခြင်း၊ သစ်ပင်အောက်ခြေရှင်းခြင်းမြက်ရိတ်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ ဝါးပင်အောက်ခြေ ရှင်းလင်းခြင်း၊ စိုက်ခင်းရှင်းလင်းခြင်းတို့မှ ထွက်ရှိလာသော သစ်ကိုင်းများနှင့် အမှိုက်များ သိမ်းဆည်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အန္တရာယ်ရှိနိုင်သည့်သစ်ပင်ကြီးများ ခုတ်ထွင် ရှင်းလင်းခြင်း၊ လာရောက်လေ့လာသူများအမြင်လှပစေရန်မြေယာရှုခင်းဆောင်ရွက်ခြင်း၊ အာဇာနည်နေ့တွင်လာရောက်လေ့လာသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ကျန်းမာရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ခြင်းစသည့် လုပ်ငန်းများကိုကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ဒုတိယညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်း၏ပြောကြားချက်အရသိရသည်။
Yangon_Times/tthl
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 17 June 2024
ကရင်ပြည်နယ်တွင် ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံ ဧက ၁,၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။
ကော်ဖီသီးနှံသည် တန်ဖိုးမြင့်သီးနှံဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံး ကုန်စည် စာရင်းတွင် ပါဝင် သော ကြောင့် ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံကို ကရင်ပြည်နယ်တွင် ဧက ၁,၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်တွင် ဘားအံမြို့နယ်၊ အုန်းတပင် ကျေးရွာအုပ်စု၊ ဗျိုင်းတောင်ကျေးရွာ၌ ပြုလုပ်သည့် ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည် ။
လတ်တလောတွင် ကရင်ပြည်နယ်၌ ကော်ဖီသီးနှံစိုက်ဧက ၁၀,၀၂၉ ဧကစိုက်ပျိုးထားရှိပြီး ကော်ဖီစေ့တန်ချိန် ၂၁,၂၂၉ ဒသမ ၆ တန်ခန့် ထွက်ရှိလျက်ရှိရာ သံတောင်ကြီးဒေသတွင် မြေနိမ့်ကော်ဖီ(ရိုဘက်စတာ)ကို အများအပြား စိုက်ပျိုးထား ကြောင်း သိရသည် ။
အဆိုပါကဲ့သို့ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် ကော်ဖီသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးလာနိုင်မှသာ ထုတ်ကုန် အများအပြားထုတ်လုပ်လာနိုင်ပြီး ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 17 June 2024
၁။ ပဲစင်းငုံဈေးများ စံချိန်တင်မြင့်တက်လာ
၂။ လာမည့်တောင်ပြုန်းပွဲ၊ အဘထွက်ပွဲများအတွက် အိုးစည်ဒိုးပတ်များ စုဆောင်းထုတ်လုပ်နေ
၃။ ကြက်သွန်ဖြူဈေး ဆက်လက်မြင့်တတ်ပြီး ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ်အေးနေ
၄။ အစ္စရေးလ်-ဟားမတ်စ်တို့၏ ပဋိပက္ခစစ်ပွဲကြား ဒုက္ခခံစားနေရတာတွေကို တေးသီချင်းများဖြင့် ထုတ်ဖော်ပြသနေသည့် ဂါဇာမိန်းကလေးငယ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
၅၂ ကြိမ်မြောက် အောင်ဘာလေထီဆုထုတ်ယူဖို့ ကျန်ရှိနေတဲ့ ဆုမဲပေါင်း ၁၃၀၀၀ကျော်ကို ဇွန်လ ၂၈ ရက်မှာ ေနာက်ဆုံးထား ထုတ်ယူဖိုနှင့် ဇွန် လ၂၈ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းမည်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဇူလိုင် ၃ ရက်နေ့ဟာ 'မြန်မာအမျိုးသမီးများနေ့' ဖြစ်ပြီး ဓာတ်ပုံပြိုင်ပွဲမှာ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၂ လက်မ x ၁၈ လက်မဆိုဒ်နဲ့ယှဉ်ပြိုင်ရမှာဖြစ်တယ်။
Yangon_Times/tthl
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဈေးကွက်အတွင်း ကုန်အဝင်နည်းလာတဲ့အတွက် ကြက်သွန်ဖြူဈေးကွက်မှာ ဈေးတဖြည်းဖြည်းမြင့်လာကာ ရန်ကုန်ဈေးကွက်မှာတော့ အရောင်းဝယ်အေးနေတယ်လို့ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 236 of 1873