ပြည်ပနိုင်ငံများကို အေဂျင်စီများကတစ်ဆင့် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများအနေနဲ့ မိမိတို့ရဲ့ လုပ်ခလစာကို မိသားစုထံလွှဲပို့ရာမှာ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်တွေမှတစ်ဆင့် လွှဲပို့ထားကြောင်း အထောက်အထားများအား ပို့ဆောင်ပေးခဲ့တဲ့ အေဂျင်စီက စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြရမှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံ က သိရပါတယ်။
#Local_News
Published 18 June 2024
#မြန်မာအလုပ်သမား #(MOEAA)
#YMG/LW #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားဒေသမှာ အခုနှစ်အတွက် မိုးအာလူး ဧက ၃၀၀၀ခန့် စိုက်ပျိုးထားပြီး နယ်သာလန်နဲ့ တရုတ်မျိုးတွေ စိုက်ပျိုးထားတယ်လို့ နောင်တရားအာလူးအသင်းက သိရပါတယ်။
#Local_News
Published 18 June 2024
#နယ်သာလန်နှင့်တရုတ်မျိုး #မိုးအာလူးစိုက်ပျိုး
#YMG/NN #Yangon_Times
ဇီဝဇိုးငှက်တွေကို ငှက်အိမ်ဆောက်လုပ်ပေးပြီး ငှက်သိုက်ခွာယူရတဲ့လုပ်ငန်းမှာ ဈေးကွက် အလားလာ ကောင်းလာတဲ့အတွက် သိန်းထောင်ချီ ရင်းနှီးမြှုပ်နှံသူတွေ ရှိလာတယ်လို့ ဇီဝဇိုး ငှက်သိုက်မွေးမြူထုတ်လုပ်သူတွေ ထံက သိရပါတယ်။
#Local_News
Published 18 June 2024
#ရင်းနှီးမြှုပ်နှံသူများရှိလာ #ဇီဝဇိုးငှက်အိမ်ဆောက်လုပ်မွေးမြူသူ
#YMG/LW #Yangon_Times
ရန်ကုန်နဲ့မန္တလေးရှိရွှေဆိုင်တွေဖြစ်တဲ့ရွှေနန်းတော်၊ မြန်မာချမ်းသာ၊ တာလီ၊ ဇွဲထက်၊ 2.9၊ ဝိန့်စိန်၊အကယ်ဒမီ၊ ရွှေစင်အကယ်ဒမီ၊ အောင်သမာဓိဆိုင်တွေမှာ YGEAဈေးနှုန်း(၄၅)သိန်းကျော်ဖြင့် ရွှေထည်တွေရောင်းပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 18 June 2024
#တစ်ကျပ်သား(၄၅)သိန်း #ရွှေဆိုင်(၉)ဆိုင်
#tthl #Yangon_Times
#Local_News
Published 18 June 2024
▪️ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ကုန်းမြေ ၇၈၁ ဧကနှင့် ရေပြင် ၂၂၂၁၉ ဧက စုစုပေါင်းဧရိယာ ဧက၂၃၀၀၀ ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန် ကျွန်းနံ့သာ" အဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ်သတ်မှတ်ဖွဲ့စည်းလိုက်ကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါနေရာတွင် ဝေလငါးအပါအဝင် ရှားပါးသည့် ဗျိုင်းမည်းငှက်မျိုးစိတ်တို့နေထိုင်ကျက်စားရာနေရာဖြစ်ကာ၂၀၁၈ ခုနှစ် မေလတွင်ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ဇွန်လ၁၂ရက်မှစပြီး အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
▪️ ကျွန်းနံ့သာသည် ဘူမိရုပ်သွင်ထူးခြားသည့် ကျွန်းတစ်ခုဖြစ်ပြီး ဂွမြို့နယ်၊ ကျိန္တလီမြို့၏ အနောက်ဘက် ရေမိုင် ၂၄ မိုင်အကွာတွင် တည်ရှိသော ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်အပြင် အဆိုပါဒေသတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေး အပြည်ပြည်ဆိုင်ရာအဖွဲ့ (IUCN) ၏ ကာကွယ်ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်ဝင် ပင်လယ်ကမ်းရိုးတန်းဒေသများ၌ ကျက်စားနေထိုင်သော အဏ္ဏဝါမျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ လိပ်စောင်းလျားနှင့် လိပ်ခွေးစသည်တို့နှင့် ဝေလငါး၊ ငါးမန်းဖလောင်း၊ ရေဝက်၊ ငါးမန်း အမျိုးမျိုး၊ ငါးလိပ်ကျောက်၊ ရှားပါးသည့် ဗျိုင်းမည်းငှက်မျိုးစိတ်တို့ နေထိုင်ကျက်စားခြင်း၊ ကျွန်း၏ပတ်လည်ပင်လယ်ရေအောက်တွင် ပင်လယ်ရေအောက်ရွှံ့မီးတောင်နှင့် သန္တာကျောက်တန်းများ တည်ရှိနေခြင်းတို့ကြောင့် ကမ်းရိုးတန်းဒေသရှိ အဏ္ဏဝါမျိုးစိတ်များနှင့် ထူးခြားသည့် ဘူမိရုပ်သွင်များ တည်ရှိနေခြင်းဖြစ်သည်။
▪️ ထိုသို့သတ်မှတ်လိုက်ခြင်းဖြင့် အဆိုပါ ဧရိယာအတွင်းရှိ ထူးခြားသည့် ဘူမိရုပ်သွင်တစ်ခုဖြစ်သော ပင်လယ်ရေအောက်ရွှံ့မီးတောင်နှင့် သန္တာကျောက်တန်းများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် အဏ္ဏ ဝါ မျိုးစိတ်များနှင့် ၎င်းတို့၏နေရင်းဒေသများ၊ ကမ်းရိုးတန်းဂေဟစနစ်များအား ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ခြင်း၊ ကျွန်းအနီးပတ်ဝန်းကျင်ရှိ ဒေသခံကျေးရွာ (၁၀) ရွာမှ ဒေသခံ ရခိုင်လူမျိုးများ၏ မိရိုးဖလာငါးဖမ်းဆီးသည့် လုပ်ငန်းအတွက် အဓိကအားထားရာနေရာတို့အား စနစ်တကျစီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်းနှင့် ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 18 June 2024
▪️ “Common Rose”လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် ဇွန်လ ၂၀ရက်တွင်စတင် ရောင်းချမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “Common Rose” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ တံဆိပ်ခေါင်းကို ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နယုန်လဆန်း ၁၄ ရက်(ကြာသပတေးနေ့) နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက် (ကြာသပတေးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်သည်။
#YMG/LW #Yangon_Times
#Local_News
Published 18 June 2024
▪️ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမား ၁၂၀ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနထံမှ သိရသည်။
▪️ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်များတွင်ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ကာ ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
▪️ နေရပ်ပြန်ပို့ပေးသည့် မြန်မာအလုပ်သမား ၁၂၀ဦး တွင် အမျိုးသမီး ၂၀ဦးနှင့် အမျိုးသား၁၀၀ဦးတို့ ပါဝင်ကာ ရနောင်းမြို့မှ စက်လှေနှင့် ကော့သောင်းမြို့သို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။
▪️ ကော့သောင်းမြို့သို့ ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်များ က ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများပြုလုပ်မည်ဖြစ်ကာ ရောဂါပိုးတွေ့ရှိသူများကို စောင့်ကြည့်ရေးစင်တာတွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 235 of 1873