#Local_News
Published_ 22 June 2024
▪️ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ၊ဝေဘူချောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန၊နာယကဆရာတော်၊ ကျေးဇူးတော်ရှင် တတိယဝေဘူဆရာတော်ကြီးဘဒ္ဒန္တဉာဏိန္ဒော ဇွန်လ(၂၂)ရက်မနက်ပိုင်း၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။
▪️ ဘဝနတ်ထံစံမြန်းချိန်တွင် သက်တော်(၈၁)နှစ်ဝါတော်(၆၁)ရှိပြီဖြစ်ပြီး မနက်ဖြန်ဇွန်လ(၂၃)ရက်တွင် ဝေဘူချောင်ကျောင်းတိုက်၊ရေခဲဓမ္မာရုံ၌ ဈာပနပွဲ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်မည်ဖြစ်သည်ဟုဆိုသည်။
▪️ ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့်အတွက်အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယကာမ အပေါင်းတို့မှ ဝမ်းနည်းကြေကွဲပြီး နှမြောတသဖြစ်ရကြောင်း ဖော်ပြထားသည်။
▪️ "နှစ်စဉ်ကထိန်ခင်းခွင့်ပြုခဲ့ပါသောလှူဒါန်းခွင့်ပေးခဲ့ပါသောကျေးဇူးရှင်ဝေဘူဆရာတော်ဘုရားကြီးအားရိုသေစွာကန်တော့အပ်ပါသည်"ဟု နေပြည်တော်ပျဉ်းမနား ဦးသာရဒေါ်စန်းရီ စိန်ရွှေရတနာရောင်းဝယ်ရေး မိသားစုမှလည်း ရေးသားဖော်ပြထားကြောင်း သိရသည်။
▪️ ပထမဝေဘူဆရာတော်ဘုရားကြီးသည် မေတ္တာစွမ်းအားကြီးမားခဲ့ပြီး ဆရာတော်ကြီး၏ ဝိပဿနာ တရားတော်များသည် နိုင်ငံကျော်သာမကကမ္ဘာအထိပါပျံ့နှံ့ကျော်ကြားခဲ့သောဆရာတော်ကြီး ဖြစ်ကြောင်းနှင့် ယခု ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့်တတိယ ဝေဘူဆရာတော်ကြီးသည်လည်း သီလဂုဏ်သတင်းကျော်ကြားခဲ့သော သက်တော်ရှည် ဆရာတော်ဘုရားကြီးဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
ဧရာဝတီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့နှစ်လအတွင်း ရာသီဥတုပူပြင်းခဲ့တာကြောင့် ဥထွက်နှုန်းကျဆင်းခဲ့ပြီး ရန်ကုန်ဈေးကွက်ထဲကို ဘဲဥအဝင်နည်းပြီး ဈေးနှုန်းတွေမြင့်တက်နေတယ်လို့ မြန်မာနိုင်ငံဘဲဥ၊ ကြက်ဥမွေးမြူရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published_ 22 June 2024
#ဘဲဥအဝင်နည်းပြီး #ဥထွက်နှုန်းကျဆင်း
#YMG/NN #Yangon_Times
လယ်ယာစိုက်ပျိုးရေးအတွက် ခိုင်းနွားများ အသုံးပြုလာခြင်းနဲ့ အသားဈေးကွက် ယခင်ထက် ဈေးမြင့်လာတာကြောင့် နွားမွေးမြူရေးဈေးကွက်အလားလာ ကောင်းလာကာ မွေးမြူသူများလာတယ်လို့ နွားမွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။
#Local_News
Published_ 22 June 2024
#နွားမွေးမြူသူပိုများ #ဆိတ်မွေးမြူသူနည်းပါး
#YMG/LW #Yangon_Times
နိုင်ငံတကာလူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွေ၊ လူငယ်ဘောလုံးပွဲတော်တွေကို စေလွှတ်ယှဉ်ပြိုင်ဖို့ ပြင်ပမှ မြန်မာ့လက်ရွေးစင် ယူ-၁၂လူငယ်ကစား သမားတွေ ထပ်မံရွေးချယ်ခေါ်ယူဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published_ 22 June 2024
#ယူ-၁၂ လူငယ်ကစားသမား #ထပ်မံရွေးချယ်ခေါ်ယူ
#tthl #Yangon_Times
#Local_News
Published 22 June 2024
▪️ တာမွေမြို့နယ် မအူကုန်းရပ်ကွက်၌ ယနေ့မနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဇွန် ၂၂ရက်နေ့၊ မနက် ၇နာရီ ၄၆မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ၁၃၈လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုသတင်းရရှိသဖြင့် တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇နာရီ ၅၇ မိနစ်အချိန်၌ မီးထိန်းပြီး ၈ နာရီ ၉ မိနစ် အချိန်၌မီးငြှိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 June 2024
▪️ ပြည်တွင်းတွင် တစ်လလျှင် စားအုံးဆီတန်ချိန် (၇၅,၀၀၀)ခန့် လိုအပ်နေသောကြောင့် ပြည်ပမှ (၅၀)ရာခိုင်နှုန်းခန့် တင်သွင်းနေပြီး ကျန်လိုအပ်ချက်များကို ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုများမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ စားသုံးသူရေးရာဌာနမှ သိရသည်။
▪️ လတ်တလောတွင်ပြည်သူအများစားသုံးရန် စားအုန်ဆီတင်သွင်းသည့်ကုမ္ပဏီ ၂၆ခုဖြင့် စားအုံးဆီတန်ချိန် သုံးသောင်းကျော်တင်သွင်းနေသည့်အပြင် စက်မှုကုန်ကြမ်းများ အနေဖြင့် တန်ချိန်တစ်သောင်းကျော်ကို တင်သွင်းနေကြောင်း သိရသည်။
▪️ ပြည်တွင်းမှ စားသုံးဆီထုတ်လုပ်သည့် ဆီစက်များကို အားပေးမြှင့်တင်ရန်၊ ထုတ်လုပ်နိုင်စွမ်းအား တိုးတက်လာစေရန်နှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးအတွက်ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် သတ်မှတ်ဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချခြင်းရှိမရှိကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် ကုန်ဈေးနှုန်းကြီးကြပ်ရေးလုပ်ငန်းအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_ 22 June 2024
▪️ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ကို တင်သွင်းရောက်ရှိခြင်းမရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထပ်မံအသိပေးလာကြောင်း သိရသည်။
▪️ ခွင့်ပြုချက်မရဘဲ တင်သွင်းလာသည့် ကုမ္ပဏီများကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ထပ်မံနှိုးဆော် အသိပေးရခြင်းဖြစ်ကြောင်း ဆိုထားသည်။
▪️ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၃/၂၀၂၄) နှင့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းသိရသည်။
▪️ အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်း မပြုလုပ်ရန်နှင့် ခွင့်ပြုချက် မရရှိဘဲရောက်ရှိပါက အဆိုပါတင်သွင်းသည့်ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီအရေးယူမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်၌ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၀)နဲ့ ထုတ်ပြန်ထားသော်လည်း သတ်မှတ် စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်း ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရကြောင်း ဆိုသည်။
▪️ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သည့် အရေးကြီးကုန်ပစ္စည်းများ ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြု ထားပြီးဖြစ်ကြောင်း၊ထို့ကြောင့် ထုတ်ပြန်ပေးထားသည့် ဥပဒေနှင့်စည်းကမ်းများကို အလေးအနက်ထား လိုက်နာစေရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်/ပါမစ်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်း ရောက်ရှိမှုမရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထပ်မံ နှိုးဆော်အသိပေးကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon_Times
Page 232 of 1873