#LocalNews
Published - 9 Feb 2022
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းဟာ အရင်လတွေက ၁ ရာခိုင်နှုန်းကျော်ပဲ ရှိခဲ့ရာကနေ အခုဆိုရင် ၄ ဒဿမ ၅၅ ရာခိုင်နှုန်းထိ ပြန်လည်မြင့်တက်လာတာကြောင့် အများပြည်သူအနေဖြင့် ကျန်းမာရေးအသိရှိပြီး သတ်မှတ်စည်းကမ်းတွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
#Yangon_Media_Group
#LocalNews
Published - 9 Feb 2022
YBS ကို YPS ကတ် နဲ့ စီးမယ့်သူတွေအနေနဲ့ ခရီးစဉ်အစအဆုံးကို ငွေ ၄၀၀ ထက် မပိုစေရဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) က သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 9 Feb 2022
(၇၅) နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာပါတဲ့ အာဏာရှင်ရဲ့ ရည်ရွယ်ချက်က ဘယ်လို အာဏာရှင်ကိုပဲဖြစ်ဖြစ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ရဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published - 9 Feb 2022
၁။ စစ်အာဏာရှင်ဖြစ်စေ အရပ်သားအာဏာရှင်ဖြစ်စေ ဖက်ဒရယ်အတွက် အပြီးတိုင်ဖျက်သိမ်းရန် PPST ပြော။
၂။ YBS ကို YPS ကတ်ဖြင့်စီးသူများအနေဖြင့် ခရီးစဉ်အစအဆုံး ငွေကျပ် ၄၀၀ ထက် ပို၍မသတ်မှတ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အကြွေးတင်ပြီး ထောင်ကျနေရသည့်သူများကို ကူညီရန်ရည်ရွယ်၍ အီရန်တွင်အကျဉ်းထောင်စားသောက်ဆိုင်ဖွင့်လှစ်.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published -9 Feb 2022
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသရဲ့ ဥတုဇရုပ်ကလာပ်တော်ဟာ ယနေ့ နေ့လည် ၁၁နာရီခွဲခန့်က လေကြောင်းမှာတဆင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ရောက်ရှိလာကာ သုဗောဓာရုံကျောင်းတိုက်ကို ပင့်ဆောင်လာပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ဖို့ မြန်မာအမျိုးသားလေကြောင်းပိုင် စင်းလုံးငှားလေယာဉ်ဖြင့် ဆရာတော်ရဲ့ တပည့်ရဟန်းသံဃာတော်များ၊ဒါယကာ၊ဒါယိကာမများက ပင့်ဆောင်လာပြီးဆရာတော်ရဲ့ ဥတုဇရုပ်ကလပ်တော်ကို မုံရွာမြို့သို့ တိုက်ရိုက်သယ်ဆောင်လာတာဖြစ်ပါတယ်။
ဆရာတော်ဟာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဥ်ဆီအစားထိုးလဲလှယ်ကုသရန်နှင့်သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူရင်း ယင်းဆေးရုံတွင် ဖေဖော်ဝါရီ ၇ ရက်နေ့ မြန်မာစံတော်ချိန်
ညနေ ၅ နာရီ ၄၉ မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
ဆရာတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊သိက္ခာတော်(၃၄)ဝါ ရှိပြီဖြစ်ပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှာ အန္တိမအဂ္ဂိဈာပနပူဇော်မည်ဖြစ်တယ်လို့သိရပါတယ်။
ygm/hm
#Yangon_Media_Group
#LocalNews
Published- 9 Feb 2022
ထာဝရငြိမ်းချမ်းရေးအတွက် ရှေးရှုနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲနဲ့ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို သက်ဆိုင်သူအားလုံး တက်ရောက်ကြနိုင်ကြပါရန် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်းက
သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာမေတ္တာရပ်ခံလိုက်ပါတယ်။
အဆိုပါထုတ်ပြန်ချက်ကိုဖေဖော်ဝါရီလ ၉ ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ ထုတ်ပြန်ရာတွင်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြထားပါတယ်။
ဆက်လက်ပြီး ယခုလို စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့် အခါသမယတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးတို့အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ အချိန်မှီ တက်ရောက်ကြပါရန်နှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက်ကျင်းပမည့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြပါရန် အထူးဖိတ်ကြားအပ်ပါကြောင်း နစက၏ထုတ်ပြန်ချက်ကို ပြန်လည်ဖော်ပြထားပါတယ်။
ဆက်လက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ရှေးရှုနိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သက်ဆိုင်သူအားလုံး တက်ရောက်ကြနိုင်ကြပါရန် တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံပါကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ygm/hm
#Yangon_Media_Group
#LocalNews
Published - 9 Feb 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့တွေကို ဖွဲ့စည်းထားပြီး သက်ဆိုင်ရာခရိုင်အလိုက် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာတွေခံစားရပြီး ရောဂါကူးစက်သူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တာတွေအတွက် ၂၄ နာရီပတ်လုံး သတင်းပေးပို့ဆက်သွယ်စုံစမ်းနိုင်ဖို့ ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
ကိုဗစ် ဓာတ်ခွဲစစ်ဆေးလိုသူတွေအနေနဲ့လည်း သက်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေက ချိတ်ဆက်ပေးတဲ့ ဓာတ်ခွဲစစ်ဆေးတဲ့နေရာတွေကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိ RDT နည်းနဲ့ ဓာတ်ခွဲစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
ဓာတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတွေအနက် ဆေးရုံ၊ ကိုဗစ်-၁၉ ကုသရေးဌာနတွေမှာ ကုသမှုခံယူဖို့ လိုအပ်တဲ့လူနာတွေအတွက်လည်း ခရိုင်အလိုက် လူနာခုတင်စီမံခန့်ခွဲမှုကော်မတီတွေနဲ့ ချိန်ဆက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
တောင်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၆၇
၀၉ ၈၈ ၂၅၅၅၀၆၈
၀၉ ၈၈ ၂၅၅၅၀၆၉
မြောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ (RRT) သို (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၇၁
၀၉ ၈၈ ၂၅၅၆၃၃၈
၀၉ ၈၈ ၂၅၅၆၃၄၀
အနောက်ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကိုဗစ်-၁၉အရေးပေါ်တုန့်ပြန်ရေးအဖွဲ့(RRT) သို့ (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၆၃
၀၉ ၈၈ ၂၅၅၅၀၆၄
၀၉ ၈၈ ၂၅၅၅၀၆၅
အရှေ့ပိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၄၉
၀၉ ၈၈ ၂၅၅၅၀၆၁
၀၉ ၈၈ ၂၅၅၅၀၆၂
တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တစ်နေ့ပိုးတွေ့နှုန်းမှာ လူဦးရေ ၃၀၀ နှုန်းနဲ့ တွေ့ရှိနေတာဖြစ်ပြီး ရန်ကုန်တိုင်းမှာတော့ လူဦးရေ ၁၀၀ ကျော် ၂၀၀ နီးပါးအထိ နေ့စဉ်ပိုးကူးစက်မှုနှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။
YMG/Ei
#Yangon_Media_Group
Page 1969 of 1982