#LocalNews
Published -12 Feb 2022
စစ်ကိုင်းတိပိဋက ဆရာတော်ပျံလွန်တော်မူခြင်းအပေါ် တိပိဋကယောဆရာတော်ကြီးမှ သံဝေဂ သဝဏ်လွှာပေးပို့လိုက်တယ်လို့ သိရပါတယ်။
သံဝေဂသဝဏ်လွှာတွင် ကိုရင်ဘဝ၌လည်း အလင်္ကာရဖြင့် ကျော်ခဲ့ ရဟန်းဘဝ၌လည်း ဓမ္မာစရိယ ၃ဘွဲ၊ အဘိဝံသ ၂ ဘွဲတိုဖြင့် ကျော်ခဲ့၊ ရဟန်းကျော်ဘဝ၌လည်း တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲတိုဖြင့် ကြက်သီးထခမန်းလျှမ်းလျှမ်းတောက်ကျော်ခဲ့၊ အရှိန်အဟုန်မပျပ် တက်၍တက်၍ ပဓာနနာယကဂုဏ် ဟောနိုင်ပြောနိုင် ဆုံးမနိုင် သင်ပြပို့ချနိုင်သည့်ဂုဏ် စသည့် သာသနာတော်အတွက် စွမ်း ဆောက်ချက် ဂုဏ်အဖြာဖြာတို့ဖြင့် ကျော်တုန်း ကျော်ဆဲ ကျော်မဆုံးပင် ဖြစ်နေပါကြောင်း၊ နောက်ထပ်စွမ်း ဆောင်ရန် အချိန်အရွယ်များစွာ ကျန်ရှိသေးပါကြောင်း အလွန်နှမျောလှပါ တယ်လို့ မိန့်ကြားဖော်ပြထားပါတယ်။
ဆက်လက်ပြီး" ရုပ်နာမ်ခန္ဓာ၊ ဧည့်သည်ပါ၊ ခုလာ ခုပင် ပြန်သွားကြ၊ ချက်ချင်းလာလိုက်၊ ပြန်သွားလိုက်၊ မော ဟိုက်ပင်ပန်းရ၊ ဝိပဿနာ၊ ပညာအသိ၊ ဧည့်ကြိုဘိ၊ အားဖြည့်စိတ်တင်း ငြိမ်းအေးရ၊ ဧည့်ကြိုပညာ၊ ပေးထားပါ၊ ပညာလက်ဆောင် ကိုယ်စီရ၊ ဖြစ်လာမှာတော့ ပျက်မှာပေါ့တဲ့ မပျက်ရာမှန်၊ မြတ်နိဗ္ဗာန်၊ ဧကန်ရှိသားပဲတဲ့ တိပိဋက နောင်တော်"ဟူ၍ တိပိဋကယောဆရာတော်ကြီးမှ သံဝေဂသဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။
ဆရာတော်မှာထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ကုသရန် နှင့်သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူရင် ယင်းဆေးရုံတွင် ဖေဖော်ဝါရီ ၇ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅နာရီ ၄၉မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပါတယ်။
ဆရာတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်ကာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှာ အန္တိမအဂ္ဂိဈာပနပူဇော်မှာဖြစ်တယ်လို့ သိရပါတယ်။
ygm/hm
#LocalNews
Published -12 Feb 2022
ဖေဖော်ဝါရီ လ ၁၂ရက်နေ့ ယနေ့ မွန်းလွဲ ၁၂နာရီခန့်ကရန်ကုန်မြို့ ၊ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၉၀ ခန့်ဆပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
"ထောင်ဘူးဝကနေကား ၄ စီး ထွက်သွားတယ်။အယောက် ၉၀ ဝန်းကျင် လွှတ်ပေးတယ်လို့ ကြားတယ်စောင့်နေသူတွေ ဆက်လက်စောင့်နေကြတယ်။လွတ်ငြိမ်းက ပြီးပြီဆိုပြီးလည်း
ပြောနေကြတယ်"လို့ အကျဉ်းထောင်အနီးရောက်ရှိနေသူတစ်ဦးကပြောပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အကျဉ်းသား ၈၁၄ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခဲ့ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားဖြင့် ပြစ်ဒဏ်များကို ကျခံပြီး ဖြစ်သည့်အပြင် စည်းကမ်းကောင်းမွန်စွာ နေထိုင်ကျသော အကျဉ်းသား ၈၁၄ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ၎င်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု လိုက်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 12 Feb 2022
ရန်ကုန်မြိုအပါအဝင် ရန်ကုန် ပြည်တွင်းက ဒေသတချို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက မိုဘိုင်းအင်တာနက် ပြတ်တောက်မှုတွေ ဖြစ်ခဲ့ပါတယ်။
မိုဘိုင်းအင်တာနက်ပြတ်တောက်နေတဲ့အထဲမှာ အော်ရီဒူး၊ တယ်လီနော၊ MPT စတဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့တာပါ။
သို့ပေမယ့် အခုလက်ရှိထိ မိုဘိုင်းအင်တာနက်ဒေတာတွေ ပြန်လည်အသုံးပြုလို့ ရတဲ့မြို့နယ်တွေရှိသလို၊ မရသေးတဲ့ မြို့နယ်တွေလည်း ရှိပြီး အိမ်သုံး wifi တွေသာ အသုံးပြုလို့ ရနေတယ်လို့ သိရပါတယ်။
“ ကျွန်တော် မနက် ၅ နာရီလောက်က သုံးကြည့်တာ သုံးလို့မရပါဘူး။ ၈ နာရီခွဲလောက်ကျတော့ ပြန်သုံးလို ရနေတယ်” လို့ လှိုင်သာယာမှာနေထိုင်တဲ့ တယ်လီနော် ဖုန်းလိုင်းကို အသုံးပြုသူတစ်ဦးက YMG ကို ပြောပါတယ်။
မိုဘိုင်းအင်တာနက်လိုင်းတွေကို မနေ့ညပိုင်းက ဒီကနေ့ မနက် ၄ နာရီကနေ ညနေ ၃ နာရီအထိ ညွှန်ကြားအရ အင်တာနက်ပြတ်တောက်မယ်လို့ အော်ပရေတာတချို့ ကြေညာချက်အရဆိုပြီး လူမှုကွန်ရက်မှာ တွေ့ခဲ့ရပါတယ်။
ymg/ei
#Yangon_Media_Group
#Local_Health
Published_ 11 Feb 2022
ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးဆေးကုဌာနမှ အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် ကိုဗစ်ရောဂါခံစားနေရပါသဖြင့် နှလုံးဆေးကုပြင်ပလူနာဌာနအား ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ Facebook စာမျက်နှာမှ အသိပေးကြေညာထားပါတယ်။
နှလုံးဆေးကုပြင်ပလူနာဌာနကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ခေတ္တ ပိတ်ထားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆေးရုံကြီး၏ အရေးပေါ်လူနာများနှင့် အခြားအထူးကုပြင်ပလူနာများအား ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေးမည်ဖြစ်ပြီး အရေးပေါ်နှလုံးလူနာများအား ပုံမှန်အတိုင်း ဆေးရုံတင်ကုသမှုပေးမည်ဖြစ်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ည သတင်းထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၁,၆၀၇ ဦးရှိပြီး ပိုးတွေ့ရာနှုန်း ၆ ဒဿမ ၅ အထိပြန်လည်မြင့်တက်လာပါတယ်။
Photo CRD
ymg-mnn
#Yangon_Media_Group
Page 1827 of 1846