#Local_News
Published 13 August 2024
▪️ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ဓာတ်အားပေးစက်များရပ်တန့်၍ တမံသဲနုန်းထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် ယင်းအချိန်အတွင်း ရွှေလီ-နမ့်ခမ်း-မူဆယ် ဓာတ်အားလိုင်း ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကြောင်း Junction River Trading Co.,Ltd(ESE) မှ အသိပေးထုတ်ပြန်ထားသည်။
▪️ အဆိုပါ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ နှစ်စဉ်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ရေလှောင်တမံအတွင်း သဲနုန်းထုတ်ခြင်းလုပ်ငန်းအား တမံအတွင်းရေဝင်ရောက်မှု အခြေအနေအရ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲ ၃၀ အချိန်မှ ၁၅ ရက်နေ့ ည ၁၀နာရီ ၂၀မိနစ်အချိန် အထိ ဓာတ်အားပေးစက်များရပ်တန့်၍ တမံသဲနုန်းထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ လုပ်ငန်းများဆောင်ရွက်နေချိန်တွင် ရွှေလီ(၁)ရေအားစက်ရုံ မှ ဓာတ်အားပို့လွှတ်ထားသည့် ၆၆ကေဗွီ ရွှေလီ-နမ့်ခမ်း-မူဆယ် ဓာတ်အားလိုင်း ဓာတ်အားပြတ်တောက်နေမည် ဖြစ်ကြောင်း သိရသည်။
▪️ ထိုကြောင့် အဆိုပါ ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း မူဆယ်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် အထက်ဖော်ပြပါ အချိန်၊ နေ့ရက်များ အတိုင်းလျှပ်စစ်ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ကြိုတင်အသိပေး မေတ္တာရပ်ခံကြောင်း၊ မိဘပြည်သူများအနေဖြင့် ဓာတ်အားပြန်လည်ရရှိမည့်ချိန်တွင် တစ်ပြိုင်နက်တည်း ဝန်အားသုံးစွဲမှုများအား အလျင်စလို မပြုလုပ်ကြပါရန်လည်း ကြိုတင်အသိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုရက်ပိုင်းမှာ မန္တလေးတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး ရှမ်း၊ ကရင်၊ မွန်တို့မှာ နေရာအနှံအပြား မိုးရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 13 August 2024
#နေရာကွက်ပြီးမိုးကြီးနိုင် #နေရာအနှံအပြားမိုးရွာ
#YMG/tthl #Yangon_Times
ဩဂုတ် ၁၃ ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီဟာ မြန်မာနိုင်ငံသို့ သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၁၃ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ထိုင်းနိုင်ငံမှာကျင်းပမယ့် (၉)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးနှင့်ဆက်စပ်ပြီး မြန်မာ၊လာအို၊ထိုင်းတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေနှင့်လည်း သီးခြားတွေ့ဆုံစည်းဝေးဖို့ ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူ့ရဲ့ခရီးစဉ်ဟာ ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်နေ့အထိဖြစ်တယ်လို့လည်းသိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာရှိနေစဉ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
မစ္စတာဝမ်ယီမရောက်ခင် ရက်ပိုင်း ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့က တရုတ်သံအမတ်အသစ် မစ္စ မာကျား Ms Na Jia ဟာ မြန်မာနိုင်ငံကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိခဲ့ပါတယ်။
@ymg/knl
အခုနှစ်အတွင်းရေလွှမ်းမိုးမှု ဒဏ်ခံရတဲ့ မိုးစပါးစိုက်ဧက တစ်သန်းခန့်သာရှိတဲ့အပြင် လက်ကျန်နဲ့ အရန်ဆန်တွေပါရှိတာကြောင့် ပြည်တွင်းစားသုံးမှုဖူလုံတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က နေသိရပါတယ်။
#Local_News
Published 13 August 2024
#ပြည်တွင်းစားသုံးမှုဖူလုံ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 13 August 2024
▪️ စင်ကာပူစွမ်းအင်ကုမ္ပဏီဖြစ်သည့် Sembcorp သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ဓာတ်အား ပေးစက်ရုံကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ဩဂုတ် ၁၂ ရက်က အသိပေးထုတ်ပြန်လိုက်သည်။
▪️ လျှပ်စစ်စွမ်အားဝန်ကြီးဌာနလက်အောက်ခံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EPGE) ထံ အခြေအနေများ တင်ပြခဲ့ပြီးနောက် လုပ်ငန်းပိတ်သိမ်းရန်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိနယ်မြေ အခြေအနေများကြောင့် ယာယီရပ်ဆိုင်းခြင်းဖြစ်ကာ ဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုသည် Sembcorp ၏ အဓိက ဦးစားပေးဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့အပြင် အခြေအနေများ လုံခြုံတည်ငြိမ်သွားပြီဆိုပါက လုပ်ငန်းများ ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ Sembcorp သည် ၂၀၁၈ ခုနှစ်မှစတင်ပြီး မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်ကြောင်း သိရသည်။
▪️ Sembcorp အနေဖြင့် အခြေအနေများ လုံခြုံသွားပါက ကျိုးကြောင်းဆီလျော်စွာ လက်တွေ့လျင် မြန်စွာ လုပ်ငန်းများ ပြန်လည်စတင်ရန် ကြိုးပမ်း သွားမည်ဖြစ် ကြောင်းအသိပေးထားသည်။
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ ဆီလီကွန်ကုန်ကြမ်းတွေမဝင်တာ၊ ဈေးနှုန်းကြီးမြင့်တာတွေကြောင့် မြန်မာနိုင်ငံက ဆီလီကွန်ပုံတူပန်းပုရုပ်တုလုပ်ငန်း လုပ်ကိုင်နေသူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။
#Local_News
Published 13 August 2024
#ဆီလီကွန်ပုံတူပန်းပုရုပ်တု #ကုန်ကြမ်းပြတ်ပြီးဈေးနှုန်းတက်
#YMG/tthl #Yangon_Times
#Local_News
Published 13 August 2024
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံရသည့်Ms. Ma Jiaသည် သြဂုတ်လ(၁၂) ရက်တွင် မြန်မာနိုင်ငံကိုရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ Ms. Ma Jia သည် ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်ပြီး အာရှနှင့် အာဆီယံတွင် သံတမန်အတွေ့အကြုံများစွာရှိသည့်သူတစ်ဦးလည်းဖြစ်ကြောင်းသိရသည်။
▪️ သံအမတ်ကြီး Ms. Ma Jia ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် သံတမန်ရေးရာဦးစီးဌာနမှ တာဝန်ရှိအရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အဓိကသံတမန်အရာရှိများမှလေဆိပ်တွင်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 174 of 1868