#LocalNews
Published -22 Feb 2022
အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသော စာရေးဆရာမောင်သာချို အနည်းငယ် နေမကောင်းဖြစ်နေပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချခံရသော ဦးထင်လင်းဦးမှာချုပ်ရက်ခံစားခွင့်ရရှိကြောင်း ယင်း၏ ရှေ့နေအသိုင်းအဝိုင်းက သိရသည်။
"ဆရာထင်က အာဏာစသိမ်းပြီးထဲက အဖမ်းခံထားရတဲ့သူဖြစ်တဲ့အတွက်ကြောင့် အင်းစိန်ထောင်ကို ၃ လပိုင်း ၁ ရက်နေ့မှာ ပို့လိုက်တယ်။ အခုသူက ၅၀၅-(က) နဲ့ အခုလက်ထက်မှာ ပြောင်းထားတဲ့ ပုဒ်မတစ်နှစ်တိုးတဲ့ဟာနဲ့ သူကတိုးတော့ ၃ နှစ်အမိန့်ချတယ်(အလုပ်နဲ့ ထောင်ဒဏ်) ပေါ့။ ထောင်ဒဏ် ၃ နှစ်ဆိုတော့ ချုပ်ရက်ခံစားစေလည်းပါတယ်။ ချုပ်ရက်က ၁ နှစ်လောက်ရှိပြီ။ ဒီတစ်လပိုင်းဆို တစ်နှစ်ပြည့်သွားပြီ။ အဲအတွက်ကြောင့်မို့ နောက်ထပ် ၂ နှစ်လောက်တော့ရှိမှာပေါ့။ ငြိမ်းလွတ်မှာပါလာရင်တော့ မပြောတတ်ဘူးပေါ့နော်၊ဆရာထင်က Live လွှင့်တဲ့ အမှုပါ ၊ သူ နေကောင်းပါတယ်။ဆရာချိုက နည်းနည်းလေး နေမကောင်းချင်ဘူး"ဟု အဆိုပါ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။
စာရေးဆရာ မောင်သာချိုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နံနက်က ထိန်းသိမ်းခဲ့ကာ လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ရေးသားခဲ့သည့် ဆောင်းပါး ၂ ပုဒ်အပေါ် မူတည်၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း၊စာရေးဆရာ ဦးထင်လင်းဦးကို ဖေဖော်ဝါရီလ ၁ ရက် က ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 22 Feb 2022
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်နဲ့ ချောင်းသာကမ်းခြေတွေကို သွားရောက်ကြမယ့် ခရီးသွားတွေအနေနဲ့ သုံးရက်အတွင်းစစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်း အထောက်အထားစာရွက်ပါမှဖြစ်မယ်လို့ ကမ်းခြေတာဝန်ရှိသူတွေက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 22 Feb 2022
ဒီရက်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်ကကုန်တွေကို လန်ချမ်းကတစ်ဆင့် ချင်းရွှေဟော်ကိုဖြတ်ပြီးတော့ ရန်ကုန်ဆိပ်ကမ်းကိုသယ်လာပြီး တတိယနိုင်ငံကို ဆက်ပို့သွားဖို့ရှိနေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကသိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 22 Feb 2022
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတချို့မှာ နေရပ်စွန့်ခွာသွားသူတွေတချို့ ကိုယ့်ဒေသကိုကိုယ် ပြန်ရောက်လာနေတာတွေ ရှိသလို ပြန်မလာနိုင်သေးတာတွေလည်း ရှိတယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published -22 Feb 2022
အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ် အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ဂ) ဖြင့် စွဲချက်တင်ခံထားရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး အမှုကို လာမည့် မတ်လ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်တွင်းတရားရုံး၌ အမိန့်ချမည်ဖြစ်ကြောင်း တရားရုံး အသိုင်းအဝိုင်းက ပြောသည်။
"ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြတယ်။ပြစ်မှုကျူးလွန်တာ မရှိတဲ့အတွက်အပြီးပြတ်လွှတ်ပေးဖို့ဆိုပြီး အပြီးသတ်လျှောက်လဲချက်ကို ဒီနေ့တင်ခဲ့တာပါ ။တရားရုံးကလည်း မတ်လ ၈ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုခဲ့တယ်" ဟု အဆိုပါ အသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကပင် ထိန်းသိမ်းခံထားရသော ကိုမြအေးက အပြစ်မရှိကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက် ရုံးချိန်းတွင် ကိုယ်တိုင်ထုချေခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 22 Feb 2022
ရွှေမင်္ဂလာဈေးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဈေးပိတ်ပြီးချိန် ည ၇ နာရီကျော်က မီးလောင်မှုတစ်ခု ဖြစ်ခဲ့ပြီးတဲ့နောက်မှာ လျှပ်စစ်သုံးစွဲတာနဲ့ ပတ်သက်လို့ သတိပေးနေပါတယ်။
#Yangon_Media_Group
#LocalNews
Published - 22 Feb 2022
စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေအချို့ကလည်း အခြားသီးနှံတွေ ပြောင်းလဲစိုက်ပျိုးလာတာကြောင့် ယခင်ထက် ပီလောပီနံစိုက်ဧက တစ်သောင်းခန့်လျော့ကျသွားတယ်လို့ စီးပွား/ကူးသန်း ဝန်ကြီးဌာန ဧရာကုန်သွယ်မှုဗဟိုဌာနက သိရပါတယ်။
ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်းနဲ့ သာပေါင်းမြို့နယ်တို့မှာ အဓိကစိုက်ပျိုးလျက်ရှိပါတယ်။ တိုင်းဒေသကြီးတစ်ခုလုံးအနေနဲ့ နှစ်စဉ် ပုံမှန် ပီလောပီနံစိုက်ပျိုးဧရိယာ ၃ သောင်းကျော်ရှိပါတယ်။
ယခင်ကာလတူနှစ်အတွင်း ပီလောပီနံအတောင့် တစ်ပိဿာလျှင် ကျပ် ၁၃၀ မှ ကျပ် ၈၀ ခန့်အထိ ဈေးကျဆင်းသွားပြီး ပီလောပီနံမှုန့် တစ်ပိဿာကို ကျပ် ၈၅၀ မှ ကျပ် ၅၀၀-၅၅၀ ထိ ဈေးကျဆင်းသွားတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကစတင်ပြီး ပီလောပီနံစိုက်ပျိုးထုတ်လုပ်ရာမှာ သွင်းအားစုဈေးနှုန်းကြီးမြင့်တာနဲ့ ကုန်ချောဈေးကျဆင်းလာတာတို့ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ယခင်က ၂၀,၀၀၀ ကျပ် ဝန်းကျင်းရှိတဲ့ ယူရီးယားဓာတ်မြေသြဇာဟာ ယခုအခါ တစ်အိတ်ကို ၈၀,၀၀၀ ခန့်အထိ ဈေးတက်လာတဲ့အတွက် တောင်သူတွေအနေနဲ့ ဓာတ်မြေသြဇာအကြိမ်ရေပြည့်မီအောင် အသုံးမပြုနိုင်ဘဲ တစ်ဧကအထွက်နှုန်းလည်း ပျမ်းမျှအထွက်နှုန်း ပိဿာ ၂,၀၀၀ ဝန်းကျင်ထိ ကျဆင်းလာတယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
Page 1700 of 1738