#Local_News
Published_ 2 Mar 2022
ခရီးသွားပြည်သူများ YPS ကတ်စနစ်အသုံးပြု၍ ယာဉ်စီးခလွယ်ကူစွာပေးချေမှု အဆင်ပြေချောမွေ့စေရန်အတွက်(Yangon Payment Services-YPS)မှ YBS-3 နှင့် YBS-7 ယာဉ်လိုင်းနှစ်လိုင်းတွင် ကတ်သစ်ဝယ်ယူခြင်း၊ ယာဉ်စီးခဖြည့်သွင်းခြင်းနှင့် လက်ကျန်ငွေစစ်ဆေးခြင်းတို့ကို ယာဉ်ပေါ်မှာ သတ်မှတ်ဝန်ထမ်းများက ဝန်ဆောင်မှုဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
YBS-3 ယာဉ်လိုင်းပေါ်မှာ မတ်လ ၂ ရက်(ယနေ့)နှင့် မတ်လ ၃ ရက်နေ့(မနက်ဖြန်) တို့တွင် YPS ကတ်သစ်ဝယ်ယူခြင်း ၊ ယာဉ်စီးခဖြည့်သွင်းခြင်း၊ YPS လက်ကျန်ငွေစစ်ဆေးခြင်းတို့ကို ယာဉ်ပေါ်တွင် သတ်မှတ်ဝန်ထမ်းများက ဝန်ဆောင်မှုပေးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
YBS-7 ယာဉ်လိုင်းပေါ်မှာဆိုရင်လည်း မတ်လ ၄ ရက်(သောကြာနေ့) နှင့် မတ်လ ၅ ရက် (စနေနေ့) တို့တွင် ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ကတ်သစ်ဝယ်ယူမယ့် ခရီးသည်တွေအတွက်လည်း ကတ်သစ်ဝယ်ယူ၍ ကနဉီး ယာဉ်စီးခ ၃,၀၀၀ ကျပ် ဖြည့်ရုံနဲ့ ကတ်ဖိုးပေးစရာလုံးဝမလိုတဲ့ Special Promotion ဖြင့် ဝန်ဆောင်မှုပေးမှာ ဖြစ်တယ်လို, YPS မှ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 2 March 2022
အောင်မင်္ဂလာအဝေးပြေးဝင်းကနေ ဧရာဝတီတိုင်းဒေသကြီးကလွဲပြီးတော့ ကျန်တဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးကို ပြေးဆွဲနေကြတဲ့ အဝေးပြေးယာဉ်လိုင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလက စပြီးတော့ ရပ်နားခဲ့ကြရပါတယ်။
#Yangon_Media_Group
#LocalNews
Published 2 Mar 2022
စက်မှုဇုန်ထုတ် လျှပ်စစ်ကားတစ်စီးကို အပြီးအစီး ငွေကျပ် သိန်း ၁၂၀ စွန်းစွန်းလောက်နဲ့ ဒီကနေ့ မတ်လ ၁ ရက် နေ့ကစပြီးတော့ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_Health
Published_ 2 Mar 2022
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတာကြောင့် ခေတ္တပိတ်ထားသော အထူးကုပြင်ပလူနာ
ဌာနများအပါအဝင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနများ
အားလုံးကို ပုံမှန်အချိန်ဇယားအတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနခြောက်ခုမှ အထူးကုဆရာဝန်ကြီးများမှာ ကိုဗစ်ရောဂါခံစားခဲ့ရသဖြင့် ခေတ္တပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။
နှလုံးဆေးကုပြင်ပလူနာဌာနအား ဖေဖော်ဝါရီလ ၁၄ ရက်တွင်လည်းကောင်း၊ အထွေထွေအထူးကုသမားတော်ဌာန၊ ကင်ဆာဆေးကုဌာန၊ အကြောအဆစ်အထူးကုဌာန၊ အစာအိမ်နှင့်အူလမ်းကြောင်းဆေးကုဌာနနှင့် ဟော်မုန်းရောဂါအထူးကုဌာနတိုအား ဖေဖော်ဝါရီလ ၁၅ ရက်မှစတင်ကာ ခေတ္တပိတ်ထားခဲ့ရခြင်းဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 2 March 2022
ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်တွေနဲ့အတူ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီခံထားရတဲ့ မလေးရှားနိုင်ငံသားပါ ဒီကနေ့ ပြန်လည်လွှတ်မြောက်လာပါတယ်။
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရပြီး အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ မလေးရှားနိုင်ငံသားကို လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး မတ်လ ၂ ရက်နေ့ ဒီကနေ့မှာ အကျဉ်းထောင်မှ လွှတ်ပေးခဲ့တာပါ။
မလေးရှားနိုင်ငံသား Fariz Azman Bin Zaunul Azman ဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ မှာ မြန်မာနိုင်ငံသို့ လေကြောင်းခရီးနဲ့ ရောက်ရှိလာတာလို့ သိရပါတယ်။
ဒီကနေ့ အနုပညာရှင် ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာဝိုင်း၊ ဘလော့ဂါဝင်းမင်းသိန်း တို့ကို ပြစ်ဒဏ်က လွှတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာထားပါတယ်။
ပုဒ်မ ၅၀၅- ကနဲ့ တရားစွဲခံရတဲ့ သရုပ်ဆောင် ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ကို ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံထားရတာ ဖြစ်ပြီး မဝင်းမင်းသန်းမှာတော့ ပုဒ်မ ၅၀၅-က အပြင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ပါ တရားစွဲဆိုခံခဲ့ရတာပါ။
ymg/ei
#Yangon_Media_Group
#DailyNews
Published - 2 Mar 2022
၁။ ငွေကျပ် သိန်း ၁၂၀ ခန့်ဖြင့် စက်မှုဇုန်ထုတ် လျှပ်စစ်ကားများဝယ်နိုင်ပြီ။
၂။ အဝေးပြေးယာဉ်များ အချိန်ထပ်တိုးပြေးဆွဲလာကြ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အော့စ်ကာဆုပေးပွဲအတွက် ပထမဆုံးအကြိမ်အဖြစ် ဘူတန်နိုင်ငံကရုပ်ရှင် ဆန်ခါတင်စာရင်းဝင်.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 2 March 2022
အထူးဒေသ-၄၊ မိုင်းလား၌ပြုလုပ်မည့် ကိုးကန့်အဖွဲ့ ဥက္ကဌဟောင်း ဦးဖုန်ကြားရှင်၏ ဈာပနကော်မတီတွင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မျိုးစုံမှ ခေါင်းဆောင်များပါဝင်ကြောင်း သိရသည်။
ဦးဖုန်ကြားရှင်သည် ဖေဖော်ဝါရီလ ၁၆ ရက်နံနက်က လူကြီးရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ပြီး ဈာပနကိုမူလက မတ်လ ၃ ရက် မှ ၇ ရက်ထိ ပြုလုပ်ရန် လျာထားခဲ့သော်လည်း COVID-19 စည်းကမ်းသတ်မှတ်ချက်များကြောင့် မတ်လ ၂၉ ရက်သိုပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
ဈာပန ကျင်းပရေးကော်မတီတွင် ဦးပေါက်ယူချန် ၊ဦးရှောက်မင်လျှံ၊ဦးပေါက်ယူယွီ၊ဦးစိန်ဝင်း၊ဦးကျောက်ကော်အမ်း၊ဦးပေါက်ယူလျှံ၊ဦးဝေ့ရွှယွမ်၊ဦးလောရာခု၊ဦးစိုင်းလင်း၊ဦးစန်ပေ့၊ဦးဆန်လူ၊ဦးထိန်လင်း၊ဦးလော်ချန်ပေါက်၊ဦးကြည်မြင့်၊ဦးလီကျင့်လုံ၊ဦးအိုက်ရှဲန်လား၊ဦးခမ်းမောင်၊ဦးစိုင်းတစ်၊ဦးကျန်ယုံနင်၊ဦးအားချိုင်၊ဦးအာလူး၊ဦးအိုက်ပန်း၊ဦးထွန်းမြတ်နိုင်၊ဦးညိုထွန်းအောင်၊တာအိုက်ဘုန်း၊တာခူးလာန်း၊တာကျူတ်ကျား၊တာဖုန်းကျော်။ဂွမ်ထန်ဂမ်ရှောင်၊စဝ်ပန်ဖ၊စဝ်ခေးတိုင်း၊စဝ်ကျော်လ၊စဝ်မောမိန်း၊စဝ်၀င်းအောင်၊စဝ်အောင်လှ၊ဦးဖုန်ကြားယုံ၊ဦးဖုန်ကြားဟွာ၊ဦးဖုန်ကြားကျိန့်၊ဦးဖုန်တဲရင်၊ဦးရန်ဝင်ကျုံး၊ဦးရန်ကျွီကျွင်း၊ဦးဖုန်တဲကျွင်း၊ဦးလီလောက်ပေါက်၊ဦးထွန်းမြတ်လင်း၊ဦးဖုန်တဲရိ၊ဦးလီကော်ရှင်း၊ဦးဖုခဲကျုံး၊ဦးကျင်းရှင်း၊ဦးရန်ကွမ်းဟွာ၊ဦးကျော်ခိုင်၊ဦးဖုန်းဝင်းနိုင်၊ဦးဝမ်ကျီယွီ၊ဦးချာတဲအမ်း၊ဦးလီဖားချောက်၊ဦးကျန်းဟုန်ရင်း၊ဦးရှဲကွမ်းဟွာ၊ဦးကျောက်ကွင်းဖျင်၊ဦးလီဖျင်ယုံ၊ဦးလီရှိကျဲ၊ဦးယောင်ဝေ့၊ဦးကောက်ရှိချီ၊ဦးဖုန်ရှင်းချန်၊ဦးဖုန်ယူရှန်၊ဦးလူကျူမောက်၊ဦးစူးကြားပျောက်၊ဦးဝမ်ကျင့်ချိုင်၊ဦးကျုံးဝင်ကျွင့်၊ဦးကိမ်ဝေ၊ဦးကျုံးကြားဖူး၊ဦးလီကြားခွမ်း၊ဦးရှင်းဟုန်၊ဦးဖုန်ကျင့်အမ်း၊ဦလီရှိချန်၊ဦးဟော်ကွမ်ဒဟိုက်၊ဦးရန်ကြားနိမ်၊ဦးကျန်ဝင်းဟွာ၊ဦးကျန်းဝင်ရှိန်း၊ဦးကျိကော်ချန်၊ဦးကျောက်တဲရှမ်း၊ဦးချိန်ပင်၊ဦးလီကျိမောက်၊ဦးကျန်းလွီဖား၊ဦးဖူမင်ရှင်၊ဦးရန်ဝင်ပေါ်တို့ ပါဝင်ကြောင်း ဈာပနကျင်းပရေးကော်မတီက ထုတ်ပြန်ထားသည်။
ယင်းကော်မတီ၏ အမည်စာရင်းထဲတွင် ဦးပေါက်ယူချန် ၊ ဦးစိုင်းလင်း၊ဦးထွန်းမြတ်နိုင်၊ဦးညိုထွန်းအောင်၊တာအိုက်ဘုန်း၊တာကျူတ်ကျား၊တာဖုန်းကျော်။ဂွမ်ထန်ဂမ်ရှောင်၊ဦးဖုန်ကြားဟွာ၊ဦးထွန်းမြတ်လင်းတို့ မှာ လူသိများသည့် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည်။
ဦးဖုန်ကြားရှင်သည် အများက ကိုးကန့်အဖွဲ့ဟုပြောလေ့ရှိသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကို တည်ထောင်သူလည်းဖြစ်ပြီး ဥက္ကဋ္ဌဟောင်းလည်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်အရွယ်
ရှိပြီဖြစ်ကြောင်း သိရသည်။
၁၉၈၉ မတ်လ ၁၂ ရက်တွင် ဖုန်ကျားရှင်း နှင့် ဖုန်ကျားဖူးတို့ညီအစ်ကိုခေါင်းဆောင်၍ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ပထမဆုံးခွဲထွက်ကာ MNDAA ကိုတည်ထောင်ခဲ့ကြကြောင်း သိရသည်။
ဦးဖုန်ကြားရှင်း ၏ ညီ ဦးဖုန်ကြားဖူးမှာ မြန်မာ – တရုတ်နယ်စပ်တွင် အဆုတ်ရောဂါဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်က ကွယ်လွန်ခဲ့ကာ ယင်းမှာ ကွယ်လွန်စဉ် အသက် ၈၁ အရွယ် ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တွင် စစ်ဦးစီးချုပ် တာဝန်ကို ဦးဖုန်ကြားရှင်း၏ သားကြီးဖြစ်သူ ဦးဖုန်တာရွှင်က တာဝန်ယူထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1688 of 1739