#HealthMatter
Published - 5 Mar 2022
၁။ ရင်ကွဲနာဆိုတဲ့ Broken Heart Syndrome ဆိုတာ ??
၂။ ကိုဗစ်ကူးစက်မှုရဲ့နောက်ဆက်တွဲအဖြစ် Broken Heart Syndrome အဖြစ်ဆက်စပ်ခံစားနေကြရတယ်လို့ အချို့နိုင်ငံတကာသတင်းတွေမှာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာရော တွေ့ရပါသလား ??
၃။ Broken Heart Syndrome မဖြစ်အောင် ဒါမှမဟုတ် ဖြစ်ရင်လည်း သက်သာပျောက်ကင်းအောင် ဘယ်လိုနေထိုင်ပြုမူဆောင်ရွက်ဖို့လိုမလဲ??? ..... ဆိုတာတွေကို ကျန်းမာရေးပညာပေးပညာရှင် ဆရာကြီးဒေါက်တာခင်မောင်လွင်က ဆွေးနွေးပြောဆိုတင်ပြထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_ 5 March 2022
မြန်မာနိုင်ငံကို အခုလတတိယပတ်မှာလာမယ်ဆိုတဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း( Prak Sokhonn) နဲ့ တွေ့ဆုံနိုင်ဖို့ PPST မှာပါတဲ့ အဖွဲ့ဝင်တစ်ခုချင်းစီက ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ နစက အနေနဲ့ အကြောင်းကြားထားပါပြီ။
#Yangon_Media_Group
#LocalNews
Published _5 March 2022
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ပြည်တော်သာ-ရေချမ်းပြင် မီးရထားလမ်းပိုင်းကို မတ်လ ၂၇ ရက်နေ့ မတိုင်ခင် ပြေးဆွဲဖို့လုပ်နေပါပြီ။
#Yangon_Media_Group
#LocalNews
Published -5 Mar 2022
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကသိရပါတယ်။
မတ်လ ၄ ရက်နေ့ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရသက်သေများနှင့်အတူ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး သွားကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၉၀/၅)နှင့်(၁၉၀/၆)ကြားတွင် ရပ်တန့်ထားသည့် NISSAN DIESEL TRUCK အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာယာဉ်ပေါ်တွင် အောင်မြင့်မြတ်နှင့်အတူ ဆာလာအိတ်များအတွင်းမှ အမိုနီယမ် နိုက်ထရိတ် အလေးချိန် ၁၂,၈၇၅ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိမှုမှ အောင်မြင့်မြတ်(၃၇)နှစ်အား သာဂရနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 5 Mar 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်တွင် မီးလောင်မှုဖြစ်စဥ်တစ်ခု ဒီကနေ့(မတ် ၅ ရက်)၊ နေ့လည် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဥ်ကြောင့် လူနေအိမ်ခြေ ၄၀ ကျော်ခန့်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
"ဒဂုံဆိပ်ကမ်း ၆၀ ရပ်ကွက်မီးလောင်မှုက ကျူးကျော်တဲနေအိမ်ကစတာပါ။ ကလေးငယ်တစ်ဦးက ထမင်းအိုးတည်ရာကနေ မီး လောင်မှုစတင်ဖြစ်ပွားခဲ့တာလို့ သိရတယ်။ လောလောဆယ်တော့ အိမ်ခြေ ၄၀ လောက် မီးသင့်သွားတယ်လို့ သိရပါတယ်။ လက်ရှိမှာ တော့ မီးငြိမ်းပါပြီ။ မီးအကြွင်းအကျန်လေးတွေကိုပဲ ဆက်လက်ငြိမ်းသတ်နေပါတယ်။"လို့ အဆိုပါမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက် မီးလောင်မှုကို Level -1ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး နေ့လည် ၃ နာရီ မိနစ် ၂၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ ၃ နာရီ ၂၈ မိနစ်အချိန်မှာ မီးငြိမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 5 Mar 2022
ဒီကနေ့(မတ်လ ၅ ရက်)၊ မွန်းလွဲပိုင်းအချိန်က အာရှလမ်းမကြီးတွင် ခရီးသည်တင် Express ယာဥ်တစ်စီးနှင့် ကုန်တင်တွဲကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဥ်တိုက်မှုဟာ အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ် အာရှလမ်းကွင်းကလေးတံတားအပေါ်ကွေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရာသို့ သဃ်န်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၁)ဦးကိုလည်း သဃ်န်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဥ်ဖြင့် မြဝတီဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - သဃ်န်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 5 Mar 2022
ကချင်ပြည်နယ်ရှိ ပူတာအိုမြို့တွင် စက်သုံးဆီများကို ဒေသခံများက အလုအယက်ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
" ဆီဘောက်ဆာကား နှစ်စီးဝင်လို့ရောင်းပေးတာပါ ။ တစ်ယောက်ကို ၃,၀၀၀ ဖိုးပဲရောင်းပေးတယ်၊ လုံလောက်မှုမရှိဘူးပေါ့။ ရတဲ့ဆီက ဆိုင်ကယ်တစ်စီးတောင် မပြည့်ပါဘူး။ ရောင်းတာကလည်း မြို့ပေါ်က တိုင်းကျော် ဆီဆိုင်တစ်ခုထဲမှာပဲ ရောင်းပေးနေတာပါ။
ပြောရရင် အခုထိအဆင်မပြေသေးပါဘူး၊ ပူတာအိုမှာ ဓါတ်ဆီစျေးက တက်နေတုန်းပါပဲ။"လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိ ပူတာအိုဒေသတွင် ဓါတ်ဆီ ၁ လီတာ တစ်ပုလင်းလျှင် ကျပ် ၃,၀၀၀ မှ ကျပ် ၄,၀၀၀ အထိ ပေါက်စျေးရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
"အခက်အခဲတွေက ရှိနေတုန်းပါပဲ။ ဒီမနက်ဆို ဘာဖြစ်လဲဆိုရင် နာရေးအိမ်တစ်ခုက အကူအညီတောင်းတာတောင် Body ကို သွားသယ်ပေးလို့ မရဘူးဖြစ်ခဲ့တယ်။
ကားဆီမရှိလို့လေ၊အခုရောင်းပေးတယ်ဆိုတာကလည်း တစ်ယောက်ကို ၃,၀၀၀ ဖိုးလောက် ကားဆိုရင် ၆,၀၀၀ ဖိုးလောက် ဒါ လောက်ပဲရောင်းပေးတော့ အဆင်မပြေခဲ့ပါဘူး။ စက်သုံးဆီအခက်အခဲက ရှိနေတုန်းပါပဲ။"လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးက ဆက်လက် ပြောပြခဲ့ပါတယ်။
အဆိုပါ ပူတာအိုဒေသတွင် စက်သုံးဆီတွေ လနဲ့ချီကြာအောင် ပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
သို့သော်လည်း ယမန်နေ့က ပူတာအိုမြို့သို့ ဆီဘောက်ဆာကားနှစ်စီး ပြန်လည်ဝင်ရောက်လာတဲ့အတွက် ဒီကနေ့မှစတင်ပြီး စက်သုံးဆီများကို ခွဲတမ်းနဲ့ ရောင်းချပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
Page 1681 of 1739