#LocalNews
Published -6 Mar 2022
ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး လမ်းဟောင်းတွင်ခရီးသည်တင်ယာဥ်နှင့် ကုန်တင်ယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ယာဥ်ပေါ်ပါသူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၇နာရီကျော်ခန့်ကပဲခူးတိုင်းဒေသကြီးအရှေ့ အုတ်တွင်းမြို့ နယ်အုတ်ဖိုကျေးရွာအုပ်စု ချမ်းအေးသာစည်ရွာသစ်မင်းရဲလမ်းထိပ် ရန်ကုန်မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် ၁၄၂မိုင်၂ဖာလုံနှင့် ၁၄၂မိုင် ၃ဖာလုံအကြားတွင် ရှမ်းပြည်တောင်ပိုင်း လဲချားမြို့ မှ ပြောင်းဆန်များတင်ဆောင်လာသော nissan diesel တွဲယာဥ်နဲ့ စစ်တောင်းအရှေ့ ခရီးသည်တင်ယာဥ်တို့ မျက်နှာချင်းဆိုင်ပွတ်တိုက်မှုဖြစ်ပွားရာ အမျိုးသမီး တစ်ဦးပေါင်ကျိုး ၊ တစ်ဦး ပါးထိုးသွင်းဒဏ်ရာ ရရှိ(မစိုးရိမ်ရ) ၂ နှစ်ဦးဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#BreakingNews
Published -6 Mar 2022
မတ်လ၆ရက်နေ့ ယနေ့ နံနက်ပိုင်းကမြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ လူနာတင်ယာဥ်တစ်စီး လူနာသွားရောက်ပို့ဆောင်ပြီးအပြန် မိုင်းထိတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ကာ ယာဥ်မောင်းထိခိုက်ဒဏ်ရရှိကာဆေးရုံသို့ ပို့ ဆောင်စဥ်သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၁နာရီခန့်ကမုံရွာ ဘုတလင်လမ်း ကံသစ်ကျေးရွာအနီး လူနာတင်ယာဉ် တစ်စီး လူနာပို့ အပြန် မိုင်းထိ ကာ ယာဉ်မောင်းတစ်ဦး ညပ်နေကြောင်း သတင်းရတာကြောင့်ကယ်ဆယ်ရေးယာဉ်တစ်စီး ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
ထိုသို့လူနာတင်ယာဉ်တစ်စီး လူနာပို့ပြီး အပြန်တွင် မိုင်းထိ၍ လူနာတစ်ဦး ရှိကြောင်း သတင်းအရ ကယ်ဆယ်တစ်စီး ထွက်ခွာကာ ဒဏ်ရာရ လူနာ တစ်ဦးအား မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်းလူနာ ရဲ့ အသက်ကို ကြိုးစား ကယ်ခဲ့သော်လည်း လမ်းတွင် ဆုံးပါးသွားခဲ့တယ်လို့ အဆိုပါအသင်းကထုတ်ပြန်လိုက်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalHealth
Published-6 Mar 2022
တနင်္သာရီတိုင်းဒေသကြီး၊တနင်္သာရီမြို့ နယ်တွင် တာဝန်ထမ်းဆောင်နေသောဆရာမတစ်ဦး နေမကောင်းဖြစ်တာကြောင့်ဆေးခန်းလာရောက်ပြရာ ကိုဗစ်ရောဂါပိုးတွေရှိတာကြောင့် ကျောင်းရှိဆရာ/ဆရာမများနဲ့ကျောင်းသူကျောင်းသားများကို ရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာ စုစုပေါင်း ၁၁ဦးမှာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရတယ်လို့ မြို့ နယ်ကုသရေး နဲ့ ပြည်သူကျန်းမာရေးဦးစီးဌာနကသိရပါတယ်။
မတ်လ ၅ရက်နေ့ကတနင်္သာရီမြို့ နယ်လယ်တောင်ယာ ကျောင်းတွင် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ဦးမှာနေမကောင်းဖြစ်ကာ မြို့ နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ် ကိုဗစ်ရောဂါပိုးစစ်ဆေးပေးရာပိုးတွေ့ရှိတာကြောင့် အလက- လယ်တောင်ယာကျောင်းရှိ ဆရာ/မ(၁၄)ဦးနှင့်ကျောင်းသူ/သား(၆၃)ဦး၊ပေါင်း(၇၇)ဦးအား မြို့ နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိကို RDT Test-Kit ဖြင့်တစ်ဦးချင်းစစ်ဆေးပေးရာ ဆရာ/မ(၄)ဦးနှင့်ကျောင်းသူ/သား(၇)ဦး, ပေါင်း(၁၁)ဦးတို့တွင် ရောဂါပိုး အတည်ပြု တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါရောဂါပိုးတွေ့ရှိခဲ့တဲ့ဆရာ/မများနဲ့ကျောင်းသူ/သား(၁၁)ဦးအား လယ်တောင်ယာကျေးရွာ မူလတန်းကြိုကျောင်းဆောင် အတွင်း Home Quarantine အဖြစ် အမျိုးသား/အမျိုးသမီးသီးခြားထားရှိကာ ၎င်းတို့ နှင့်ဆက်နွယ်ထိစပ်သော မိသားစုဝင်များနေထိုင်တဲ့ နေအိမ်များကိုလည်း အသွားအလာ ကန့်သတ်ထားရှိပြီး ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုပေးနေတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1679 of 1739