#local_news
Published_ 16 March 2022
ထန်တလန်မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှ မြေဧရိယာ နှစ်သောင်းကျော်ကို အမျိုးသားဥယျာဉ်အဖြစ် မတ်လ ၁၀ ရက်မှ စတင်သတ်မှတ်ကြောင်း နစက၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားပါတယ်။
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ မြေဧရိယာ ၁၂၃၄၁ ဒသမ ၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ ရဟူတူ၊ လှိမ်ရောင်းမ် အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ ၉၉၈၄ ဒသမ၂၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရန်အတွက် ဇိန်မှုတောင်အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း သတ်မှတ် ကြေညာလိုက်တာဖြစ်ပါတယ်။
မီအေပီတောင်သည် ထင်ရှားသော ကျောက်တောင်ကြီးဖြစ်ပြီး ထန်တလန်မြို့မှ ၂၃ မိုင်ခန့်အကွာတွင် တည်ရှိ၍ ထန်တလန်−ဟရီဖီး−ဝေါင်သူး ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာ အပန်းဖြေနိုင်သောနေရာဖြစ်ခြင်း၊ သစ်ပင်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်း၊ ဘူမိရူပသွင်ပြင် ထူးခြားသောဒေသဖြစ်ခြင်းတို့ကြောင့် ကာကွယ် ထိန်းသိမ်းရန်ရည်ရွယ်၍ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဇိန်မှုတောင်ကိုမူ ကွန်သဲချောင်းမကြီးရဲ့ အဓိကရေဝေရေလဲဧရိယာ ဖြစ်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များနေထိုင်ကျက်စားသည့် ဧရိယာဖြစ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာဒေသဖြစ်ခြင်း၊ ဘူမိရူပသွင်ပြင်ထူးခြားမှုရှိခြင်း၊ စည်းကမ်းမဲ့တရားမဝင် အမဲလိုက်ခြင်းကို အချိန်မီထိန်းသိမ်း ကာကွယ်ရန်လိုအပ်ခြင်းတိုကြောင့် ကာကွယ် ထိန်းသိမ်းရန်ရည်ရွယ်၍ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ချင်းပြည်နယ်ရဲ့ အမှတ်အသားသင်္ကေတ အထင်ကရပြယုဂ်ဖြစ်သည့် ထင်းရှူး၊ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်အနီ၊ သစ်ခွမျိုးများပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ်စသည့် တောရိုင်း တိရစ္ဆာန်များ ကျက်စားနေထိုင်ခြင်း၊ အောက်ချင်းငှက်တို့ သားပေါက်ရာ ဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်များရှိခြင်းတိုကြောင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာရရှိနိုင်မည်ဖြစ်သဖြင့် အမျိုးသားဥယျာဉ်များအဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း သိရပါတယ်။
ထိုပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း ၁၂၃၅၅ ဧကရှိသည့် နယ်မြေကို ခါချဉ်တောင် ကြိုးပြင်ကာကွယ်တောအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ ၁၃၈၀၃ ဧကရှိသော နယ်မြေကို ကိုးကွေ့ တောင်ကြိုးပြင်ကာကွယ်တောအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွာငံမြိုနယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၅၀၀၀ ဧကရှိသည့် နယ်မြေကို ဟန်လင်းတောင်ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြောင်း လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။
#ymg_mnn
Yangon_Media_Group.
#LocalNews
Published - 15 March 2022
ချင်းစစ်ဘေးရှောင်ပြည်သူများ အရေအတွက် မည်မျှပင်ရှိစေကာမူ ကလေးမြို့ ရှိ ပုညကုသလ အသင်းတွင် လက်ခံစောင့် ရှောက်သွားမှာဖြစ်တယ်လို့ အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
လက်ရှိမှာလည်း ကလေးမြို့ရှိ ပုညကုသလ အသင်းတွင်ချင်းပြည်နယ်မှ စစ်ဘေးရှောင်လာသည့် လူဦးရေ ၁၅၀ကျော်အား လက်ခံ စောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။
" ရောက်လာသူအားလုံးကို လက်ခံစောင့်ရှောက်ထားပါတယ်။ အခုက ပြန်ရောက်လာတဲ့သူ တွေလည်းရှိတယ်။ တချို့ကလည်း သူတို့ရွာကို ခဏပြန်ကြတယ်၊ လိုအပ်တဲ့ ပစ္စည်း လေး တွေယူပြီး ဒီကို ပြန်ရောက်လာကြတယ်။ အဲ့လိုမျိုးပေါ့နော်။ နေရေး ထိုင်ရေး စားရေး သောက်ရေး ကအစ အားလုံးစီစဉ်ပေးထားပါတယ်။"လို့ ပုညကုသလ အသင်း(ကလေးမြို့)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိတွင် ချင်းပြည်နယ် ဘက်ဖြစ်တဲ့ ဖလမ်း၊တီးတိန်မြို့ တွေမှာ တိုက်ပွဲ တွေက ပြင်းထန်စွာဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါကြောင့်လည်း စစ်ဘေး ရှောင်ပြည်သူတွေချင်းပြည်နယ်အတွင်းမှာ အများအပြားရှိ နေသလိုနီးစပ်ရာ ကလေးမြို့ ပေါ်သို့ တိမ်း ရှောင်လာသူများလည်း ရှိနေခဲ့တာပါ။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ချင်းပြည်နယ်ဘက်ရှိ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို၊ ဝေဘူလ အစရှိသည့် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူ ရာကျော်ခန့်ဟာကလေးမြို့ ပေါ်သို့ ရောက်ရှိခိုလှုံလာခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ချင်းစစ် ဘေး ရှောင်ပြည်သူများကို ကလေးမြို့ရှိ ပုညကုသလအသင်း တို့တွင် လက်ခံ စောင့်ရှောက်ပေးထားပြီး လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့ တွေက ဆိုပါတယ်။
ဓါတ်ပုံ - ပုညကုသလအသင်း(ကလေးမြို့)
ymg/kg
#Yangon_Media_Group
#LocalNews
Published - 15 March 2022
အပြည်ပြည်ဆိုင်ရာအမျိုးသမီးသင်္ဘောသားများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်က ကြေညာထားပါတယ်။
ဒါ့ကြောင့် အခမ်းအနားကို တက်ရောက်ကြမယ့် အမျိုးသမီးသင်္ဘောသားများအနေနဲ့ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေက ထုတ်ပေးထားတဲ့ သင်္ဘောသားနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတစ်ခု ယူလာဖို့ မေတ္တာရပ်ခံထားပါတယ်။
အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမတွင် လာမယ့် မတ်လ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေမှာ ယခင်က အမျိုးသမီးသင်္ဘောသားကို ခွင့်မပြုခဲ့ပေမယ့် ၂၀၂၁ ခုနှစ်က စတင်ခွင့်ပြုခဲ့ပြီ ဖြစ်ပါတယ်။
ကိုဗစ်ကာလကြောင့် အမျိုးသမီးသင်္ဘောသားတွေအတွက် သက်ဆိုင်တဲ့ သင်တန်းတွေ မဖွင့်လှစ်နိုင်တာကြောင့် သင်္ဘောသားအဖြစ် အသိအမှတ်ပြုမှတ်ပုံတင် SIRBကို မထုတ်ပေးနိုင်တာတွေကြောင့် အပျော်စီးသင်္ဘောပေါ်မှာ အလုပ်အကိုင်ပတ်စပို့စ် Job Passport နဲ့ ပြည်ပကို သွားရောက်လုပ်ကိုင်ခွင့်ရအောင် ဖြေလျော့ပေးထားတာတွေ ရှိပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published-15 March 2022
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် စနစ်ကျတဲ့ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေပါပြီ။
#Yangon_Media_Group
#DailyNews
Published - 15 Mar 2022
(၁) တမူးမြို့တွင် မိုဘိုင်းအင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိလာပြီး ဒေသခံများအခက်တွေ့
(၂) ဗိုလ်တထောင်စေတီတော် ဝန်ထမ်းများအတွက် စနစ်တကျအိမ်ရာတစ်ခု တည်ဆောက်နေ
(၃) နေ့စဉ်မိုးလေဝသ သတင်း
(၄) ရှေးဟောင်းကားကလေးတစ်စီးဖြင့် ကမ္ဘာ့တိုက်ကြီးငါးတိုက်ဖြတ်ကျော် ကမ္ဘာပတ်ခဲ့သည့် အာဂျင်တီးနားမိသားစု ၂၂နှစ်အကြာတွင် မွေးရပ်မြေခရီးဆုံးပြန်လည်ရောက်ရှိ .... အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ။
#Yangon_Media_Group
Page 1660 of 1739