#Local_News
Published_26 August
▪️ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရား၊ စေတီများအား ဖူးမြော်ကြည်ညိုကာရှေးဟောင်းသမိုင်းဝင် သာသနိက ယဉ်ကျေးမှုအမွေအနှစ်များကို နစကဥက္ကဌစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားဆင်းတုတော်ကြီး၊ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း) တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်၊ ပဉ္စမသင်္ဂါယနာတင်၊ ဘဝရှင်မင်းတုန်း မင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးသို့ ရောက်ရှိကြပြီး ဦးစီးပဓာနနာယ ဆရာတော်အဂ္ဂမဟာပန္တိတဘဒန္တထုတိဝရ၊ သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
▪️ ယင်းနောက် မန္တလေးနန်းမြို့တွင်း၊နန်းမြို့အနောက်ဘက်ရှိ မြို့ရိုးထိန်းသိမ်းထားရှိမှုနှင့် စည်ရှည်တံတား ကိုပြန်လည်တည်ဆောက်ရာတွင် ရှေးမူမပျက် မူလပုံစံအတိုင်းတည်ဆောက်သွားရန်နှင့် တံတားနှင့်ဆက်စပ်လျက်ရှိသည့် လမ်းများကိုလည်း စနစ်တကျဆောင်ရွက်ရန် နစက ဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။
▪️ အလားတူ စူဠာမုနိရုပ်ရှင်တော် ဘွဲ့အမည်ခံရုပ်ပွားတော် မြတ်ကြီး ပင့်ဆောင်ထားရှိမှုအခြေ အနေကို ကြည့်ရှု၍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ်စွာရှိစေရေး လိုအပ်သည်များကို ဆောင်ရွက်သွားရန်၊ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေး၊ နဂိုမူလရှေးဟောင်းအမွေအနှစ်လက်ရာများအတိုင်း လက်ရာမပြတ်ထိန်းသိမ်းစောင့်ရှောက်ရေး မှတ်တမ်းများကို ပြန်လည်ကြည့်ရှုလေ့လာ၍ ဆောင်ရွက်သွားရန်၊ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)တော်အတွင်းရှိ မြန်မာမှုသစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူး နွယ်အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွ များ၊ အတွင်းမာရ ဘင်အရှေ့ပိုင်းကွန်းစင်တိုင်အခြေတွင် ထုဆစ်ပူဇော်ထားသည့် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာ ပဒုမဇတ်၊ ဥတေနဇာတ်တော်တို့ကို အနုစိတ်ထုဆစ်ပူဇော်ထားရှိမှုများ ကို ကြည့်ရှုပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် စနစ်တကျဖြင့် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ကျောင်းတော်ကြီးအတွင်းရှိ တိုင်လုံးများ သပ်ရပ်မှုနှင့် ကြံ့ခိုင်မှုရှိအောင် စဉ်ဆက်မပြတ်မွမ်းမံထိန်းသိမ်းဆောင်ရွက်သွားရန်၊ အမွေအနှစ်လက်ရာများကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများ၊ ကန့်သတ်ဧရိယာထားရှိခြင်းများ ဆောင်ရွက်ထားရှိရန်၊ရှေးဟောင်းအမွေအနှစ် လက်ရာ များဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့် ရှောက်သွားရန်၊ ရွှေကျောင်းတော်ကြီး၏ အောက်ခြေတိုင်များ ခိုင်ခံ့နေစေရေးထိန်းသိမ်းဆောင်ရွက်သွားရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ပဉ္စမသင်္ဂါယနာတင်၊ ဘဝရှင်မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်တော်မူသော မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးအတွင်းရှိ ပြန်လည်ပြုပြင်ထိန်းသိမ်းထားရှိမှုများနှင့် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးများ၏ ပုံတူရုပ်တုတော်များကို ဖူးမြော်ကြည့်ရှုပြီး ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းလည်း သိရသည်။
ယင်းအပြင် နစသဥက္ကဌက မြနန်းစံကျော် ရွှေနန်းတော်ကြီးထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကာသမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
Published_25 August 2024
တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ခိုင်မာစွာဖြင့် ဆက် လက် ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံအားမူလအခြေ အနေအတိုင်းပြန် လည် ရောက်ရှိရန်အတွက် လုပ်ဆောင်သင့် သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဌ က ပြောသည်။
ယနေ့ သြဂုတ်လ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအား မန္တလေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြော ကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်နှင့်လူမျိုးအပေါ် အမှန်တကယ်နားလည်သူများရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများရှိရန်လိုကြောင်း၊ ထို့ကြောင့်ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါသည့် လုံခြုံ ရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေး စနစ်တွင်ပြည်သူများပါဝင်ပါက တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍ စည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ယင်း က ပြောကြားခဲ့သည်။
နစကဥက္ကဌကမန္တလေးတိုင်း ဒေသကြီး၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းအပြင်မကြာမီကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကိုလည်း တိုင်းဒေသ ကြီးနှင့်ပြည်နယ်အလိုက် အနှစ်သာရရှိစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ပြည်သူပါဝင်သည့် ပြည်သူ့ လုံခြုံရေးစနစ်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးနှင့်ပတ် သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံ ရေးအသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန် လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့လုံခြုံရေး People Security ၊ Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေး ရွာ အလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နေထိုင် သည့်ဒေသ ရပ် ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက် များစွာ အကျိုးရှိထိရောက်စေမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးလုပ်ငန်းများ နှင့်ပတ်သက်၍ Check, Recheck, Counter Check များပြုလုပ်၍ အပြန်ပြန်အလှန်လှန် စစ်ဆေးရန် လိုအပ် မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
၎င်းအပြင် လုံခြုံရေးပိုင်းဆိုင်ရာများ နည်းလမ်းမျိုးစုံဖြင့် ထိခိုက် ခြင်းကြောင့် ဒေသအလိုက်ထိခိုက်မှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုပြီး လုံခြုံရေး အမြင်ဖြင့် ဆောင်ရွက်ရန်လိုကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ လာမည့် အောက်တိုဘာလ တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို စတင် ကောက်ယူသွား မည်ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ရလာဒ်များ နိုင်ငံတော်ကို ကြေညာပြီးချိန်တွင် မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မဲစာရင်းများမှားယွင်းမှုမရှိစေရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးချိန်တွင် လည်း မှန်မှန်ကန်ကန်ဖြစ် စေရေး ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများအနေဖြင့်ဝိုင်းဝန်း ဆောင်ရွက် ပေးသွားကြစေလိုကြောင်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP
၂၅ ဩဂုတ် ၂၀၂၄
ထိုင်းနိုင်ငံ ဖူးကက်ကျွန်းတွင် သောကြာနေ့က မြေပြိုကျမှုကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၉)ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
အခြားသေဆုံးသူတွေက ထိုင်းနှစ်ဦးနှင့် ရုရှားစုံတွဲ နှစ်ဦးတို့ဖြစ်ကြတယ်လို့ ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်အပြီးမှာ အာဏာပိုင်တွေက ယနေ့ တနင်္ဂနွေနေ့ ဩဂုတ် ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သည်းထန်လွန်းတဲ့မိုးကြေင့် ထိုင်းနိုင်ငံတောင်ပိုင်း နာမည်ကျော် ခရီးသွားနေရာဖြစ်တဲ့ ဖူးကက်ကျွန်း Big Buddha (ဘုရားကြီး) အနီးမှာ မြေတွေပြိုကျခဲ့တာဖြစ်ပါတယ်လို့ ဖူးကက်အုပ်ချုပ်ရေးမှူး ဆိုဖွန်ဆူဝါနာရက်က ပြောပါတယ်။
မြေပြိုမှုကြောင့် အိမ်ခြေပေါင်း ၂၀၉ လုံးပျက်စီးခဲ့ရပြီး လူ၂၀ဦးလည် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ယခုအခါ ပျက်စီးတဲ့နေရာကို ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။
သေဆုံးသူ မြန်မာအလုပ်သမား ၉ ဦးအတွက် ဘန်ကောက်က မြန်မာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ဖူးကက် ဒေသအာဏာပိုင်တွေကပြောပါတယ်။
ပျဉ်းမနားမြို့နယ်မှာရှိတဲ့ ငလိုက်ချောင်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားတာကြောင့် ကယ်ဆယ်ရေး စခန်းနှစ်ခုကို ဒေသခံ(၄၀၀)ကနေ ၅၀၀ )ဝန်းကျင်ခန့် ပြောင်းရွေ့နေထိုင်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 25 August 2024
#ပျဉ်းမနား-ငလိုက်ချောင်းရေကြီး #ဒေသခံ၅၀၀ခန့် ပြောင်းရွေ့
#YMG/NN #Yangon_Times
#Daily_News
Published 24 August 2024
၁။ ဆီတင်သင်္ဘောလေးစီးမှ သိုလှောင်ကန်များသို့ စက်သုံးဆီများ ဖြည့်တင်းပေးနေပြီး သင်္ဘောခြောက်စီးလည်း ရန်ကုန်မြစ်ဝတွင် ရောက်ရှိနေပြီဟုဆို
၂။ ပုဂ္ဂလိကတက္ကသိုလ်များကို တက္ကသိုလ်အဆင့်ခွင့်မပြုသေးသော်လည်း ဒီဂရီဘွဲ့ပေးနိုင်ဟုဆို
၃။ ရန်ကုန်တိုင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် မိုးစပါးဧကကိုးသောင်းကျော် စိုက်ပျိုးပြီး ရန်ပုံငွေကျပ်သန်း ၁၈၀၀၀ ကျော်သုံးစွဲသွားမည်
၄။ အာရှပစိဖိတ်အကြီးဆုံး အိမ်မွေးတိရိစ္ဆာန်ပစ္စည်းပြပွဲကြီး ရှန်ဟိုင်းတွင်ကျင်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 August 2024
▪️ ယနေ့ မွန်းလွဲပိုင်းတွင်ဖြစ်သည့် တိမ်တိုက်များအရ ရန်ကုန်၊ ပဲခူး မိုးများလာနိုင်သည့်အပြင် ယခု ဩဂုတ်လကုန်ပိုင်းတွင်လည်းနေရာကွက်၍ မိုးကြီးနိုင်သောကြောင့် မြစ်ချောင်းကမ်းအနီးမြေနိမ့်ပိုင်းဒေသများ သတိပြုကြရန် မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးလိုက်သည်။
▪️ အိန္ဒိယမိုးလေဝသဋ္ဌာနမှ ဩဂုတ် ၂၃ ရက်နေ့လည်ပိုင်း ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ရက်များက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးဖြစ်ပေါ်ခဲ့သည့် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကြောင်း ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကမ်းခြေအနီး၌ လေဖိအားနည်းရပ်ဝန်းအသစ်တခု ထပ်မံဖြစ်ပေါ်နေ ကြောင်းသိရသည်။
▪️ ထို့အပြင် အနောက်ဘက် အိန္ဒိယနိုင်ငံကုန်းတွင်းသို့ ရွေ့လျားသွားသည့် လေဖိအားနည်းရပ်ဝန်းသည် အာရေဗျပင်လယ်ဘက်အထိ ဆက်လက်ရွေ့လျားနိုင်ပြီး အားကောင်းသောကုန်းတွင်းမုန်တိုင်းတလုံးအဆင့် ဖြစ်လာနိုင်ချေ ၁၀၀ % အထိရှိကြောင်း ECMWF Chart တွင် တွေ့ရှိရကြောင်း သိရသည်။
▪️ "အသစ်ထပ်မံဖြစ်ပေါ်တဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းကို ရွေ့လျားလာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ မြောက်ပိုင်းဆက်စပ်ရာ ပင်လယ်ပြင်မှာ ဩဂုတ် ၂၉၊၃၀၊၃၁ ရက်ခန့်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်တယ်လို့ ကနဦးကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။ အခုလို ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေ တွေ ကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးမှာ ဩဂုတ်လကုန်ရက်များအတွင်း မိုးအားကောင်းလာနိုင်ပါတယ်၊ နေရာကွက်ပြီး မိုးကြီးတာတွေလဲ ဖြစ်လာနိုင်တယ်လို့ တွေ့ရတဲ့အတွက် ရေနဲ့ပတ်သက်တဲ့သဘာဝဘေးများထပ်မံဖြစ်ပေါ်နိုင်မဲ့ အခြေအနေအတွက် မြစ်ချောင်းကမ်းအနီးမြေနိမ့်ပိုင်းဒေသများ သတိပြုကြရန် အသိပေးတင်ပြလိုက်ပါတယ်" ဟု ၎င်းကဆိုသည်။
ထို့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်လာသည့် တိမ်တိုက်များအခြေအနေအရ ရန်ကုန်၊ ပဲခူး မိုးများလာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 August 2024
▪️ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Ocean Center အတွင်း ရေများဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ်၂၄ ရက်နေ့ မနက်၇ နာရီ အချိန်ခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Ocean Center အတွင်း ရေများဝင်ရောက်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဥတ္တရသီရိခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ မီးသတ်စက်ကလေး(၁)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဗ္ဗသီရိနယ်မြေမီးသတ်စခန်းမှ မီးသတ်စက်ကလေး(၁)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေစုပ်ထုတ်ခြင်း၊ သန့်ရှင်းပေးခြင်း၊ လူနေအိမ်များအတွင်းရှိ ရွှံ့နုန်းများ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 159 of 1867