ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လာရောက်ပတ်သူကကြားရက်များတွင် ပုံမှန်ရှိပေမယ့် ပိတ်ရက်တွေမှာတော့ တစ်ရက်ကိုလူဦးရေ သုံးထောင်ဝန်းကျင်လာရောက်လည်ပတ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။
#Local_News
Published 28 August 2024
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #လူဦးရေသုံးထောင်ဝန်းကျင်လာရောက်
#YMG/NN #Yangon_Times
EPS စနစ်နဲ့ ပထမဆုံး မြန်မာအမျိုးသမီးအလုပ်သမားတွေခေါ်ယူဖို့ တောင်ကိုရီးယားအလုပ်
ရှင်တွေရဲ့ စိတ်ဝင်စားမှုတွေမြင့်တက်နေတယ်လို့ ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများအရေးဆောင်ရွက်နေသူတွေနဲ့ EPS-Korea သင်တန်းကျောင်းတွေက သိရပါတယ်။
#Local_News
Published 28 August 2024
#တောင်ကိုရီးယားအလုပ်ရှင် #EPSစနစ်
#YMG/NN #Yangon_Times
၂၈ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကနှင့် အရေးကြီး သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တရုတ်သံအမတ်ကြီး မစ္စ မာကျား Ms. Ma Jia က ယမန်နေ့ ဩဂုတ် ၂၇ ရက်က နေပြည်တော်သို့ သွားရောက်တွေ့ဆုံစဉ် မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဒါပေမယ့် မည်သည့်အရေးကြီးသဘောတူညီချက်တွေလည်းဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပါဘူး။
နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အရေးကြီးသဘောတူညီချက်များရရှိခဲကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏မြန်မာနိုင်ငံ ခရီးစဉ်ရလဒ်ကို အတူတကွဖော်ဆောင်သွားကာ မြန်မာ-တရုတ် ဆက်ဆံရေးတွင် တက်ကြွသောတိုးတက်မှုအသစ်များရရှိဖို့ တွန်းအားပေးဖော်ဆောင်သွားရန် မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်သံအမတ်ကြီး Ms. Ma Jia ကလည်း မကြာသေးမီက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင်စွာပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်မှုအပေါ် များစွာအလေးအနက်ထားမှုကို အပြည့်အဝပေါ်လွင်စေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ပြည်သူအကျိုးပြုဖွံ့ဖြိုးရေးကို ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကိုကာကွယ်ခြင်း၊ ကုလသမဂ္ဂ စသည့်နိုင်ငံတကာပလက်ဖောင်းများတွင်အပြန်အလှန်ထောက်ခံအားပေးမှုကိုမြှင့်တင်ခြင်း စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
#Daily_News
Published 27 August 2024
၁။ မျောက်ကျောက်ရောဂါသံသယလူနာတွေ့ပါက ဝေဘာဂီဆေးရုံသို့ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်ပေးရန်ပြင်ဆင်ထား
၂။ (LPG) ၊ (CNG)နှင့် စက်ဆုံးဆီအရောင်းဆိုင်များ၏ သိုလှောင်မှုဂါလန်များကို တိုးမြှင့်သတ်မှတ်
၃။ ရန်ကုန်တိုင်းမှာ မိုးတိမ်တောင်ဖြစ်ထွန်းပြီး ဒေသ (၃)ခုတွင် မိုးပိုမည်
၄။ ဝူခုန်းဂိမ်းထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပင် အရောင်းရဆုံးဂိမ်းဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 August 2024
▪️ နယ်ချဲ့မှ အိန္ဒိယတွင်မထားရဲ၍ မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်တွင် ထောင်သွင်းအကျဉ်းချခံခဲ့ရသော အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှု၏ ပထမဦးဆုံးခေါင်းဆောင် ‘လောက်မန်ယာထိလပ်’အကြောင်း စာအုပ်အပါအဝင် စာရေးဆရာဟိန်းလတ်၏ စာအုပ်သစ်နှစ်အုပ်ကို သြဂုတ်လ(၂၅)ရက်၊ ရန်ကုန် ဝန်ကြီးများရုံး Lantern House၌မိတ်ဆက်ထုတ်ဝေခဲ့ကြောင်း သိရသည်။
▪️ ဗြိတိသျှကိုတော်လှန်၍ မန္တလေးထောင်တွင်အကျဉ်းကျခဲ့သည့် အဆိုပါ အိန္ဒိယခေါင်းဆောင် ‘လောက်မန်ယာထိလပ်’ အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။
▪️ စာရေးဆရာဟိန်းလတ်၏‘မြန်မာပြောသော မြန်မာစကား’စာအုပ်နဲ့ အိန္ဒိခေါင်းဆောင်‘လောက်မန်ယာထိလပ်’စာအုပ်တို့ကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
▪️ အိန္ဒိယခေါင်းဆောင်‘လောက်မန်ယာထိလပ်’ဟာဆိုရင် ဗြိတိသျှနယ်ချဲ့လက်အောက်မှလွတ်မြောက် ရေးအတွက် စတင်တော်လှန်လှုပ်ရှားခဲ့သူဖြစ်သည် ဟုဆိုသည်။
▪️ နယ်ချဲ့မှ အိန္ဒိယ၌ပင်မထားရဲသဖြင့်မြန်မာနိုင်ငံသို့ပို့ကာ မန္တလေးထောင်မှာ (၆)နှစ်ထောင်သွင်း အကျဉ်းခံသူ၊ မန္တလေး ထောင်အတွေ့အကြုံတွေအပါအဝင် အိန္ဒိယအမျိုးသားရေးဝါဒီ ဦးဆောင်ပုဂ္ဂိုလ်‘လောက်မန်ယာထိလပ်’အကြောင်းများကို ရေးသားဖော်ပြထားသည့် စာအုပ်လည်းဖြစ်သည်။
▪️ ယင်းအပြင် မြန်မာစာမြန်မာစကားကိုအလေးအမြတ်ပြုတန်ဖိုးထားသူများအတွက် ‘မြန်မာပြောသော မြန်မာစကား’စာအုပ်မှာ ဝေါ်ဟာရ ခက်ဆစ်တွေ၊ မူလဆိုရိုးစကားတွေအပါအဝင် မြန်မာစကား ကြွယ်ဝစေဖို့ စုဆောင်းတင်ပြထုတ်ဝေထားသည်။
▪️ စာရေးဆရာဟိန်းလတ်၏ ယင်းစာအုပ်သစ်နှစ်အုပ်ကို ခေတ်စာအုပ်ပုံနှိပ်တိုက်မှ ထုတ်ဝေပေးထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Local_News
Published 27 August 2024
▪️ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၁၁၀ ဦးအား ရနောင်းမှကော့သောင်းမြို့သို့ ရေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါ မြန်မာနိုင်ငံသားများတွင် ကလေးနှစ်ဦးအပါအဝင် အမျိုးသား ၈၆ ဦးနှင့် အမျိုးသမီး ၂၂ ဦးတို့ပါဝင်ပြီး ၎င်းတို့သည်ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းခရိုင်တွင် ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ပြီး အများစုမှာ တရားမဝင်ဝင်ရောက်မှုကြောင့် ပြစ်ဒဏ်ကျခြင်းဖြစ်ကြောင်း၊ ၄င်းတို့သည်ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ တဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ဩဂုတ် (၂၆)ရက်က ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် သက်ဆိုင်ရာမှ ပြန်လည်ဝင်ရောက်လာသူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုယ်ရေးမှတ်တမ်းများ ကောက်ယူခြင်းနှင့် လိုအပ်သည်များ စစ်ဆေး၍ ၎င်းတို့ နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 August 2024
▪️ ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်ကို စက်တင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
▪️ အဆိုပါ အမျိုးသား အားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပခဲ့ပြီးဖြစ်ကာ ယင်းပွဲတော်တွင် အားကစားနည်း ၂၄ နည်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အောင်မြင်မှုများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအဆင့် အားကစားပွဲတော်၌ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ခရစ်ကတ်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဂျုဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ရေကူး စသည့် အားကစားနည်း ၂၄ နည်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်၌ ခရိုင်ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ်၍ အောက်တိုဘာလမှစတင်ပြီး စခန်းသွင်းလေ့ကျင့်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 156 of 1867