လာမယ့်အောက်တိုဘာလအတွင်းအိန္ဒိယနိုင်ငံမှာ ပြုလုပ်မယ့် မြင်းစီးတန်းခုန်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 29 August 2024
#မြင်းစီးတန်းခုန်ပြိုင်ပွဲ #မြန်မာနိုင်ငံကိုယ်စားပြု
#YMG/NN #Yangon_Times
ပုဂံရွှေစည်းခုံစေတီရင်ပြင်မှာရှိတဲ့ အင်္ဂတေလွှာအချို့ကိုဖယ်ရှားပြီး မူလသဲကျောက်ပြားလက်ရာတွေကို ဖော်ထုတ်ထိန်းသိမ်းနေတယ်လို့ ပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 29 August 2024
#အင်္ဂတေလွှာအချို့ဖယ်ရှား #မူလသဲကျောက်ပြားလက်ရာ
#YMG/tthl #Yangon_Times
#Daily_News
Published 28 August 2024
၁။ EPS စနစ်ဖြင့် ပထမဆုံးမြန်မာ အမျိုးသမီးအလုပ်သမားများခေါ်ယူရန် တောင်ကိုရီးယားအလုပ်ရှင်များ စိတ်ဝင်စားမှုမြင့်တက်နေ
၂။ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ ပိတ်ရက်တစ်ရက်လျှင် လူဦးရေသုံးထောင်ဝန်းကျင်လာရောက်လည်ပတ်
၃။ မိုးနှောင်းကာလ စက်တင်ဘာလနှင့်အောက်တိုဘာလတွင် မြစ်ရေများစိုးရိမ်ရေအမှတ်အထက်ကျော်လွန်နိုင်
၄။ နိုင်ငံတကာ စပျစ်နှင့်ဝိုင်ပွဲတော်ကို ဥဇဘက်ကစ္စတန်တွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မွန်နဲ့ကရင်ပြည်နယ်အစပ်မှာရှိတဲ့ ဂျိုင်းဇာသပြင်တံတားကို ဂျပန်နိုင်ငံက ပညာရှင်တွေနဲ့ အသစ်တည်ဆောက်နေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 28 August 2024
#ဂျိုင်းဇာသပြင်တံတား #ဂျပန်နိုင်ငံမှပညာရှင်တည်ဆောက်
#YMG/NN #Yangon_Times
တောင်ငူမြို့မှာ မိုးသည်းထန်ပြီး စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်နေတဲ့အတွက် ရေဘေးသင့်ပြည်သူတွေကို ရေဘေးကယ်ဆယ်ပေးနေရတယ်လို့ တောင်ငူအခြေစိုက်ပရဟိတအသင်းတွေထံမှ သိရပါတယ်။
#Local_News
Published 28 August 2024
#စစ်တောင်းမြစ်ရေကြီးနေ #ရေဘေးသင့်သူများကိုကယ်ဆယ်
#YMG/tthl #Yangon_Times
#Local_News
Published 28 August 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်း၌ ခြောက်ဘီးကုန်တင်ယာဉ်နှစ်စီးတိုက်မိ၍ တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ် ၂၈ရက်နေ့၊ မနက်၅နာရီ ၅၀ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂/၀)နှင့် (၉၂/၁)ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Hino Ranger အမျိုးအစား(၆)ဘီး ကုန်တင်ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော Nissan Condor အမျိုးအစား(၆)ဘီး ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြိုချောင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း၊ ယင်းယာဉ်တိုက်မှုကြောင့် Nissan Condor ယာဉ်ပေါ်ပါ ယာဉ်မောင်းကျား(၁)ဦး (သေဆုံး)နှင့် ယာဉ်နောက်လိုက်ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် မြိုချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မိုးနှောင်းကာလ စက်တင်ဘာလနဲ့အောက်တိုဘာလမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့မြစ်အချို့ရဲ့ မြစ်ရေတွေစိုးရိမ်ရေအမှတ်အထက်ကျော်လွန်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 28 August 2024
#မိုးနှောင်းကာလ #စိုးရိမ်ရေအမှတ်အထက်ကျော်လွန်
#YMG/tthl #Yangon_Times
Page 155 of 1867