#Local_News
Published 30 August 2024
▪️ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ခြောက်ခုမှ မြွေအကောင်ရေ ၁,၆၀၀ ဝယ်ယူလိုကြောင်း ဆေးဝါး စက်ရုံ(အင်းစိန်)မှ ထုတ်ပြန်ကြေညာထားသည်။
▪️ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများမှ ဖမ်းဆီးရမိသည့် မြွေပွေးအကောင်ရေ ၁,၂၀၀ နှင့် မြွေဟောက်အကောင်ရေ ၄၀၀ ဝယ်ယူလိုခြင်း ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ ဝယ်ယူမည့် မြွေများမှာ တစ်ကောင်လျှင် ငါးဆယ်ကျပ်သားနှင့် အထက်ရှိရမည်ဖြစ်ပြီး မြွေပွေးတစ်ကောင်ကိုတစ်သောင်းကျပ်နှင့် မြွေဟောက်တစ်ကောင်ကိုကျပ်တစ်သောင်းခွဲ သတ်မှတ်ထားကာ အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်၊ ဆေးဝါးစက်ရုံလမ်းရှိ ဆေးဝါးစက်ရုံ(အင်းစိန်)ကို အရောက်ပေးပို့ရမှာ ဖြစ်ကြောင်း၊ ရောင်းချလိုသည့် အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 August 2024
▪️ အိမ်သုံးမီတာခများနှင့် လုပ်ငန်းသုံးမီတာခများကို စက်တင်ဘာလ (၁)ရက်နေ့မှစတင်ပြီး တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒီကနေ့သြဂုတ်လ(၃၀)ရက်တွင် တရားဝင်ထုတ်ပြန် လိုက်ကြောင်းသိရသည်။
▪️ ယခုလိုလျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံရသည်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်များ နှစ်အလိုက် မြင့်မားလာသောကြောင့် ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံတာဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
▪️ အိမ်သုံးအမျိုးအစားလျှပ်စစ်မီတာခအတွက် ဓာတ်အားခကို (၁) ယူနစ်မှ (၅၀) ယူနစ်အထိ ၅၀ ကျပ်၊ (၅၁) ယူနစ်မှ (၁၀၀) ယူနစ်အထိ ၁၀၀ ကျပ်၊ (၁၀၁) ယူနစ်မှ (၂၀၀) ယူနစ်အထိ ၁၅၀ ကျပ်၊ (၂၀၁) ယူနစ်နဲ့အထက် ၃၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။
▪️ အရင်က အိမ်သုံးလျှပ်စစ်မီတာခတွေဟာ (၁) ယူနစ်မှ (၅၀) ယူနစ်အထိ ၃၅ ကျပ်၊(၃၁)ယူနစ်မှ(၅၀) ယူနစ်အထိ ၅၀ ကျပ်၊(၅၁)ယူနစ်မှ(၇၅)ယူနစ်အထိ ၇၀ ကျပ်၊(၇၆)ယူနစ်မှ(၁၀၀)ယူနစ်အထိ ၉၀ ကျပ်၊ (၁၀၁) ယူစနစ်မှ (၁၅၀)ယူနစ်အထိ ၁၁၀ ကျပ်၊(၁၅၁)ယူနစ်မှ(၂၀၀)ယူနစ်အထိ ၁၂၀ ကျပ်၊ (၂၀၁) ယူနစ်နဲ့အထက် ၁၂၅ ကျပ်သာ ကောက်ခံခဲ့သည့်အတွက် အခုဆိုရင်အိမ်သုံးလျှပ်စစ်မီတာခဟာ နှစ်ဆနီးပါးတိုးမြှင့်သွားမည်ဟုဆိုသည်။
▪️ ယင်းအပြင် လုပ်ငန်းသုံးအမျိုးအစားအတွက် တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်မီတာခမှာ (၁)ယူနစ်မှ (၅၀၀၀) ယူနစ်အထိ ၂၅၀ ကျပ်၊ (၅၀၀၁)ယူနစ်မှ (၂၀၀၀၀)ယူနစ်အထိ ၄၀၀ ကျပ်၊ (၂၀၀၀၁) ယူနစ်နဲ့အထက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။
▪️ အရင်ကောက်ခံခဲ့သည့် လုပ်ငန်းမီတာခများအဖြစ် (၁)ယူနစ် မှ(၅၀၀)ယူနစ်အထိ ၁၂၅ ကျပ် အနည်းဆုံးမှ (၁၀၀၀၀၁) ယူနစ်နှင့်အထက်ကို တစ်ယူနစ်လျှင် ၁၈၀ ကျပ်ဖြင့်သာ အများဆုံးကောက်ခံခဲ့ခြင်းဖြစ်၍ အိမ်သုံးလျှပ်စစ် မီတာခတွေက (၂)ဆနီးပါး၊ လုပ်ငန်းသုံးမီတာခများမှာမူ (၃)ဆနီးပါး တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Daily_News
Published 29 August 2024
၁။ ရွှေစည်းခုံစေတီရင်ပြင်ရှိ အင်္ဂတေလွှာအချို့ဖယ်ရှားပြီး မူလသဲကျောက်ပြားလက်ရာများကိုဖော်ထုတ်ပြသနေ
၂။ အိန္ဒိယနိုင်ငံတွင်ပြုလုပ်မည့် မြင်းစီးတန်းခုန်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား ဝင်ရောက်ယှဉ်ပြိုင်မည်
၃။ ပြည်ပတက္ကသိုလ်များတွင် Scholar ရလိုသူများနှင့် ပညာသွားသင်လိုသူများအတွက် နိုင်ငံတကာပညာရေးပြပွဲကျင်းပမည်
၄။ ယူကရိန်းနယ်စပ်ရှိ ရုရှားမြို့ရှိနျူကလီးယားဓာတ်အားပေးစက်ရုံတိုက်ခိုက်ခံရပါက နောက်ဆက်တွဲအန္တရာယ်များရှိလာနိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပတ်စ်ပို့ကြေး(နိုင်ငံကူးလက်မှတ်စာအုပ်) စက်တင်ဘာ(၁)ရက်မှစပြီး အရင်ကျပ်(၃၅၀၀၀)မှ
အခုကျပ်(၄၀၀၀၀)ပြောင်းလဲကောက်ခံဖို့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 29 August 2024
#ပတ်စ်ပို့ကြေး #ပြောင်းလဲကောက်ခံ
#YMG/tthl #Yangon_Times
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးမှာ တည်ရှိတဲ့ ဝင်္ဂဘော် ECBTဆင်စခန်းမှာ မြန်မာနိုင်ငံရဲ့ ၁၁ကြိမ်မြောက်ဆင်အမွှာ မွေးဖွားမှုဖြစ်တဲ့ ဆင်အမွှာလေးနှစ်ကောင်ကို အခုရက်ပိုင်းအတွင်းမွေးဖွားခဲ့တယ်လို့ ဆင်စခန်းက သိရပါတယ်။
#Local_News
Published 29 August 2024
#ဆင်အမွှာလေးနှစ်ကောင် #ဝင်္ဂဘော်ဆင်စခန်း၌မွေးဖွား
#YMG/NN #Yangon_Times
အမေရိကန်၊ UK၊ ဂျပန်၊ အာရှတက္ကသိုလ်တွေမှာ ပညာသင်ဆုနဲ့ ပညာသင်ကြားခွင့်ရလိုသူများအတွက် နိုင်ငံတကာပညာရေးပြပွဲကြီး ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 29 August 2024
#နိုင်ငံတကာပညာရေးပြပွဲ #ပြည်ပတက္ကသိုလ်
#YMG/tthl #Yangon_Times
#Local_News
Published 29 August 2024
▪️ ရန်ကုန်-ပြည်လမ်းတွင် YBS ယာဉ်နှင့် ကုန်တင်ယာဉ်တိုက်မှုတစ်ခု ယနေ့မနက်ပိုင်းကဖြစ်ပွားခဲ့ရာ YBS ယာဉ်မောင်းညပ်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဩဂုတ်၂၉ရက် မနက်၉နာရီ ၄၆မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရဲစုတောင်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းတွင် YBS ယာဉ်နှင့် ကုန်တင်ယာဉ်တိုက်မှုဖြစ်ပွားပြီး YBS ယာဉ်မောင်းညပ်နေခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ညပ်နေသူ YBS ယာဉ်မောင်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မနက် ၁၀နာရီ ၃၄ မိနစ်အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ကြက်ခြေနီအသင်းမှသူနာတင်ယာဉ်ဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 154 of 1867