#Local_News
Published _ 6 october 2022
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ Yangon Book Plazaမှ စာအုပ်များကို ဈေးလျှော့ရောင်းပေးမည့် စာအုပ်ပွဲတော်ကျင်းပသွားမည်ဟု Yangon Book Plaza ရဲ့တာဝန်ရှိသူထံမှသိရသည်။
သီတင်းကျွတ်အထိမ်းအမှတ်အနေဖြင့် လျှော့စျေးများနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူမှ YMG ကို အခုလိုပြောကြားခဲ့သည်။
"စာအုပ်ပွဲတော်ကို သီတင်းကျွတ်အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့ကနေနေ့ ၁၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ငါတို့စာပေတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေက ၂၀ ရာခိုင်နှုန်းနဲ့ တခြားစာပေတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေကို ၁၀ ရာခိုင်နှုန်း လျှော့ပေးမှာပါ" ဟု Yangon Book Plaza ရဲ့မန်နေဂျာက ပြောသည်။
ယခုလို လျှော့ဈေးနှင့် စာအုပ်ရောင်းပေးသည့်အတွက် စာဖတ်ပရိသတ်များအနေဖြင့် အဆင်ပြေနိုင်ကြောင်း သူက ဆိုသည်။
ဒါ့အပြင် စာအုပ်လေးအုပ်လျင် ကျပ်တစ်ထောင်၊ သုံးအုပ်လျင် ကျပ်တစ်ထောင်၊ တစ်အုပ်လျင် ငါးရာကျပ်၊ ရုပ်ပြစာအုပ် တစ်အုပ်လျင် ကျပ်တစ်ထောင်ဖြင့် ရောင်းချပေးသည့် အစီအစဉ်လည်းရှိကြောင်း သိရသည်။
Yangon Book Plaza ဟာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံဈေး၊ ငါးလွှာမှာ ရှိပြီး ယခင်ကလည်း စာအုပ်ပွဲတော်တွေ ကျင်းပခဲ့ကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _6 October 20222
ယင်းမှာ ကုမ္ပဏီဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရဖြစ်ပြီး လတ်တလောတွင် Puma Energy Asia Sun (PEAS) နှင့် National Energy Puma Aviation Services (NEPAS) တို့ရှိ အစုရှယ်ယာများကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုထံရောင်းချရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
National Energy Puma Aviation Service (NEPAS) အမည်ရှိ ဖက်စပ်ကုမ္ပဏီကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ထူထောင်ခဲ့ကာ လေယာဉ်ဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Puma စွမ်းအင်ကုမ္ပဏီ အနေဖြင့် Asia Sun Energy (ASE) နှင့် အကျိုးတူ ပူးပေါင်းပြီး Puma Energy Asia Sun (PEAS) အမည်ဖြင့် မြန်မာ့ရေနံထွက်ကုန်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ပြီးလေယာဉ်ဆီအပါအဝင် အခြားလောင်စာဆီ တင်သွင်းရောင်းချခြင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှစတင်၍ ဖြန့်ဖြူးပေးနေသည့် ပြည်ပစွမ်းအင်ကုမ္ပဏီလည်း ဖြစ်သည်။
Puma စွမ်းအင်ကုမ္ပဏီက ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းကစ၍ မြန်မာနိုင်ငံရှိ ယင်းတို့၏ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သေးသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_6 October 2022
အခြေခံစားသောက်ကုန်ပစ္စည်းတစ်ခုဖြစ်သည့် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၇၀၀၀ ဝန်းကျင်သို့ကျဆင်းလာကြောင်း ဈေးကွက်အတွင်းရှိ ရောင်းသူဝယ်သူများထံမှ သိရသည်။
ယင်းအပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး ယခုတစ်ပါတ်တွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၀၂၀ ကျပ် ဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ်ထက် ၆၀၀ ကျော်ကျဆင်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဈေးကွက်အတွင်း၌ အခြေခံစားသောက်ကုန်အချို့မှာ ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။
“ဈေးကတော့ အရမ်းကြီးကျတယ်လို့လည်းမဟုတ်ဘူး။ ကြက်သွန်ဈေးဆိုရင်လည်းကျလာပြီ။ ဆီဆိုရင်လည်း တဖြည်းဖြည်းချင်းကျနေပြီပေါ့။ ဘာပဲပြောပြောကုန်ဈေးနှုန်းကိုကျစေချင်တယ်။ ဒါမှလည်း အဆင်ပြေမှာ”ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အိမ်ရှင်မတစ်ဦးကပြောသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထုတ် ပြန်ထားသည်။
ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းကျဆင်းလာသော်လည်း ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီဈေးနှုန်းမှာတော့ ကုန်ကြမ်းရှားပါးခြင်းကြောင့် ဆက်လက်ဈေးမြင့်တက်နေခြင်း ဖြစ်သည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထားတင်သွင်းနေရကြောင်း သိရသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _6 October 20222
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အိမ်အမှတ် အ၁ /၆၄ ၊ ၇၂ လမ်း၊၁၁၈လမ်းနှင့် ၁၁၈ A လမ်းအကြားရှိ နေအိမ်ဆေးဆိုင်တစ်ဆိုင်တွင် ယနေ့ အောက်တိုဘာလ ၆ ရက်နံနက် ၅ နာရီခန့်က အနုကြမ်းစီးကာ အမျိုးသမီးနှစ်ဦးအား သတ်ဖြတ်သွားသည့်အမျိုးသားတစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
အနုကြမ်းစီးသူက ဆေးဝယ်လို၍ တံခါးဖွင့်ပေးရန်ပြောဆိုသည့် အတွက် တံခါးဖွင့်ပေးစဉ်တွင် အဆိုပါ အမျိုးသမီးနှစ်ဦးကိုသတ်၍ နေအိမ်ရှိပစ္စည်းနှင့်ငွေများကို ယူဆောင်သွားကြောင်း၊ လူသတ်၍ အနုကြမ်းစီးသွားသူများကို မှတ်တမ်းများဖြင့် လိုက်လံရှာဖွေဖမ်းဆီးရမိထားကြောင်းလည်း သိရသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၂လမ်း၊ ၁၁၈လမ်းနှင့် ၁၁၉လမ်းကြားတွင် အသက်ခြောက်ဆယ်အရွယ် မိခင်ဖြစ်သူနှင့် သမီးနှစ်ဦးအပါအဝင် သုံးဦးအတူ နေထိုင်၍ အိမ်ရှေ့တွင် ဆေးအရောင်းဆိုင် ဖွင့်လှစ်ထားရှိသည့် နေအိမ်ဖြစ်ကြောင်း၊ သမီးအငယ်နှင့်မိခင်ဖြစ်သူ နှစ်ဦးသာရှိနေချိန်တွင် လူသတ်ပစ္စည်းလုယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူများမှာ သားအမိနှစ်ဦးဖြစ်ပြီး သမီးမှာ အသက်နှစ်ဆယ်ခန့်အရွယ်၊ မိခင်မှာအသက်ခြောက်ဆယ်ခန့်အရွယ်တို့ ဖြစ်ကြောင်း ၊အဆိုပါနေအိမ်၌ သားအမိ သုံးဦးနေထိုင်ကြခြင်းဖြစ်ပြီး နောက်ထပ် သမီးတစ်ဦးမှာ အခင်းဖြစ်ပွားစဉ်တွင် နေအိမ်၌ ရှိမနေခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _6 October 20222
မှတ်တမ်းရိုက်ကူးသူ ဂျပန်နိုင်ငံသား Toru Kubota ကို ထောင်ခုနစ်နှစ်ချမှတ်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းကိုရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ နှင့် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးပုဒ်မ ၃၃(က)အရ နှစ်မှုပေါင်းပြီး တစ်ပေါင်းတည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းဖြစ်ကြောင်း၊ လဝက ၁၃(၁)အတွက် တရားရုံးစစ်ဆေး ဆဲဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
သြဂုတ် ၁၆ ရက်က ယင်း အဖမ်းခံထားရသည့် မှတ်တမ်းရိုက်ကူးသူဂျပန်နိုင်ငံသားကို အမှုအားလုံးပြတ်မှ လုပ်သင့်သည်ကိုလုပ်မည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ခဲ့သေးသည်။
မစ္စတာ Toru Kubota ဆိုသူမှာ အသက် ၂၆ နှစ်အရွယ်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်(တောင်ပိုင်း) City Max အနီး ဆန္ဒပြမှုတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် Mr. Hiromichi Watanabe တို တွေ့ဆုံရာတွင် မစ္စတာ Toru Kubotaတိုရုကူဘိုတာ၏အမှုကိစ္စကိုလည်း ပြောဆိုခဲ့ကြသေးကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 6 October 2022
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၂၄ ဦးဟာ ယနေ့ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။
ကုန်ထုတ် Re-entry လုပ်သား ၁၁၀ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry လုပ်သား ၁၄ ဦးဟာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရောက်ရှိလာသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိမှ ကြိုဆို၍ အလုပ်သမားများ သိရှိလိုက် နာသင့်သည့်အချက်များအား မှာကြားခဲ့ပြီး လိုအပ်တာတွေ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။
တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးနှင့် ပြီးခဲ့သည့် စက်တင်ဘာလတွင် ၉၇၈ ဦးတို့ကို တရားဝင်ဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်၊၊
#ymg/NN
#Yangon_Media_Group
#Local_News
Published _5 October 2022
မွန်ပြည်နယ်၊ ရေးမြို့နယ် ကမ်းခြေတစ်ခုမှာ အကြီးဆုံးငါးမန်းမျိုးနွယ် ဝေလငါးမန်းတစ်ကောင်ကို အောက်တိုဘာလ ၄ ရက်မှာ ဒေသခံတွေက တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1475 of 1987