#World_Technology
Published 6 October 2022
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် 'အီလွန်မက်စ်' က လူသားဆန်စက်ရုပ် နောက်ဆုံးဗားရှင်းကို သောကြာနေ့က ပြသခဲ့ပြီး တစ်နေ့နေ့မှာ ဆင်းရဲမွဲတေမှုတွေကို ဖယ်ရှားပစ်နိုင်မယ်လို့ ဆိုလိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_6 October 2022
ထိုင်းနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရေလွှမ်းမှုတွေဖြစ်ပေါ်ခဲ့ပေမယ့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သည်တွေထံမှ သိရှိရပါတယ်။
#Yangon_Media_Group
#Local_News
Published _6 October 20222
လောင်စာဆီ ဈေးနှုန်းကြီးမြင့်လာခဲ့တာကြောင့် ဆီစားနှုန်းသက်သာတဲ့ Yangon Water Bus ကို ဖြည့်တင်းပြင်ဆင်ပြီး ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ပြန်လည်ပြေးဆွဲမှု စတင်လိုက်ပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 6 October 2022
လက်ရှိအချိန်မှာ ကမ်ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးတွေက ဆက်တိုက်မြင့်တက်နေလျှက်ရှိတာကြောင့် အဝယ်ပါးနေပြီး အရောင်းအေးနေတယ်လို့ နေပြည်တော်ရှိ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 6 October 2022
၁။ ဒေါ်လာဈေးနှင့် ရွှေဈေးတက်နေ၍ အိမ်ခြံမြေဈေးကွက်ဘက်သို့ အာရုံစိုက်မှု နည်းလျှက်ရှိနေ
၂။ Yangon Water Bus ပြန်လည်ပြေးဆွဲမှု ယနေ့စတင်
၃။ ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော်လည်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေ
၄။ လူသားဆန်ပြီး လက်တွေ့အသုံးဝင်နိုင်မည့် စက်ရုပ်အား 'အီလွန်မက်စ်' မိတ်ဆက်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_6 October 2022
သီလဝါဆိပ်ကမ်းကို စက်သုံးဆီဂါလန် ငါးသန်းကျော် ထပ်မံရောက်ရှိလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_6 October 2022
ရန်ကုန်မြို့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်တွင် ယနေ့အောက်တိုဘာလ ၆ ရက်က တင်ဒါဖြင့်ရောင်းချခဲ့သည့် ရွှေတုံးနှင့်ရွှေစင်ခဲများကို ရွှေကုန်သည်များက ဈေးပြိုင်ပေး၍ ဝယ်ယူခဲ့ကြကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။
"ကြမ်းခင်းဈေး တစ်ကျပ်သားကို ၂၄ သိန်း နဲ့ဖွင့်ထားတယ်။အပြင်မှာ ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ တစ်ကျပ်သားကို ၂၆ သိန်း ဝန်းကျင်လောက်ရှိနေတယ်။ဒီနေ့ တင်ဒါမှာ တစ်ပိဿာစီခွဲရောင်းယ်။တစ်ပိဿာစီ ခွဲပြီး lot နံပါတ် 99900 က တစ်ကျပ်သားကို ၂၅ သိန်း သုံးသောင်းခွဲ lot နံပါတ် 999900 က ၂၅ သိန်း ၆ သောင်း ၊ lot နံပါတ် 9999900 က ၂၄ သိန်း နဲ့ လေလံ ရခဲ့ကြတယ်"ဟု ရွှေလုပ်ငန်းရှင်တစ်ဦး YMG ကို ပြောသည်။
ယနေ့တွင် ရန်ကုန်နှင့် မန္တလေးတို့တွင် ရွှေတုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီရောင်းချပေးသွာမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာထားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ယနေ့ ဒင်္ဂါးပြား တစ်ကျပ်သား ဈေးနှုန်းမှာ ၂၄ သိန်း ဖြစ်ပြီး နောက်နေ့များတွင်လည်း ဆက်လက် ရောင်းချနေမည် ဖြစ်ကြောင်း၊ဈေးနှုန်းမှာ တက်ဈေး၊ကျဈေး ရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က ပထမအကြိမ်အဖြစ် ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ထုတ်ရောင်းပေးခဲ့သော်လည်း ကြမ်းခင်းဈေးမှာ ၂၅ သိန်း ခွဲ ဖြစ်သောကြောင့် ယင်းအချိန်က ရွှေဈေးအကျဘက်ကို ရောက်လာနိုင်မည်ဟု သုံးသပ်ကာ တင်ဒါဝယ်ယူသူ မရှိခဲ့ပေ။
ymg/mt
#Yangon_Media_Group
Page 1474 of 1987