#Local_News
Published_ 7 October 2022
အောက်တိုဘာလ(၈)ရက်မှ (၁၂)ရက်အတွင်း မြန်မာနိုင်ငံမှ မုတ်သုန်လေအပြီးဆုတ်ခွာသွားဖို့ ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_7 October 2022
နစက အစိုးရကနေ ရွှေစင်၊ ရွှေတုံးများထုတ်ရောင်းပေးနေတာကြောင့် ရွှေဈေးနှုန်းဟာ ငြိမ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_7 October 2022
ဒီနှစ်ပွင့်လင်းရာသီအစမှာ ပြည်တွင်းခရီးသွားလုပ်ငန်းဟာ သိသာစွာတိုးတက်လာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 7 October 2022
မြန်မာ့ပင်လယ်ပြင်မှာ ငါး၊ ပုစွန် ဖမ်းဆီးတာကို ရုရှားနိုင်ငံနဲ့ နည်းပညာ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 7 October 2022
၁။ ငါး ပုစွန် ဖမ်းဆီးမှုအား ရုရှားနိုင်ငံမှနည်းပညာဖြင့် လုပ်ဆောင်သွားမည်
၂။ ပြည်တွင်းခရီးသွားလုပ်ငန်း နှစ်လအတွင်း သိသာစွာတိုးတက်လာမည်ဟု UMTA ဥက္ကဋ္ဌပြော
၃။ အစိုးရမှ ရွှေစင်၊ ရွှေတုံးများထုတ်ရောင်းပေးနေခြင်းကြောင့် ရွှေဈေးငြိမ်နေခြင်းဖြစ်သည်ဟုဆို
၄။ တရုတ်ပြည်ရှိ အရုပ်စက်ရုံလုပ်ငန်းများ တိုးတက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_7 October 2022
ကွန်ပစ်ပြီး ငါးဖမ်းသူကိုကူညီတဲ့ ဧရာဝတီလင်းပိုင်ကို ကိုဗစ်ကာလက လေ့လာတဲ့သူတွေ လုံးဝမရှိသလောက် ဖြစ်သွားရာကနေ ဒီနှစ်ထဲမှာ ပြန်ပြီး လေ့လာနေကြတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_7 October 2022
ယခုဘဏ္ဍာနှစ်၏ ခြောက်လတာကာလအတွင် ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၇ ဘီလီယံရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချော တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၂ ဘီလီယံကျော်နှင့် နိုင်ငံပိုင်ကဏ္ဍ တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၉၆ ဘီလီယံကျော်ရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ပိုများကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။
မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် ၁၀ မျိုးမှာ စက်မှုကုန်ချောတစ်ခုဖြစ်သည့်ချုပ်ပြီး အထည်တင်ပို့မှုမှာ ပထမနေရာတွင် ရှိနေကြောင်း၊ စက်မှုကုန်ချောပစ္စည်းများတွင် ချုပ်ပြီးအထည်အပြင် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများ ပါဝင်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
Page 1472 of 1987