#LocalNews
Published_10 October 2022
လာမယ့် ၁၂ ရက်နေ့ ရန်ကုန်မြို့မှာ ရောင်းချမည့် မီးလင်းရွှေအတုံးအခဲ (၁၀) ပိဿာကျော်ရောင်းဈေးမှာ ပေါက်ဈေးထက် အနည်းငယ်လျှော့ရောင်းပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 10 October 2022
အင်ဒိုနီးရှားထုတ် Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲတွေမှာ ခွင့်မပြုတဲ့ပိုးသတ်ဆေးတစ်မျိုးတွေ့ရှိရလို့ ဘေးမကင်းကြောင်း နိုင်ငံရပ်ခြားကသတင်းတွေကို မြန်မာFDA ရရှိထားပြီဖြစ်လို့ မြန်မာနိုင်ငံက ဈေးကွက်အတွင်းတွေ့ရှိပါက ပြန်သိမ်းခိုင်းဖို့ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_10 October 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခြောက်လတာကာလအတွင်းမှာ ပြည်ပကို ပဲတန်ချိန် ၈ သိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၃၇ ဒသမ ၁၄ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 10 October 2022
၁။ ၆ လတာကာလအတွင်း ပြည်ပသို့ပဲတန်ချိန် ၈ သိန်းကျော်တင်ပို့ထား
၂။ Mie Sedaap တံဆိပ်ခေါက်ဆွဲများဘေးမကင်းသည့်နိုင်ငံရပ်ခြားသတင်းများ မြန်မာFDAရရှိထား၍ မြန်မာ့ဈေးကွက်အတွင်းတွေ့ရှိပါကပြန်သိမ်းခိုင်းမည်
၃။ ရောင်းချမည့် မီးလင်းရွှေအတုံးအခဲ (၁၀) ပိဿာကျော်ရောင်းဈေးမှာ ပေါက်ဈေးထက် အနည်းငယ်လျော့မည်ဟု YGEA ပြော
၄။ ၂၀၂၉ အာရှဆောင်းရာသီပြိုင်ပွဲကြီးအား ဆော်ဒီကန္တာရမြို့တော်ကြီးမှ လက်ခံကျင်းပသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 10 October 2022
ယာဉ်မတော်တဆမှုကြောင့်'ပွင့်နေခြည်'ဇာတ်အဖွဲ့သား သေဆုံးသူ(၁၁)ဦး၊ထိခိုက်ဒဏ်ရာရရှိသူယာဉ်မောင်းအပါအဝင်(၁၇)ဦးရှိခဲ့တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_10 October 2022
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် လေးလအတွင်း တွေဆုံဆွေးနွေးလိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ က အောက်တိုဘာလ ၁၀ ရက် (ယနေ့)တွင် ကမ်းလှမ်းချက်ထုတ်ပြန်လိုက်သည်။
လက်ရှိနိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသည့် ပြည်တွင်း၊ ပြည်ပ စစ်ပြေးရှောင်များ အမြောက်အများရှိခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ စိုက်ပျိုးရေးသီးနှံများ ဈေးကွက်မရှိခြင်း၊ စားဝတ်နေရေးကျပ်တည်းခြင်း၊ ခရီးသွားလာရေးခက်ခဲခြင်းတို့ မြေဇာပင် ပြည်သူများစွာ အတိဒုက္ခရောက်နေခဲ့ရကြောင်း၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပြဿနာများ ဖြေရှင်းရန် ပေါ်လစီချမှတ်ထားခြင်းဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊အထင်မှားမှုများကို လျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရေးနှင့် လူထု၊တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ရေးတို့အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်စာတွင် ပါရှိသည်။
ယင်းတို့အနေဖြင့် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးခြင်းမှ မဟာမိတ်ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အထိ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သောကြောင့်ဖြစ်ကြောင်း ၊ ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် အောက်တိုဘာလ ၁၀ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်အတွင်း RCSS အနေဖြင့် တွေ့ဆုံဆွေးနွေးမှုရန် သတ်မှတ်ထားကြောင်းလည်း အဆိုပါ ကမ်းလှမ်းစာအရ သိရသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးပြီးသား အဖွဲ့လည်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_10 October 2022
ကိုဗစ်-၁၉ ကာလအလွန် ထိုင်းနိုင်ငံသို့ တရားဝင်လုပ်သားဦးရေ ၅၆၀၀၀ ကျော်စေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် ကပ်ရောဂါကာလအလွန် MoU လုပ်ငန်းစဉ်များ ပြန်လည်စတင်ခဲ့ပြီး မေ ၁၀ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ MoU အလုပ်သမား စုစုပေါင်း ၅၆,၂၃၇ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားနေသည့် ၂၀၂၀ ပြည့်နှစ် မတ်လ အတွင်းက ရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ ထိုင်းနိုင်ငံက ပြန်လည်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် တရားမဝင်သွားရောက်သည့် လုပ်သားအများအပြားရှိနေကြောင်း၊ ယင်းကြောင့် MoU စနစ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံတွင် စနစ်တကျ နေထိုင်အလုပ်လုပ်ကိုင်နိုင်ခြင်း၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိဘဲ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိခံစားနိုင်ခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း အလုပ်သမားသံအရာရှိရုံးမှ အသိပေးထုတ်ပြန်ထားသည်။
ယင်းအပြင် ပြည်ပနိုင်ငံများတွင် တရားဝင်ရွှေ့ပြောင်းလုပ်ကိုင်လိုသူများအတွက် ပြည်တွင်း၌ ဖွင့်လှစ်ထားသော ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနများမှ နည်းလမ်းနှင့် အကြံဉာဏ်များ အခမဲ့ရယူနိုင်ကြောင်းလည်း အသိပေးထားသည်။
#ymg/sth
#Yangon_Media_Group
Page 1467 of 1987