#Daily_News
Published 05 September 2024
၁။ ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာမှငွေတစ်ဆု၊ ကြေးတစ်ဆုရရှိနေ
၂။ (၈) ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော်အတွက် စာရင်းပေးသွင်းနိုင်
၃။ ကျိုက်ထီးရိုးသို့ တစ်လအတွင်းပြည်တွင်းပြည်ပခရီးသွား(၂၀၀၀)နီးပါးဝင်ရောက်
၄။ နိုင်ဂျီးရီးယားစက်ဆရာ စွန့်ပစ်သံတိုသံစဖြင့် မော်တော်ဆိုင်ကယ်များကိုကိုယ်ပိုင်ဖန်တီးထုတ်လုပ်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုနှစ်ဩဂုတ်လအတွင်း ပြည်ပနိုင်ငံတွေကို ဒေါ်လာသန်း၁၀၀ကျော်တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၁ သိန်းကျော် တင်ပို့ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 05 September 2024
#ပဲမျိုးစုံတင်ပို့ #ပြည်ပနိုင်ငံ
#YMG/NN #Yangon_Times
ကျိုက်ထီးရိုးစေတီတော်သို့ သြဂုတ်လအတွင်း ပြည်တွင်းပြည်ပခရီးသွား(၂၀၀၀)နီးပါးဝင်ရောက်ခဲ့ပြီး အခုစက်တင်ဘာလထဲမှာလည်း တစ်ရက်ကို(၁၀၀)ဦးခန့်ဝင်ရောက်တယ်လို့ သိရပါတယ်။
#Local_News
Published 05 September 2024
#ကျိုက်ထီးရိုး #ခရီးသွား(၂၀၀၀)နီးပါးဝင်ရောက်
#YMG/tthl #Yangon_Times
(၈) ကြိမ်မြောက် သီတဂူစက္ခုဒါန- သီတဂူ မျက်စိအလှူတော်အတွက် စာရင်းပေးသွင်းနိုင်ပြီလို့ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)က သိရပါတယ်။
#Local_News
Published 05 September 2024
#သီတဂူစက္ခုဒါန #မျက်စိအလှူတော်
#YMG/NN #Yangon_Times
ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအမျိုးသားလက်ရွေးစင်အသင်းနဲ့ မြန်မာအမျိုး သမီးလက်ရွေးစင်အသင်းတို့ဟာ ငွေတံဆိပ်တစ်ဆု၊ ကြေးတံဆိပ်တစ်ဆုရရှိနေတယ်လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရပါတယ်။
#Local_News
Published 05 September 2024
#ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ #မြန်မာမှငွေတစ်ဆု၊ကြေးတစ်ဆုရ
#YMG/tthl #Yangon_Times
#Local_News
Published 5 September 2024
▪️ ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့် Special EPS စာမေးပွဲ အောက်တိုဘာလ အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှ သိရသည်။
▪️ တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်နှင့်အထက်လုပ်ကိုင်ခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ Special EPS စာမေးပွဲဖြေဆိုခွင့်ရှိသူများ၏ ဝင်ခွင့်စာရင်းကို စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်မှာ လက်ခံသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်မှ ၄ ရက်အထိစာမေးပွဲကို ကျင်းပပေးသွားမည်ဖြစ်ကာ ၈ ရက်တွင် အောင်စာရင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ လတ်တလောတွင် ကိုရီးယားနိုင်ငံတွင် နောက်တစ်ကြိမ်သွားရောက် အလုပ်လုပ်ကိုင်နိုင်စေရန် သီးသန့်ပြုလုပ်ပေးခဲ့သည့် အရည်အချင်းစစ် အထူးသီးသန့် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခွင့်ရှိသူ ၆,၀၁၁ ဦးရှိ ကြောင်း POEAမှ ထုတ်ပြန်ထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 September 2024
▪️ နှစ်နှစ်ခွဲကျော်ကာလကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC) တွင် မှတ်ပုံတင်လျှောက်ထားပြီးသည့် ကုမ္ပဏီ ၁၆၀၀ ကျော်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့အထိ နှစ်နှစ်ခွဲကျော် ကာလအတွင်း တရုတ်နိုင်ငံ GACC ၌ မှတ်ပုံတင်သည့် မြန်မာကုမ္ပဏီ ၁၆၀၈ ခုအထိ ရှိ ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် တရုတ်၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ရခြင်းဖြစ်သည်။
▪️ ထို့ကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ မြန်မာကုမ္ပဏီများ GACC တွင် မှတ်ပုံတင်နေခြင်းဖြစ်ကာ လက်ရှိအချိန်ထိ စိုက်ပျိုးရေးဦးစီးဌာန မှ ကုမ္ပဏီ ၁၄၄၇ ခု၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီနှင့် စက်ရုံ ၁၃၈ ခု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၄ ခုနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ ၉ ခုတို့ မှတ်ပုံတင်ထားခြင်းဖြစ် ကြောင်းသိရသည်။
▪️ အဆိုပါ ကုမ္ပဏီများမှ လျှောက်ထားသည့် မှတ်ပုံတင်လျှောက်လွှာစုစုပေါင်း ၃၂၅၃ ခုအထိ ရှိခြင်းဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ကုန်များ တင်ပို့ရာတွင် မှတ်ပုံတင်ရမည့် ကုန်စည်အမျိုးအစား၁၈ ခုထဲတွင် အသား၊ ရေထွက်ကုန်၊ နို့ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့် သစ်သီးခြောက်များပါဝင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 147 of 1867