#Local_News
Published_18 October 2022
ရန်ကုန်ဆိပ်ကမ်းတွင် စက်သုံးဆီတင်သင်္ဘောငါးစီး အပါအဝင် စုစုပေါင်း သင်္ဘော ၂၃ စီး ဆိုက်ကပ်ကာ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်နေကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန်ဆိပ်ကမ်း၌ ကွန်တင်နာတင်သင်္ဘောနှစ်စီး၊ အထွေထွေကုန်စည်တင် သင်္ဘော ၁၅ စီး၊ စက်သုံးဆီတင်သင်္ဘောငါးစီးနှင့် စားသုံးဆီသင်္ဘောတစ်စီးတို့ ပါဝင်ပြီး သင်္ဘောစုစုပေါင်း ၂၃ စီး ဆိုက်ကပ်ကာကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။
ကုန်သေတ္တာတင်သင်္ဘောများဖြင့် ဓာတ်မြေဩဇာအမျိုးမျိုး၊ အထည်အလိပ်၊ ဆေးနှင့်ဆေးပစ္စည်း၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်နှင့်ဆက်စပ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကော်စေ့ စသည်တို့ကို တင်သွင်းပြီး ရေထွက်ကုန်၊ ချုပ်ပြီးအဝတ်အထည်၊ ကောက်ပဲသီးနှံထွက်ကုန်၊ သစ်တောထွက်ကုန်နှင့်ရော်ဘာတို့ကို တင်ပို့လျက်ရှိကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ယခုလ(အောက်တိုဘာ) အတွင်း ရန်ကုန်ဆိပ်ကမ်းသို့ဝင်ရောက်သည့်လျာထား ကုန်သေတ္တာတင်သင်္ဘောများအနက် လက်ရှိအချိန်ထိ လျာထားချက်၏ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 18 october 2022
ယနေ့ နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်းတစ်ခုမှာ ဆိုင်ကယ်တစ်စီးအား တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အနက် ကျူးလွန်ခဲ့သည့် မော်တော်ယာဉ်ဘက်မှ တာဝန်ယူဖြေရှင်းပေးသွားမည်ဟု အကြောင်းပြန်လာကြောင်း ကူညီကယ်ဆယ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ်အချိန်က မုံရွာမြို့နယ်၊ မန္တလေးလမ်းပိုင်းရှိ မြေနဲရွာတံတားအနီးမှာ သံဃာပိုင် မော်တော်ယာဉ်တစ်စီးက ဆိုင်ကယ်တစ်စီးကို တိုက်မိကာ မောင်းပြေးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာပဲ ကားပေါ်ပါလာတဲ့ ဘုန်းကြီးက ရပ်ဖို့ပြောတယ်။ ဒါပေမယ့် မောင်းလာတဲ့ ကျောင်းသားက ကြောက်လန့်ပြီး မောင်းပြေးသွားတာလို့ပြောတယ်။ အခုဖြစ်သွားတဲ့အမှုအတွက် အစအဆုံး တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ နစ်နာသူတွေရဲ့မိသားစုတွေဆီကို ဆက်သွယ်လာပါတယ်" လို့ မုံရွာ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက YMG ကိုပြောသည်။
ဖြစ်စဉ်မှာ မြေနဲရွာတံတားအနီးရှိ နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် နှစ်ယောက်ပိုးစီးလာသော ကလစ်ဆိုင်ကယ်တစ်စီးအား 4w အမျိုးအစား အနက်ရောင်ကားက တိုက်မိပြီးနောက် မြောက်ဘက်(မုံရွာဘက်)သို့ မောင်းထွက်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _18 October 2022
နေတိုးနှင့် ဥရောပသမဂ္ဂတို့အပေါ်တွင် ပြင်သစ်၏ ရပ်တည်ချက်ကို ပြောင်းလဲရန်အတွက် ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် ပါရီမြို့လယ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ကြီးမားသည့် ချီတက်ဆန္ဒပြမှုကြီးကို ပြင်သစ်အမျိုးသားလွှတ်တော်၏ အမျိုးသားစုဝေးပွဲ လက်ထောက်ခေါင်းဆောင်ဟောင်း ဖလော်ရီယန် ဖီလီပေါ့တ် ဦးဆောင်သည့် လက်ယာယိမ်းပါတီဖြစ်သည့် The Patriots မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဥရောပတစ်ဝန်းတွင် လူနေမှုစရိတ်အကျပ်အတည်းများ ကြုံတွေ့လာရပြီးနောက် ပြင်သစ်နှင့် ဂျာမဏီအပါအဝင် အချို့ဥရောပနိုင်ငံများတွင် လူအများအပြား ချီတက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ဥရောပနိုင်ငံများ၌ ဆန္ဒပြမှုတွင် ရေနံချက်စက်ရုံများမှ အလုပ်သမားသမဂ္ဂများလည်း ပါဝင်ပူးပေါင်းခဲ့ကြသည်။ ထိုသို့ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် နေတိုးနှင့် ဥရောပသမဂ္ဂတို့ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။
ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် နေတိုးနှင့် ဥရောပသမဂ္ဂတို့သည် ယူကရိန်းဘက်မှ ရပ်တည်ပြီး ရုရှားနှင့် အတိုက်အခံများ ပြုလုပ်ခဲ့ကြသည်။ ရုရှားမှလည်း တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ ဥရောပအပေါ် စွမ်းအင်တင်ပို့မှုများကို ဖြတ်တောက်ခဲ့သည်။ ထိုသို့ စွမ်းအင်တင်ပို့မှု ဖြတ်တောက်လိုက်သည့်အခါ ဥရောပတစ်ဝန်း စွမ်းအင်ဈေးနှုန်းများမြင့်တက်လာပြီး လူနေမှုစရိတ် အကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့သည်။
ရုရှား၏ ဥရောပအပေါ် စွမ်းအင်တင်ပို့မှု ဖြတ်တောက်ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်၏ စွမ်းအင်ကုမ္ပဏီကြီး TotalEnergies က ဥရောပ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းရန် ကြိုးစားခဲ့သည်။ သို့သော် TotalEnergies ၏ ကြိုးပမ်းမှုသည် အရာမထင်ဘဲ ပြင်သစ်နိုင်ငံအတွင်းမှာပင် စက်သုံးဆီပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုင်ငံတွင်းဖြစ်ပွားနေသည့် စွမ်းအင်အကျပ်အတည်းနှင့်ပတ်သက်ပြီး ထိတ်လန့်ကြောက်ရွံမှု မရှိကြရန် ပြောကြားခဲ့သည်။
မြို့တော် ပါရီမြို့လယ်မှ ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် ဥရောပသမဂ္ဂအဖွဲ့မှ ပြင်သစ်ထွက်ခွာရန် ရည်ညွှန်းသည့် တောင်းဆိုချက် ဆိုင်းဘုတ်ငယ်များကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီး၊ ဆန္ဒပြသူအများအပြားသည် ပြင်သစ်နိုင်ငံတော်အလံကို ဝှေ့ယမ်းခဲ့ကြသည်။
ထို့အပြင် ဆန္ဒထုတ်ဖော်သူများသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည့် နေတိုးအဖွဲ့ကိုလည်း ဆန္ဒပြခဲ့ကြပြီး၊ နေတိုးအဖွဲ့သည် စီးပွားရေးကို အနှောက်အယှက်ပေးပြီး စွမ်းအင်နှင့် ကျန်းမားရေးကန့်သတ်ချက်များကို ဖြစ်ပေါ်စေခဲ့သည်ဟု ရှုတ်ချခဲ့ကြသည်။
ထောင်နှင့်ချီသည့် ဆန္ဒထုတ်ဖော်သူများသည် ပြင်သစ်နိုင်ငံ မြို့တော် ပါရီမြို့လယ်ရှိ ပါလီမန်အဆောက်အဦအနီးအထိ ဆန္ဒပြသခဲ့ကြပြီး၊ ပြင်သစ်အာဏာပိုင်များသည် အဆိုပါ ကြီးမားသည့် ဆန္ဒပြသူများနှင့်ပတ်သက်ပြီး မှတ်ချက်ပြုခြင်းမရှိခဲ့သလို ပြင်သစ်မီဒီယာများမှလည်း အဆိုပါဆန္ဒပြမှုများကို မဖော်ပြဘဲ လျစ်လျူရှုခဲ့ကြသည်။
နေတိုးနှင့် ဥရောပသမဂ္ဂတို့၏ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကြောင့် ပြင်သစ်နိုင်ငံသည် လက်ရှိအချိန်တွင် စွမ်းအင်အကျပ်အတည်းနှင့် ကြုံတွေ့ရလျက်ရှိနေပြီး၊ လာမည့် ဆောင်းရာသီတွင် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နိုင်ချေ မြင့်တက်နေသည်။
လက်ယာယိမ်း နိုင်ငံရေးသမားများကလည်း ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် အလုပ်မဖြစ်နိုင်ဘဲ စွမ်းအင်အကျပ်အတည်းများကြောင့် ပြင်သစ်ပြည်သူများနှင့် ဥရောပတစ်ဝန်းရှိ ပြည်သူများကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားထားကြသည်။
#Yangon_Media_Group
#Local_News
Published _18 October 2022
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ရဟတ်ယာဉ်အမှု ၅ ခုလုံးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စွဲချက်တင်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ယနေ့အောက်တိုဘာလ ၁၈ ရက်က နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ စွဲချက်တင်လိုက်ခြင်းဖြစ်ပြီး နောက်လာမယ့် ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။
"ဒီနေ့ စွဲချက်တင်တယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့၊ငါးမှုလုံးကိုပေါ့။လာမယ့် ရုံးချိန်းမှာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးဖို့ ရှိတယ်"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူ ပြောသည်။
မနေ့က အောက်တိုဘာလ ၁၇ ရက်တွင် အဆိုပါ အမှုများအတွက် ရှာဖွေသက်သေ နှစ်ဦးအား စစ်ဆေးကာ စွဲချက် တင်သင့် မတင်သင့် လျှောက်လဲချက် ပေးခဲ့ကြကြောင်း၊လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ထောင်ဒဏ်၂၆ နှစ် ချမှတ်ခံထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_18 October 2022
အဆင့်မြှင့်တင်နေသည့် အရိုးရောဂါအထူးကုဆေးရုံကြီးငါးထပ်အဆောက်အအုံသစ်ကို ယခုနှစ်ကုန် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
အဆိုပါ အဆောက်အအုံသစ်နှင့်အတူ(၈) ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာလည်း ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် အောက်တိုဘာလ ၁၇ ရက်က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကိုယ်တိုင်း သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
"လာမယ့်၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖွင့်လှစ်နိုင်ဖို့ ၊ ပြီးတော့ နိုင်ငံတကာအဆင့် ခေတ်မီဆေးရုံဖြစ်ဖို့နဲ့ လူနာတွေ စိတ်ချမ်းသာသာနဲ့ ကုသနိုင်ဖို့ အပါအဝင် ဆေးရုံသုံးပစ္စည်းတွေကို ထိန်းသိမ်းတာရော၊ ဝန်ထမ်းတွေရဲ့ စားသောက်နေထိုင်ရေး သက်သာချောင်ချိဖို့ စတာတွေကို ဝန်ကြီးက ပြောသွားတယ်၊ အဲဒီဆေးရုံကြီးမှာ ခါးရိုးခွဲစိတ် ကုသလူနာဆောင် ၊ သံလိုက်ဓာတ်မှန်ခန်း (MRI scan Room) တွေလည်း ပါတယ်"ဟု နစက သတင်းထုတ်ပြန်ရေး တာဝန်ရှိသူကပြောသည်။
အဆိုပါ ငါးထပ်အဆောက်အအုံသစ်ကို ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဟံသာဝတီလမ်းတွင် တည်ရှိသော နဂိုက အရိုးရောဂါအထူးကုဆေးရုံဝင်းအတွင်း အရိုး၊ အကြော၊ အဆစ်များ ပြန်လည်သန်စွမ်းရေးအတွက် လေ့ကျင့်ရေးဌာနအဖြစ် အသုံးပြုခဲ့သည့်နေရာတွင် တည်ဆောက်နေခြင်းဖြစ်သည်။
အာရ်စီ အမျိုးအစားဖြစ်ပြီး အလျား ၁၅၄ ပေ x အနံ ၉၁ ပေရှိကာ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ပကာလအဖြစ်၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ရရှိရန်ပုံငွေပေါ်မူတည်၍ အပြီး တည်ဆောက်သွားနိုင်ရန် ခန့်မှန်းထားခဲ့ကြသော်လည်း ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် အနည်းငယ် ကြန့်ကြာခဲ့ရခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 18 October 2022
ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၅၀ ဦးကို ယနေ့ အောက်တိုဘာလ ၁၈ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၅၀ ဦးဟာ ယနေ့မှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားရှိသည်။
ယနေ့ စေလွှတ်ခဲ့သည့် မြန်မာလုပ်သားများထဲ၌ ကုန်ထုတ်လုပ်သားအနေနှင့် လုပ်ကိုင်မည့် လုပ်သားသစ် ၁၂၆ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားအနေဖြင့် လုပ်ကိုင်မည့် လုပ်သားသစ် ၂၄ ဦး ပါဝင်ကြောင်း သိရှိရသည်။
ယခုလအတွင်း ငါးကြိမ်မြောက်အနေနှင့် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများကို စေလွှတ်ခြင်း ဖြစ်ပြီး အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၆၇၀ ဦး စေလွှတ်ပြီးဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရအနေနှင့် မြန်မာလုပ်သားများကို တရားဝင်ပြန်လက်ခံနေပြီး ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးနှင့် ပြီးခဲ့သည့် စက်တင်ဘာလမှာ ၉၇၈ ဦးတို့ကို တရားဝင်ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _17 October 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် နှစ်သိန်းခွဲတင်ပို့ဖို့ရှိတဲ့ အထဲက အခု အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဆန်တန်ချိန် နှစ်သောင်းကျော် ကို ကနဦး တင်ပို့တော့မှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1451 of 1986