#Health_Matters
Published - 22 Oct 2022
- ဆင်ရေယုံလို့ ဘာကြောင့်ခေါ်ကြတာလဲ။ ဘာဖြစ်လို့ ရောဂါတွေနှင့် တိရိစ္ဆာန်အမည်တွေ တွဲမှည့်တတ်ကြတာလဲ??
#Yangon_Media_Group
#Local_News
Published _22 October 2022
နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့(FATF) က ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် မြန်မာကို ကြေညာပြီးနောက် ပြည်ပတွင်ငွေစာရင်းဖွင့်ထားသူများ သတိထားရန် ပိုမိုလိုအပ်လာကြောင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများက ဆိုကြသည်။
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက သူ့အနေဖြင့် နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာပြီးနောက်စဉ်းစားစရာအချက်များစွာရှိကြောင်း၊ ယင်းတွင် Singapore အပါအဝင် ပြည်ပနိုင်ငံများတွင် ကုမ္ပဏီနှင့် ကိုယ်ပိုင် bank account ဖွင့်ထားသူများ၊ Digital currencies account ဖွင့်ထားသူများ ပိုမိုသတိထားရမည် ဖြစ်ကြောင်း ပြောသည်။
"ခိုင်လုံတဲ့ စာရွက်စာတမ်း ( invoice, BLs)မရှိဘဲငွေ transfer လုပ်လို့ရှိရင် bank account ပိတ်တာ ပိုဖြစ်လာမယ်။ အရင်ကလည်း အလုပ်လုပ်တဲ့ transaction များတဲ့ company တွေရဲ့ ဘဏ် account တွေပိတ်ခံထားရတာပါ။ အခုတော့ ပိုပိတ်ခံရပါမယ်။ TT လွှဲတဲ့ငွေ USD တွေကို ကြားခံဘဏ်(intermediate bank) ကနေ hold/ freeze လုပ်တာခံရနိုင်ပါတယ်။ ဟွန်ဒီသမားတွေလည်း သတိထားရပါမယ်။
တရားဝင်မဟုတ်တဲ့ အတွက် bank account ငွေလွှဲပြောင်းတဲ့အခါ AML နဲ့ ငြိတဲ့အတွက်ပါ။ USD နဲ့ တခြား currencies ငွေသား(cash) ကတော့ အရင်ကလည်း တရားဝင်လမ်းကြောင်းက ဝင်လာတာမဟုတ်တဲ့အတွက် အခုလည်းအရင်လိုပဲ တရားမဝင်လမ်းကြောင်းက ဆက်ဝင်ရောက်မှာပဲ ဖြစ်ပါတယ်။ Export အတွက်ကတော့ EU ကို Payment with DP နဲ့ ရောင်းသူတွေသတိထားရတော့မှာပါ။ ငွေပြန်မဝင်လာ နိုင်တဲ့အတွက်ပါ။ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ နှမ်းကတော့ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို CNY, THB နဲ့ဆက်သွားမှာပါ။ လောလောဆယ်လည်း ဘင်္ဂလားဒေ့ရှ်ကို တန် ၂ သိန်း( USD သန်း၉၀၀ ကျော်)ဆန်ရောင်းရာမှာ payment with CNY ကိုသုံးထားတာတွေ့ရပါတယ်။ ပဲအမျိူးမျိုးကတော့ အိန္ဒိယကို အဓိကတင်ပို့ပြီး တရုတ်ကိုလည်းတင်ပို့နေပါတယ်။
payment ကတော့ USD currency ကိုသုံးနေပါတယ်။
အထည်ချုပ်နဲ့ အခြား sector တွေကတော့ USD ကိုသုံးနေပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်ကတော့ Petrol China Company ကနေဝယ်နေပါတယ်။ payment ကို တစ်ဝက်တပျက် CNY နဲ့ပေးချေနေပြီဖြစ်တဲ့အတွက် အခုဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်း CNY နဲ့ပေး မယ်လို့ထင်ပါတယ်။စားအုံးဆီကတော့ USD နဲ့ပေးချေတဲ့အတွက် ဆက်ပေးလို့ရမရတော့မသိပါ။ တခြား currrency ပြောင်းသုံးနိုင်ပါတယ်။ ဆေးအမျိုးမျိုးကတော့ ပင်လယ်ရေကြောင်းအပြင် ထိုင်း transit နဲ့ ကုန်းလမ်းကနေလည်း ဝင်ရောက်တဲ့အတွက် payment ကို USD နှင့် THB သုံးလို့ရနိုင်ပါတယ်။Import တခြား item တွေကတော့ Thai transit နဲ့ဝင်ရောက်နေကြတာဖြစ်ပါတယ်။ Payment တွေကို Singapore က payment တွေကို တင်းကြပ်မယ်ဆို ထိုင်းမှာ COMPANY ထောင်ပြီး ထိုင်းဘဏ်တွေကို ပိုသုံးလာနိုင်ပါတယ်။ အရင်က နဝတ ခေတ်မှာ မြန်မာ့ငွေတွေက Singapore ဘဏ်မှာရှိနေပြီး Singapore အမြတ်ထွက်သလို အခု ထိုင်းဘဏ်တွေ အမြတ်ထွက်လာနိုင်ပါတယ်။ INGO တွေအနေနဲ့ကတော့ ပြည်ပကနေငွေဝင်လို့ရနေမှာပါ။ FATF က ပြောတာကတော့ Humatarian နဲ့ Legitimate အတွက် ငွေလွှဲပြောင်းမှုကိုမကန့်သတ်ဘူးလို့ဆိုပါတယ်။ Foreign Investment တွေကတော့ ဆက်သွားဖို့ ပိုခက်လာပါမယ်။ အထူးသဖြင့် အနောက်နိုင်ငံကကုမ္ပဏီတွေ Branded Company တွေကတော့ Black List နိုင်ငံမှာအလုပ် လုပ်တာဟာ ငွေကြေးခဝါမှုပါ ပါဝင်သလိုဖြစ်မှာ စိုးလို့ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်။ Export လုပ်ဖို့ခက်သလို Import လုပ်ဖို့ကလည်း ပိုပြီးခက်လာမှာပါ။ Counter measure လုပ်တဲ့အခါကျမှပါ။ အချိန်လိုသေးပါတယ်။ အဲလိုဆိုရင်တော့ China, Thailand and India နဲ့ပိုပြီးလုပ်လာရမှာပါ။အရေးအကြီးဆုံးအနေနဲ့သိထားရမှာကတော့ မြန်မာနိုင်ငံအနေနဲ့တော့ ဒီလိုအလားတူစာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလားတူနေခဲ့ဘူးတဲ့အတွေ့အကြုံရှိပါတယ်။ လက်ရှိအနေအထားရတော့ အလေးထားစိစစ်တာကို တိုးမြှင့်လုပ်ဆောင်တာ ( Enhance Due Diligence-EDD) အဆင့် မှာပဲ ရှိတဲ့အတွက် ငွေရေးကြေးရေး လွှပြောင်း ဆောင်ရွက်မှုတွေမှာ မေးခွန်းတွေပိုအမေးခံရတာ၊ အထောက်အထားအချက်အလက်တွေ ပေးရတာထက်မပိုပါဘူး၊ ကျန်ရှိတဲ့ အကောင်အထည်ဖော်ဆောင်ရွက်မယ့်အစီအမံ (Action Plan) ၁၁ ချက်ကို တိုးတက်မှု မပြနိုင်ခဲ့ရင်တော့ မြောက်ကိုရီးယား၊ အီရန်မှာရှိတဲ့ တိုးမြင့် အရေးယူဆောင်ရွက်တဲ့ ( Counter Measure) စာရင်းထဲ ရောက်သွားမယ်ဆိုမှသာ စီးပွားဆက်ဆံဆောင်ရွက်မှုတွေမှာ အခက်အခဲဖြစ်သွားနိုင်ပါတယ်"ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
#Yangon_Media_Group
#Local_News
Published_22 October 2022
ယနေ့ (အောက်တိုဘာ ၂၂ ရက်) တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးသည် အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သား လျှင် သိန်း ၂၀ အောက်ပြန်လည်ကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းအရ သိရသည်။
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် နေ့စဉ် ရည်ညွှန်းရွှေဈေးနှုန်းတွေကို ထုတ်ပြန်လေ့ရှိသော်လည်း ယခင်ထုတ်ပြန်နေကျ ဈေးနှုန်းတွေသည် ဈေးကွက်ပေါက်ဈေးနှင့် အလွန်အမင်းကွာဟလေ့ရှိပြီး အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းအရ ဈေးကွက်ပေါက်ဈေးနှင့် ပိုမို နီးစပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်ခြင်းကြောင့် လက်ရှိဈေးကွက်ထဲတွင် ရွှေဈေးနှင့် ဒေါ်လာဈေး မြင့်တက်ဖွယ်ရှိသော်လည်း ရည်ညွှန်းဈေးနှုန်းမှာ ကျဆင်းသွားခြင်းဖြစ်သည်။
ယနေ့အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေးနှုန်းမှာ ၁,၉၅၂,၀၀၀ ဖြစ်ပြီး အဆိုပါဈေးနှုန်းသည် ကြမ်းခင်းဈေးသာ သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခွင့်ပေးထားကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_ 22 October 2022
ဝေဖန်မှုတွေမြင့်တက်နေတဲ့ မယ်တော်ရုပ်ထုတွေ စေတီတော်ရင်ငွေ့လှုံ့ဖို့ကြိုတင်ခွင့်ပြုချက်တင်ထားခြင်းရှိ မရှိတာဝန်ကျဂေါပကထံမှစုံစမ်းနေတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 22 october 2022
မတ်ပဲ တစ်တန်ကို ၁၈သိန်းအောက်ထိ ဈေးပြန်ကျဆင်းနေပြီး ပဲစင်းငုံနီလည်း အနည်းငယ် ဈေးပြန်ကျဆင်းနေကြောင်း ကုန်စည်ဒိုင်တွေထံမှ သိရှိရသည်။
ငရုတ်သီးခြောက်ဈေးများ မြင့်တက်နေဆဲဖြစ်ပြီး နှမ်းမျိုးစုံဈေးက ကျဆင်းနေလျက်ပြီး ကြက်သွန်ဈေးများကလည်း ပြီးခဲ့သည့်ရက်ပိုင်းကစတင်ပြီး အနည်းငယ်ပြန်တက်လာကြောင်း သိရှိရသည်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင် အဖွင့်ဈေးတွေအရ မတ်ပဲတစ်တင်းကို ၅သောင်းနှင့် ခြောက်သောင်းအထက်မှာရှိနေပြီး ပဲစင်းငုံနီ တစ်တင်းကို ၆၃၁၈၅ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၂၅၅၀ ကနေ ၃၃၃၅ ကျပ်နဲ့ ပဲလွန်းဖြူ တစ်ပိဿာကို ၂၀၅၀ မှ ၂၁၇၀ကျပ်အထိ ရှိနေကြောင်း သိရသည်။
ကြက်သွန်နီဈေးက ၂၈၀၀ ကျပ် မှ ၃၅၀၀ ကျပ်ဝန်းကျင်ရှိနေပြီး ငရုပ်သီးခြောက်ဈေးက ၁၅၀၀၀ မှ ၂သောင်းကျော်ဝန်းကျင်အထိ ရှိနေသည်။
မန္တလေးကုန်စည်ဒိုင်ဈေးအရ နှမ်းနက်(စမုံ) တစ်အိတ်ကို ၂၃၅၀၀၀ မှ ၂၈၀၀၀၀ အထိရှိနေကာ နှမ်းဖြူတစ်အိတ်လျင် ၂၇၀၀၀၀ မှ ၂၈၅၀၀၀ကျပ်၊ နှမ်းညို တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၃၅၀၀၀ ကျပ်နဲ့ ပန်းနှမ်း တစ်အိတ် ၁၃၀၀၀၀ ကျပ်အထိရှိနေကြောင်း ကုန်စည်ဒိုင်များထံမှ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Publidhed_22 October 2022
မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်အတွက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် CO Form RCEP များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ကိုရီးယား၊ ဂျပန်နှင့်နယူးဇီလန်နိုင်ငံတို့ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့တွင် အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် နိုဝင်ဘာ ၁ ရက်မှစတင်ပြီး စိစစ်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူအဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည် Online CO Application System တွင်သတ်မှတ်ထားသည့်ရက်၌ လျှောက်ထားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_ 22 October 2022
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှတဆင့် လှူဒါန်းတဲ့ ကလေးများမှာထိုးနှံနိုင်တဲ့ ဖိုင်ဇာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၀၀,၀၀၀ doses နှင့် ဆေးထိုး အပ်များသည် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် လေယာဉ် ခရီးစဉ် TG-303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ပါတယ်။
အဆိုပါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လွှဲပြောင်းလက်ခံကြပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အခြေခံပညာကျောင်းသား/သူများကို ထိုးနှံ ပေးခဲ့ရာ အကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၉၄ ဒသမ ၃၅) ရာခိုင်နှုန်းရှိပြီး ကျောင်းပြင်ပ ကလေးများကို အကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၇ ဒသမ ၈၉) ရာခိုင်နှုန်းရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ယခုထိုင်းနိုင်ငံမှ လှူဒါန်းတဲ့ ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine များအား အသက် (၅) နှစ်မှ (၁၁) နှစ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသော အခြေခံပညာ ကျောင်းသား/သူများနှင့် ကျောင်းပြင်ပ ကလေးများကို ထိုးနှံပေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1442 of 1985