#World_Health
Published 27 July 2024


▪️ အသည်းရောင်-စီရောဂါ (HCV)ကို ကိုယ်တိုင်စစ်ဆေးနိုင်မယ့် ပထမဆုံးစမ်းသပ်နည်းကို WHO က အသိအမှတ်ပြုလိုက်ပြီး အသည်းရောင်ရောဂါကို ပိုမိုလွယ်ကူစွာ စစ်ဆေးနိုင်ကာ ရောဂါဖယ်ရှားနိုင်ရန် ရည်ရွယ်နေကြတာ ဖြစ်ပါတယ်။

 

▪️ ကမ္ဘာပေါ်မှာ နေ့စဉ်နေ့တိုင်း အသည်းရောင်ရောဂါကြောင့် လူ ၃၅၀၀ နှုန်းသေဆုံးနေကြပြီး ၂၀၂၂ နှစ်ကုန်အထိ အသည်းရောင်-စီရောဂါရှိသူ သန်း ၅၀ ထဲက ၃၆ ရာခိုင်နှုန်းသာ ရောဂါတွေ့ရှိခဲ့ကာ ၂၀ ရာခိုင်နှုန်းကသာ ကုသမှု ခံယူခဲ့ကြပါတယ်။

 

▪️ OraQuick HCV လို့အမည်ပေးထားတဲ့ ကိုယ်တိုင်စမ်းသပ်နည်းအသစ်ကို OraSure Technologies မှ ထုတ်လုပ်ထားပြီး ကြိုတင်အသိအမှတ်ပြု ရရှိထားပြီ ဖြစ်ပါတယ်။

 

▪️ လက်ထိပ်ဖောက်ခြင်းနဲ့ သွေးပြန်ကြော ဖောက်ခြင်းဖြင့် HCV ပဋိဇီဝပစ္စည်းကို ရှာဖွေခြင်းအတွက် ထိုနည်းလမ်းကို ယခင်ကတည်းက အသိအမှတ်ပြုထားပါတယ်။

 

▪️ ထိုနည်းလမ်းက မိနစ် ၂၀ အတွင်း တိကျတဲ့စစ်ဆေးမှုရလဒ်ကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

▪️ ထိုပစ္စည်းမှာ လူတိုင်းကိုယ်တိုင် အသုံးပြုနိုင်စေရန် ဖန်တီးထားပြီး လိုအပ်တဲ့ပစ္စည်းတွေ ပါဝင်ပါတယ်။

 

▪️ အသည်းရောင်-စီ ကိုယ်တိုင်စမ်းသပ်နည်းဟာ လက်ရှိစမ်းသပ်နည်းတွေကို ဖြည့်စွက်နိုင်မယ်လို့ ၂၀၂၁ တုန်းက WHO ထောက်ခံထားပါတယ်။

 

▪️ ကိုယ်တိုင်စမ်းသပ်နည်းဟာ လက်တွေ့စမ်းသပ်ထားကာ အလွယ်တကူ စမ်းသပ်ထိန်းချုပ်နိုင်စေရန် အားပေးနိုင်စေမယ်လို့ အမျိုးသားစီမံကိန်းတွေမှာ တွေ့ထားပါတယ်။

 

▪️ HCV ကို ကိုယ်တိုင်စစ်ဆေးနိုင်မယ့် နည်းလမ်းက WHO မှ ကြိုတင်အသိအမှတ်ပြုထားပြီး စီးပွားရေး အလယ်အလတ်မှ နိမ့်ပါးတဲ့နိုင်ငံတွေမှာ ပိုမိုသက်သာပြီး ဘေးကင်းတဲ့နည်းလမ်းဖြင့် အသုံးပြုလာနိုင်မှာဖြစ်ပြီး HCV ရောဂါရှိတဲ့ လူ ၉၀ ရာခိုင်နှုန်းမှာ ရောဂါတွေ့ရှိနိုင်ဖို့ အရေးကြီးကြောင်း WHO ကွပ်ကဲရေးဌာမှ ညွှန်ကြားရေးမှူး ဒေါက်တာ ရိုဂျဲရီယိုဂက်စ်ပါက ပြောပါတယ်။

 

▪️ WHO ကလည်း ဒီလိုစမ်းသပ်နည်းတွေကို ပိုမိုကျယ်ပြန့်စွာချမှတ်ပြီး အဖွဲ့အစည်းများနဲ့ အတူတကွ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

#Source: India Today