#WorldHealth

Published 13 January 2022

 

အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကြောင့် ဥရောပလူဦးရေတဝက်ကျော်ခန့်ဟာ ကိုဗစ်ရောဂါဖြစ်ပွားနေပေမယ့် တုပ်ကွေးလိုမျိုး ဒေသတွင်းပုံမှန်ရောဂါကူးစက်မှုအဖြစ် သတ်မှတ်ဖို့မသင့်ငသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

 

၂၀၂၂ ပထမအပတ်အတွင်း ဥရောပမှာ ကိုဗစ်ကူးစက်သူ ၇ သန်းကျော် တွေ့ရှိခဲ့ကာ ၂ ပတ်တာကာလကထက် ၂ ဆကျော်ပိုများလာကြောင်း WHO မှ ညွှန်ကြားရေးမှူး ဟန်းစ်ကလူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ဒီပုံစံအတိုင်းဆက်သွားပါက လာမယ့် ၆ ပတ်မှ ၈ ပတ်အတွင်း ဥရောပလူဦးရေ ၅၀ ရာခိုင်နှုန်းကျော်က အိုမီခရွန်ကူးစက်လာလိမ့်မယ်လို့ ကျန်းမာရေးတိုင်းတာအကဲဖြတ်အဖွဲ့အစည်းက ခန့်မှန်းထားကြောင်း ကလူးက ဆိုပါတယ်။

 

ဥရောပနဲ့ အာရှအလယ်ပိုင်းရှိ နိုင်ငံပေါင်း ၅၃ မှ ၅၀ နိုင်ငံမှာ အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုတွေ ပိုများလာပြီဖြစ်ပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲက အဆုတ်အင်္ဂါတွေထက် အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာ ပိုတွေ့ရပြီး အရင်မျိုးဗီဇကွဲတွေလောက် ရောဂါလက္ခဏာမပြင်းထန်ကြောင်း အထောက်အထားတွေ ပေါ်ထွက်လာပါပြီ။

 

ရောဂါကြောင့် အသက်သေဆုံးမှုနှုန်းက လျော့ကျလာပြီဖြစ်တာကြောင့် ကိုဗစ်ရောဂါပိုးဆင့်ကဲပြောင်းလဲပုံကို ပြောင်းလဲလေ့လာသင့်ပြီဖြစ်ပြီး တုပ်ကွေးကုသသလိုနည်းလမ်းမျိုး အသုံးပြုသင့်ကြောင်း စပိန်နိုင်ငံဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

 

ကိုဗစ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခြင်းမပြုတော့ဘဲ ဒေသတွင်းရောဂါတစ်ခုအဖြစ် သတ်မှတ်ကာ ရောဂါတွေ့ရှိမှုမှတ်တမ်းတင်ခြင်းတွေ ရောဂါလက္ခဏာပေါ်သူတိုင်း စစ်ဆေးခြင်းတို့ကို မပြုလုပ်သင့်ကြောင်း သတ်မှတ်သွားဖို့ဖြစ်ပါတယ်။

 

ဒါပေမယ့် WHO မှ ဥရောပဆိုင်ရာ အရေးပေါ်အရာရှိ ကက်သရင်းစမောဝုဒ်က ကိုဗစ်ရောဂါကို ဒေသတွင်းရောဂါအဖြစ် သတ်မှတ်ဖို့က အများကြီးလိုအပ်သေးကြောင်း၊ ရောဂါကူးစက်နှုန်းက တည်တည်ငြိမ်ငြိမ်နဲ့ ခန့်မှန်းလိုရတဲ့ အနေအထားဖြစ်ဖို့လိုကြောင်း ပြောသွားပါတယ်။

 

"မသေချာမရေရာမှုတွေ အများကြီးရှိနေပြီး ဗိုင်းရပ်စ်က အလျင်အမြန်ဆင့်ကဲပြောင်းလဲနေပါတယ်။ ဒေသတွင်းရောဂါအဖြစ် သေချာပေါက် သတ်မှတ်လို့မဖြစ်သေးပါဘူး။ ဒေသတွင်းရောဂါအဖြစ် နောင်တချိန်မှာ သတ်မှတ်လို့ရလာနိုင်ပေမယ့် ၂၀၂၂ အတွင်းတော့ မဖြစ်နိုင်သေးပါဘူး" လို့ စမောဝုဒ်က ဆိုပါတယ်။

Source: The Jerusalem Post.

#Yangon_Media_Group