#World_Health
Published 11 June 2024


▪️ အမျိုးသားအင်္ဂါသန်စွမ်းဆေး (Viagra)ဟာ ဆယ်ရီဘရယ် သွေးကြောမျှင်ရောဂါရှိတဲ့ သူတွေအတွက် ကောင်းကျိုးရှိစေနိုင်တယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီများ လေ့လာတွေ့ရှိထားပါတယ်။

 

▪️ ဒီရောဂါဟာ အသိဉာဏ်စွမ်းရည် ကျဆင်းခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ်များ၊ ဒီမန်ရှာတို့ ဖြစ်စေနိုင်ပါတယ်။

 

▪️ OxHARP စမ်းသပ်ချက်မှာ လေဖြတ်ခြင်းနဲ့ အလားတူ ဦးနှောက်သွေးကြော ရောဂါအခြေအနေ ခံစားနေရသူ ၇၅ ဦးကို စမ်းသပ်ခဲ့ပါတယ်။

 

▪️ ပါဝင်စမ်းသပ်သူတွေက ပျမ်းမျှအသက် ၇၀ ဝန်းကျင်ရှိပြီး အမျိုးသားအများစုဖြစ်ကာ Viagra အသုံးပြုခိုင်းတဲ့အဖွဲ့၊ သွေးကြောလုပ်ဆောင်ချက် ထောက်ပံ့ပေးတဲ့ cilostazol ဆေး အသုံးပြုခိုင်းတဲ့အဖွဲ့နဲ့ အာနိသင်မရှိတဲ့ဆေး အသုံးပြုခိုင်းတဲ့အဖွဲ့ဆိုပြီး အချိန် ၃ ပတ်တာ စမ်းသပ်ခဲ့ကြပါတယ်။

 

▪️ အဆင့်မြင့်ဓာတ်မှန်ပုံရိပ် နည်းပညာများ အသုံးပြုကာ ဦးနှောက်သွေးကြော စီးဆင်းမှုကုသမှုရဲ့ ထိရောက်မှုများကို အကဲဖြတ်ခဲ့ကြပါတယ်။

 

▪️ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏနဲ့ ပတ်သက်ပြီး သွေးကြောတွေရဲ့ တုန့်ပြန်နိုင်စွမ်းကို အလေးထား ကြည့်ရှုခဲ့ကြပါတယ်။

 

▪️ Viagra သောက်သုံးတဲ့သူတွေက ဦးနှောက်တွင်း သွေးစီးဆင်းမှု သိသိသာသာ မြင့်တက်တာကို တွေ့ရှိခဲ့ကြပါတယ်။

 

▪️ ဒါ့အပြင် ဦးနှောက်တွင်း သွေးကြောတုန့်ပြန်မှုတွေလည်း ပိုမိုအားကောင်းလာခဲ့ပါတယ်။

 

▪️ သွေးစီးဆင်းမှု ပိုမိုကောင်းမွန်လာပေမယ့် သွေးခုန်နှုန်းတော့ သိသိသာသာ ပြောင်းလဲတာမျိုး မရှိပါဘူး။

 

▪️ ဆေး ၂ မျိုးစလုံးဟာ ဘေးထွက်ဆိုးကျိုးတော့ရှိပြီး ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်တတ်ပါတယ်။

 

▪️ ဦးနှောက်လုပ်ဆောင်ချက် ကျဆင်းတဲ့ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ရောဂါလက္ခဏာ တိုးတက်စေနိုင်ပါတယ်။

 

▪️ ဦးနှောက်သွေးကြောမျှင်ရောဂါ ကုသရာမှာ Viagra ရဲ့အသုံးချပုံနဲ့ ရေရှည်အကျိုးကျေးဇူးများကို သိရှိဖို့ နောက်ထပ်လေ့လာရဦးမှာ ဖြစ်ပါတယ်။

 

#Source: The Jerusalem Post